ပန်းလို လူသား
^^^^^^^^^
ပန်းဆိုတာဟာ နူးညံ့တဲ့သဘော၊ လှပတဲ့ သဘော၊ သင်းပျံ့ မွှေးကြိုင်တဲ့ သဘော တွေကို ဆောင်ပါတယ်။ ဒါကြောင့် ပန်းပွင့်လေးတွေနဲ့ 
တန်ဆာဆင်လိုက်တဲ့အခါမှာ ဘယ်အရာမဆို နဂိုထက် ပိုပြီး လှပသွားတာကို တွေ့ ကြရတာပါ။
လောကမှာ ပန်းမျိုးပေါင်း များစွာရှိပါတယ်။ လောကကို အလှဆင်ပေးတဲ့ ပန်းတွေရှိသလို၊ လောက အလှကို ဖျက်စီးတဲ့ ပန်းမျိုးတွေလည်း
အများကြီးပါ။
လောကကို အလှဆင်ပေးတဲ့ ပန်းမျိုးတွေကြောင့် လူသားအားလုံးဟာ လှပကြရတယ်။ မွှေးပျံ့ တဲ့ ရနံ့ လေးတွေကြောင့် စိတ်မှာ ကြည်လင်
ကြရတယ်၊ လှပတဲ့ အဆင်းတွေကြောင့် လူသားပတ်ဝန်းကျင်တစ်ခုလုံး သာယာကြည်နူးကြရပါတယ်။
လောကအလှကို ဖျက်စီးတဲ့ ပန်းမျိုးတွေကတော့ အဆင်းသာလှပြီး အချင်းမလှတဲ့ ပန်းမျိုးတွေပါ။ ပန်းတို့ မှာ ရှိသင့်တဲ့ မွှေးပျံ့ တဲ့ ရနံ့ ဆိုတာ
လည်း သူ့ မှာ မရှိပါဘူး။ ဒါကြောင့် ဒီလို ပန်းမျိုးဟာ ပန်းတို့ ရဲ့ ဂုဏ်တွေနဲ့  မညီညွတ်လို့  ဘယ်သူကမှ အလိုမရှိကြတာပေါ့။
အလှသဘော ဆောင်ပေမယ့် အလှသဘောကို ဖျက်တဲ့ ပန်းမျိုးဟာ လောကမှာ အင်မတန်နည်းပါတယ်။ ဥပမာ- ဘိန်းပန်းတွေဟာ သိပ်လှ
ပါတယ်။ အရောင်လေးတွေကလည်း အစုံရှိပါတယ်။ သို့ သော် လူ့ လောကကို ဖျက်စီးတဲ့ပန်း (သို့ မဟုတ်) လောကအလှ ဖျက်တဲ့ပန်းပါပဲ။
လူတစ်ယောက်ဟာလည်း ပန်းလို လူသား ဖြစ်ရမယ်။ ဒါပေမယ့် လောကအလှကို ဖျက်တဲ့ ပန်းလို လူမျိုးတော့ အဖြစ်စေရဘူး။ ကိုယ့်အလှနဲ့ 
လောကကို အလှဆင်ပေးနိုင်တဲ့ ပန်းလို လူမျိုးပဲ ဖြစ်ရမှာပါ။
ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ့်အဆင်းနဲ့  တန်ဆာဆင်ပေးရမယ်၊ ကိုယ့်အသံလေးနဲ့  သာယာမှု ပေးရမယ်၊ ကိုယ့်သတင်းရနံ့ နဲ့ စိတ်ကြည်နူး
မှုတွေ ပေးနိုင်ကြမှာပေါ့။
ပန်းဟာလည်း ပန်းတို့ ဂုဏ်ပုဒ်တွေနဲ့ ပြည့်စုံမှ ပန်းကောင်းတစ်ပွင့်ဖြစ်သလို၊ လူဟာလည်း လူတို့ ဂုဏ်ပုဒ်တွေနဲ့ ပြည့်စုံမှသာ လူကောင်း၊လူ
တော် တစ်ယောက် ဖြစ်လာမှာပါ။
မိမိ ကြောင့် အများသူငှာ စိတ်ဆင်းရဲရတယ်၊ ပျက်စီးခြင်း ရောက်ရတယ်ဆိုရင် လောက အလှကို ဖျက်တဲ့ ပန်းလို လူသားသာ ဖြစ်သွားပါလိမ့်
မယ်။ ဒီလိုမျိုး ပန်းလို လူသား မိမိကိုယ်တိုင် ဖြစ်မလောင် ကျင့်ကြံရမှာ ဖြစ်လို၊ မပျိုးထောင်မိအောင်လည်း ကျင့်ကြံရပေမည်။
ကိုယ့်ကြောင့် သူများလှမှ ကိုယ့်အတွက်လည်း လှပတဲ့ အနာဂါတ်ဆိုတာ ဖြစ်လာတော့မှာပေါ့။ လောကအလှကို အလှဆင်မြန်းပေးနိုင်တဲ့ ပန်းလို
လူသားများသာ ဖြစ်ကြပါစေ။
Credit: True Man
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment