ကမ္ဘာ့အသက်ငယ်ဆုံး မိခင်လေး
=================
ပီရူးနိုင်ငံ၊ တီခရက်ပိုခရိုင်မှ လီနာမီဒိုင်နာသည် အသက် ငါးနှစ်ခွဲတွင် ကလေးမွေးဖွားခဲ့သည့် ကမ္ဘာ့အသက်ငယ်ဆုံး မိခင်ဖြစ်သည်။ ယင်း၏ သားအမည်မှာ ဂျီရဒိုဖြစ်ပြီး ၅.၈ပေါင် ရှိသည်။ လီနာ၏ မိဘများသည် အကျိတ်ရှိနေသည်ဟု ထင်မှတ်ပြီး ဆေးရုံပြရာမှ လီနာတွင် ကိုယ်ဝန် ခုနှစ်လ ရှိနေမှန်း သိခဲ့ခြင်းဖြစ်သည်။ လီနာသည် အရွယ်မတိုင်ခင် အပျိုဖော်ဝင်ခဲ့သည်ဟု ဆရာဝန်က ယူဆသည်။
လီနာတွင် ကိုယ်ဝန်ရှိသဖြင့် လီနာ၏ဖခင်မှာ မုဒိမ်းမှု သံသယရှိသူအဖြစ် ဖမ်းဆီးခံခဲ့ရသော်လည်း သက်သေအထောက်အထား မတွေ့ရပါ။ လီနာ၏သားဖြစ်သူ ဂျီရဒို၏ဖခင် မည်သူမှန်း ဖော်ထုတ်နိုင်ခြင်းလည်း မရှိခဲ့ပါ။
ဒုတိယမြောက် ကမ္ဘာ့အသက်ငယ်ဆုံး မိခင်မှာ ယူကရိန်းနိုင်ငံက လီဇာဖြစ်ပြီး ၄င်းအသက် ငါးနှစ်အရွယ်တွင် အဘိုးဖြစ်သူ အသက် ၇၀ကျော်က မုဒိမ်းကျင့်ရာက ကိုယ်ဝန်ရခဲ့ပြီး ၄င်းအသက် ခြောက်နှစ်တွင် ၆.၆ ပေါင်ရှိသည့် မိန်ကလေး (အသေ) မွေးဖွားခဲ့သည်။
Credit : Tomorrow Journal
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment