Friday, March 4, 2016

လက်ရှိအချိန်တွင်နေထိုင်ခြင်း

လက်ရှိအချိန်တွင် နေထိုင်ခြင်း ဆိုတဲ့ အကြောင်းအရာကို အခုလက်ရှိ လူ့တွေကြားထဲမှာ ကျယ်ကျယ်ပြန့်ပြန့်စဉ်းစား တွေးခေါ်လာတာ တွေ့ရပါတယ်။ အမှန်တကယ်တော့ ဒီအကြောင်းအရာမှာ အတွေးအခေါ်အသစ်တွေ မပါပါဘူး။ ဒီလို နေလာကြတာပဲ နှစ်ပေါင်းများစွာ ရှိနေပါပြီ။
ဥပမာ အနေနဲ့ ဘာသာရေး ဆရာ မက်သရူးက ယေရှုကို ပြောကြားဖူးတယ် "မနက်ဖြန်" ဆိုတာမပါတဲ့ အတွေးတွေကိုသာ ယူပါတဲ့ "မနက်ဖြန်က သူ့အကြောင်းတရားအတွက် အတွေးတွေကို
သူ့ဟာသူ ယူပါလိ့်မယ်"
ဒါပေမယ့် ကျွန်တော်ထဲက လူဘယ်လောက်ကများ လက်ရှိတွင်နေထိုင်ခြင်းရဲ့ အဓိပ္ပာယ်ကို တကယ်နားလည်ပေါက် ကြပါသလဲ?
ကျွန်တော် အဖေ့အိမ်ကို ရောက်တုန်း အဖေ့ခွေးကလေး တီနာ နဲ့အတူ လယ်ကွင်းတွေထဲ လမ်းလျှောက်ဖြစ်တယ် 
လယ်ကွင်းတွေထဲမှာ ယုန်တွေ ခကြာခဏလာတတ်ကြတော့
တီနာက ယုန်တွေကို စ လိုက်ဖမ်းတယ်။ ယုန်တွေကတော့ အေးအေးဆေးဆေး မြက်တွေကို ဆက်စားနေတယ် တီနာခပ်လှမ်းလှမ်း ရောက်လာတဲ့ အထိ။ နီးလာတော့မှ ရုတ်တရက် ပြေးထွက် သွားကြတယ် ဝေးဝေးရောက်သည် အထိ။
ယုန်တွေမှာ တိကျတဲ့ တုန့်ပြန်မှုရှိတယ်။
ဘယ်အချိန်ထိစားပြီး ဘယ်အချိန်မှာပြေးရမယ်ဆိုတဲ့ တိကျမှု။
သူတို့လုံခြုံစိတ်ချရပြီဆိုတဲ့ နေရာရောက်ရင် ရပ်လိုက်တယ် မြက်တွေကို ဆက်စားတယ်။ ခွေးလာ ဆွဲလိမ့်မယ်ဆိုတဲ့ ကြောက်စရာအတွေးနဲ့ အကြာကြီး စိုးရိမ်မနေဘူး။ ဒါထပ်ဖြစ်လာလိမ့်မယ်ဆိုတဲ့ အထင်နဲ့ ရပ်မနေဘူး။
သူငယ်ချင်းတွေကိုလည်း လယ်ကွင်းထဲမှာတွေ့ခဲ့တဲ့ ဆိုးရွားတဲ့ အဖြစ်အပျက်နဲ့ ဒီနေ့အကြောင်း ပြောပြမှာ မဟုတ်ဘူး။
ဒါပြီးဆုံးသွားပြီ ဒီလောက်ပဲ။ သူတို့စားစရာရှိတာ ပြန်စား လက်ရှိအချိန်မှာပဲ လိုက်လျောညီထွေ အဖြစ်ဆုံးလိုက်တယ်။ မနေ့က အကြောင်းမပြောတော့သလို မနက်ဖြန်အကြောင်းလဲ မစဉ်းစားဘူး။
တစ်ဖက်က ပြန်ကြည့်ရင် လူအများစုဟာ သူတို့ရဲ့ အချိန်တွေတော်တော်များများကို လက်ရှိအချိန်ဖြစ်တဲ့ တကယ့်အရှိနဲ့ ချိတ်ဆက်မှုမပြုလုပ်ကြဘူး။ အတိတ်တွေ အနာဂါတ်တွေ ဆိုတဲ့ အတွေးမှာပဲ ကုန်ဆုံးစေကြတယ်။
ကျွန်တော်တို့ဟာ အတိတ်က ထိရှခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို တွေးတယ်။ လက်ရှိအချိန်ကို ကျော်ပြီး နောက်ဘာဆက်ဖြစ်လာမလဲ ဆိုတာကို ထက်မြင်ချက်တွေနဲ့ပုံဖော်ကြတယ်။
ဒီလိုတွေးတောခြင်းဟာ သင့်ကို ပျော်စရာ စိတ်ချမ်းသာစရာ ဒါမှမဟုတ် စိတ်ညစ်စရာ ဝမ်းနည်းစရာ တစ်ခုခုပေးပါလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် သင်တွေးလိုက်တဲ့ အရာတွေဟာ သင့်အတွက် မရှိမဖြစ် မဟုတ်ဘူး ဆိုရင် "အနုတ်လက္ခဏာဆောင်တဲ့"တွေးခြင်း လို့ ကောက်ချက် ချလို့ရတယ်။
ဒါဟာ "အနုတ်လက္ခဏာ"မဟုတ်ဘူး "အပေါင်းလက္ခဏာ" တွေးတောခြင်းပါ လို့ဆိုခဲ့ရင်တောင် သင့်ကို လက်ရှိ ပစ္စုပ္ပန် အခြေအနေနဲ့ ဝေးကွာတဲ့နေရာမှာ ရောက်နေစေတုန်းပဲ။လက်ရှိမှာ အသုံးပြုရမယ့် သင့်ရဲ့ အကျိုးရှိတဲ့ စွမ်းရည်တွေကို လျော့ကျစေတုန်းပဲ။ တကယ်တော့ ကောင်းမွန်တဲ့ အခြေအနေရယ် အချိန်အခါရယ်ဆိုတာ လက်ရှိအချိန်နဲ့ ခပ်ဝေးဝေးမှာ ရှိမနေဘူး။
လက်ရှိအချိန်တိုင်းကို အကောင်းဆုံးအသုံးချ ဖြတ်သန်းနေသူဟာ အနာဂါတ်ကို အကောင်းဆုံးအကျိုးသက်ရောက်မယ့် သူသာလျှင် ဖြစ်တယ်။
လက်ရှိအချိန်ဆိုတာ ကျွန်တော်တို့လက်ထဲမှာရှိတဲ့ ကျွန်တော်တို့ အသုံးချလို့ရတဲ့ တစ်ခုတည်းသော အချိန်ပဲ။
အတိတ်ရယ် အနာဂါတ်ရယ်မှာ ပျော်ဝင်ပျောက်ဆုံးနေသူဟာ လက်ရှိအချိန်ကို အားအင်အပြည့် အသုံးချနိုင်မှာ မဟုတ်ဘူး။
ပစ္စုပ္ပန်ဆိုတာ အတောက်ပဆုံး အချိန်ပဲ။ သင်သာ လက်ရှိအချိန်ကို အကောင်းဆုံး စွမ်းဆောင်နေနိုင်ရင် အနာဂတ်ဆိုတာကို အိပ်မက်မက်ပြီး ပုံဖော်နေဖို့တောင်မလိုပါဘူး။
အရှိကို အရှိအတိုင်းလက်ခံပြီး ပစ္စုပ္ပန်မှာ ကြိုးစားနေထိုင်သူလောက် သာလွန်ကောင်းမွန်ခြင်းနဲ့နီးစပ်တဲ့လူ မရှိပါဘူး။
ဒီလို အလုံးစုံဖြစ်တည်ခြင်းဟာ လောကကို သုခဘုံလို နေထိုင်နိုင်ပြီး စည်းချက်ကျကျ လျှောက်လှမ်းစေနိုင်မယ့် အမှန်တရားပါပဲ။
Peter Hughes ၏ Living In The Now ကို မှတ်စုကြမ်းမှ ဘာသာပြန်ဆိုသည်
Credit: မှတ်စုကြမ်း- ‪#‎NayAung‬



အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths