ပစ္စုပ္ပန်က ချွေးစက်တွေဟာ အနာဂတ်ရဲ့ နှင်းဆီပွင့်တွေ..
=======================
အခုအချိန်မှာ ပင်ပန်းနေလား? အခုအချိန်မှာ နာကျင်နေလား? အခုအချိန်မှာ တိုက်ပွဲဝင်နေလား? ဒါဆိုရင် သေချာပါတယ်။ မဝေးတော့မယ့် အချိန်တစ်ခုမှာ သင်ရမယ့် အောင်မြင်မှုတွေဟာ သင့်ကို စောင့်ကြိုနေပါတယ်။
တစ်ခါတစ်လေမှာ ပင်ပန်းမှုတွေဟာ သင့်ရဲ့အားထုတ်မှုတွေကို ရပ်တန့်စေပါတယ်။ "ဒီလောက် ကြိုးစားနေတာ မရနိုင်သေးဘူးလား" လို့တွေးမိကောင်း တွေးမိဦးမယ်။ ဒါပေမယ့် စိတ်မပျက်ပါနဲ့။ မကြိုးစားဘဲ အောင်မြင်ခဲ့တဲ့သူဆိုတာ မရှိပါဘူး။ ဒီလိုပဲ သင့်ရဲ့ အားထုတ်မှုတွေတိုင်းဟာလည်း အောင်မြင်မှုတွေဆီကို ဦးတည်နေတယ်ဆိုတာ မမေ့လိုက်ပါနဲ့။ "သင့်ခြေလှမ်းတွေ မလုံလောက်သေးတဲ့အခါ ပန်းတိုင်ကို မရောက်သေးသလိုပဲ။ သင့် အားထုတ်မှုတွေ မလုံလောက်သေးလို့ အောင်မြင်မှုဆိုတာ မရသေးတာပါ။"
တစ်ခုတော့ ရှိတယ်။ သင် ကျသွားတဲ့ ချွေးစက်တွေအတွက် တန်ရာတန်ကြေးယူဖို့လိုတယ်။ အပင်ပန်းခံပြီး ဘာမှဖြစ်မလာတဲ့ ဘဝဆိုရင်တော့ သင်ဟာ နှစ်ခါရှုံးသွားပါပြီ။ ပစ္စုပ္ပန်မှာ ကျသွားတဲ့ ချွေးတစ်စက်အတွက် အနာဂတ်မှာ ပန်းတစ်ပွင့် ပွင့်ရမယ်။ သင် အားထုတ်လိုက်တဲ့ ကြိုးပမ်းမှုအတွက် အသီးအပွင့်တွေကို သင်ခံစားနိုင်ရမယ်။
အောင်မြင်မှုလမ်းကြောင်းပေါ်အထိ ရောက်လာပြီဆိုရင်တော့ ဘယ်တော့မှ လက်လျော့ပြီး နောက်ပြန်လှည့်မသွားပါနဲ့။ သင်ဟာ အောင်မြင်မှုဆိုတဲ့ပန်းတိုင်ကို မနက်ဖြန်လည်း ရောက်ချင်ရောက်မယ်။ နှစ်တွေ ကြာမှလည်း ရောက်ချင်ရောက်မယ်။ သေချာတာကတော့ ဒီလမ်းကို လျှောက်နေသမျှတော့ အောင်မြင်မှုဆိုတာ သင့်လက်က ပြေးမလွတ်ပါဘူး။ မိုးလင်းတိုင်း သင့်ကိုသင် မပျက်မကွက်ပြောရမယ့်စကားကတော့ "သင်ဟာ အောင်မြင်မှုနဲ့ ထိုက်တန်တဲ့သူတစ်ယောက် ဖြစ်တဲ့အကြောင်းပါပဲ.."
_______________
ရွှေညာမောင် (Focus Youth)
Credit: Focus Youth E-Magazine
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment