Sunday, March 27, 2016

လူတွေမှာအားနည်းချက်နှစ်မျိုးရှိပါတယ်

ပထမအားနည်းချက်က ကိုယ်တော်ကြောင်း
ကိုယ်မသိဘဲ အားငယ်နေတာဖြစ်ပြီး
..................
ဒုတိယအားနည်းချက်ကတော့ ကိုယ်ညံ့တာ ကိုယ်မသိဘဲ ဘ၀င်မြင့်နေတာဖြစ်ပါတယ်. .
................
သာယာတဲ့ ပတ်ဝန်းကျင် ဖန်တီးချင်ရင်
တောင်းပန်စကားပြောတာနဲ့ ဂုဏ်ပြုစကားပြောတာကို ပြောသင့်ပြောထိုက်တဲ့နေရာတိုင်း ၊
အချိန်တိုင်းမှာ အံဝင်ခွင်ကျ ပြောတတ်ဖို့လိုပါတယ်.
............
အသုံးမကျတဲ့ အမူအကျင့်စရိုက်တွေကို မစွန့်ပစ်တဲ့သူဟာ လွှင့်ပစ်ရမယ့် အမှိုက်တွေကို မီးခံသေတ္တာထဲ ထည့်သိမ်းထားတာနဲ့ အတူတူပါပဲ
...............
ဒီနေ့ကိုယ်လုပ်ရမယ့် အလုပ်ကိုယ့်ဘာသာ ကိုယ်သတ်မှတ်မထားရင် သူများတွေခိုင်းတာတွေ လုပ်ရင်း အချိန်တွေကုန်သွားလိမ့်မယ်လို့
မြင်မိပါတယ်.
....................
ကမ္ဘာကြီးက ရွာဖြစ်လာချိန်မှာ ကိုယ်က ရွာပြင်ထွက် အိပ်မောကျမနေသင့်ပါဘူး . ....
.................
ဆက်တွေးကြည့်ပေါ့
ကိုယ့်ကိုယ်ကိုယ်မှ မှန်မှန်ကန်ကန် စနစ်တကျ နေထိုင်၊ ပြောဆိုလုပ်ကိုင်တတ်ဖို့ မထိန်း
ကျောင်းနိုင်ရင် သူများတွေကို ဘယ်လိုဦးဆောင်မှာလဲ. . .
...................
သူများတွေကို ဦးမဆောင်ချင်တာကရပါသေးတယ်. . ကိုယ့်ကိုယ်ကိုယ်မှ ကိုယ် ဦးမဆောင်နိုင်ရင်တော့ ကိုယ်ပဲ ဒုက္ခရောက်မှာပါ...။
Credit: သင်သိရင် သင်ချမ်းသာလိမ့်မယ်



အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths