
သင့်အထက်လူကြီးတော်တော်များများလက်ခံထားကြတဲ့ လုပ်ရာထူးတိုးဖို့ အရည်အချင်းတွေကိုမှတ်သားလေ့လာနိုင်ပါပြီ။
1. အထက်ကလူများရဲ့ တာဝန်တွေကိုလုပ်ဆောင်တတ်ခြင်း
အလုပ်ရာထူးတိုးမြှင့်ပေးဖို့ အကောင်းဆုံးတိုင်းတာချက်ကတော့ ၀န်ထမ်းတစ်ယောက်ဟာသူ့ အထက်ကသူရဲ့ အလုပ်တာဝန်တွေကိုလုပ်ကိုင်နိုင်ခြင်းပါပဲ။
ကိုယ်တစ်နေ့ တာလုပ်တဲ့အလုပ်တာဝန်များကိုမှတ်သားထားပြီး ကိုယ့်အလုပ်တာဝန်တွေနဲ့ ယှဉ်ကြည့်ပါ။ သင်ဒီလိုယှဉ်ကြည့်နေချိန်မှာ
သင့်အထက်လူကြီးကလည်းဒီလိုလုပ်နေမှာပါပဲ။ တကယ်လို့ သင်ဟာ တခြားအလုပ်တွေကိုပါကောင်းကောင်းလုပ်နိုင်သူဆိုရင်တော့
သင့်အတွက် အခွင့်လမ်းတံခါးဟာဖွင့်ထားပြီးသားဖြစ်နေပါပြီ။
2. အလုပ်ရာထူးတိုးဖို့ တောင်းဆိုခြင်း
ဒီလိုတောင်းဆိုမှုများပြုလုပ်ခြင်းဟာ သင့်ကိုရာထူးတိုးပေးဖို့ သတိထားမိလာအောင်ပြုလုပ်နည်းတမျိုးပါ။ တိုက်ရိုက်ပြောဆိုခြင်းမျိုးမဟုတ်ပေမယ့်
ကျွန်တော်ရာထူးတိုးချင်တယ်လို့  ပြောတာမျိုး၊ ရာထူးတိုးအောင်ဘာတွေလုပ်တတ်ရမလဲဆိုပြီး သိချင်စိတ်ကိုဖော်ပြတာမျိုးပြုလုပ်သင့်ပါတယ်။
ဒါဟာ ကိုယ့်မှာ ရာထူးတိုးချင်တဲ့စိတ်ရှိသလို ရအောင်လည်းကြိုးစားဖို့ ဆုံးဖြတ်ချက်ချထားတယ်ဆိုတာကို သိမြင်စေပါတယ်။
3. ကောင်းမွန်သောစိတ်ဓာတ်ရှိခြင်း
ဝန်ထမ်းတစ်ယောက်အနေနဲ့  ဆော့ဖ်ဝဲဆိုင်ရာ သို့ မဟုတ် သင့်တော်သော နည်းပညာတတ်ကျွမ်းမှုရှိခြင်းဟာ အလွန်ကောင်းပါတယ်။
နောက်တစ်ချက်ကတော့ ကောင်းမွန်တဲ့ စိတ်ထားရှိတာကလည်းကောင်းတဲ့အချက်ပါ။ ဆိုလိုတာက လူတိုင်းနဲ့ ပေါင်းသင်းနေထိုင်တတ်ခြင်း၊
ဖောက်သည်များ၊ လုပ်ဖော်ကိုင်ဖက်များအား နားလည်ပေးခြင်းဖြစ်ပါတယ်။ ဒီလိုစိတ်ဓာတ်မျိုးရှိခြင်းဟာ အလုပ်ရာထူးကောင်းကောင်းရဖို့ 
့အတွက် ခေါင်းဆောင်ပညာတစ်မျိုးပါပဲ။
4. ဆင်ခြေမပေးပဲ တာဝန်ကျေကျေလုပ်ခြင်း
သင်ဟာ လုပ်စရာတာဝန်များပြည့်နေရင်တောင်မှ တစ်စုံတစ်ယောက်ကအကူအညီတောင်းရင် မငြင်းတတ်သူ၊ အပြုံးတစ်ပွင့်နဲ့ အမြဲကူညီပေးတတ်သူတစ်ယောက်ပါလား။
ဒီလိုလူမျိုးတွေဟာ ကုမ္ပဏီကိုတိုးတက်အောင်လုပ်ပေးမယ့်သူမျိုးဖြစ်ပါတယ်။ သူတို့ ဟာ တာဝန်မရှိရင်တောင်မှ ထပ်တောင်းတတ်ကြသူများဖြစ်ပြီး
မိမိကုမ္ပဏီကိုတိုးတက်အောင်ကူညီချင်ကြသူများပါ။ ဒါ့ကြောင့် အထက်လူကြီးများဟာ ဒီလိုလူမျိုးများများလိုတယ်ဆိုတာကို သဘောပေါက်ကြပါတယ်။
5. ဆန်းသစ်သောအတွေးအမြင် နှင့် ဖြေရှင်းချက်များရရှိခြင်း
သူတို့ လုပ်ရမယ့်တာဝန်မဟုတ်ပေမယ့် သူတို့ မှာ စီးပွားရေးလုပ်ငန်းတစ်ခုပိုမိုတိုးတက်စေဖို့  သစ်လွင်သောအတွေးအမြင်တွေနှင့် ဖြေရှင်းချက်တွေပေးနိုင်ပါတယ်။
သူတို့ ဟာ ideaတစ်ခုစီရဲ့ အောင်မြင်မှုအတိုင်းအတာနှင့် အရည်အသွေးကို သုံးသပ်ပြောဆိုနိုင်ပါသေးတယ်။ ကဲဒါတွေကတော့ အလုပ်ရာထူးတိုးစေတဲ့ 
နည်းလမ်းတွေပါတဲ့။ စာဖတ်သူတွေလည်း ဖတ်မှတ်ကျင့်သုံးနိုင်ရင်တော့ အလုပ်ရာထူးမြန်မြန်တိုးလာပါလိမ့်မယ်လို့ ညွှန်းပါရစေနော်။
credit-buzz.com.mm
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment