Wednesday, March 9, 2016

စကား(၃)ခွန်း

စကား (၃) ခွန်း
=========

ဒီကနေ့ လောကထဲမှာ ရှိနေတဲ့ ကျွန်တော်တို့ အားလုံးဟာ နေရာ ဒေသ တစ်ခုထဲမှာ အတည်တကျနေနိုင်တယ်ဆိုတာ တော်တော်
ရှားပါတယ်။ ဘ၀အတွက် ရုန်းကန်ရတဲ့ နေရမှာ အချိန်နဲ့ တပြေးညီပြောင်းလဲနေတဲ့အတွက် နေရာထိုင်းခင်းလည်း ပြောင်းလဲကျင့်
သုံးနေရပါတယ်။ ဒါကြောင့် ဒီစကား (၃) ခွန်းဟာ အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးဖြစ်လာပါတယ်။

(၁) စူစမ်းလေ့လာတတ်ပါ။

(၂) စဉ်းစားတွေးတောမှုလုပ်ပါ။

(၃) မှန်ကန်စွာ ဝေဖန်ပိုင်းဖြတ်ပါ။

(၁) စူစမ်းလေ့လာတတ်ပါ။
ဝန်ထမ်းတစ်ယောက်ပဲ ဖြစ်ဖြစ်၊ သာမာန်ပြည်သူတစ်ယောက်ပဲ ဖြစ်ဖြစ် ဘယ်နေရာ၊ ဘယ်ဒေသရောက်ရောက် စူစမ်းလေ့လာတတ်
ဖို့ လိုပါတယ်။ နေရာတိုင်းဟာ မိမိနဲ့ သက်ဆိုင်တယ်လို့ သဘောထားပြီး အကဲခတ်နေရမှာ ဖြစ်ပါတယ်။ လူတိုင်းဟာ မိမိနဲ့ သက်ဆိုင်
တယ်ဆိုတဲ့ စိတ်နဲ့ စူးစမ်းနေရမှာဖြစ်ပါတယ်။ အကြောင်းအရာကို မစူးစမ်းဘဲ မဆင်မခြင်လုပ်မိလို့  ဒုက္ခရောက်ရတဲ့ ယုန်သူငယ်လေး
ရဲ့ လုပ်ရပ်ကြောင့် တစ်တောလုံးဒုက္ခရောက်ရတာကို ကျောင်းစာအုပ်မှာ ဖတ်ဖူးမှာပါ။ စူးစမ်းလေ့လာမှာ မိမိဘာဆက်လုပ်ရမယ်၊ ဘယ်
လိုနေထိုင်ရမယ်ဆိုတာ သိလာမှာပါ။ ဒီလို စူးစမ်းမှုမှာလည်း လေးလေးနက်နက်ရှိဖို့ လိုပါတယ်။ လေးလေးနက်နက်မရှိဘဲ အပေါ်ယံဆို
ရင် ကိုယ်လည်းအသိမှား၊ အမြင်မှားနဲ့  အန္တရာယ်များပါတယ်။ တဖက်လူကိုလည်း နစ်နာစေပါတယ်။ စူးစမ်းလေးမှုဟာ လူတစ်ယောက်
ပြောင်းလဲဖို့ ထိ ဖြစ်လာမှာမို့  အရေးကြီးပါတယ်။

(၂) စဉ်းစားတွေးတောမှုလုပ်ပါ။
မိမိမှာ ရှိတဲ့ ဦးနှောက်ဟာ ဓားတစ်လက်လိုပါပဲ။ မသွေးရင် မထက်ပါဘူး၊ တုံးတတ်ပါတယ်။ ဦးနှောက်ကို အမြဲလေ့ကျင့်ပေးနေရပါ
တယ်။ အလုပ်ပေးထားရပါတယ်။ ဒါမှာ ဥာဏ်ရည်ထက်မြက်တာပါ။ စဉ်းစားတွေးတောမှုဟာ အကောင်းဆုံးရလာဒ်တွေ ရရှိလာနိုင်
ပါတယ်။ သို့ သော် တွေးတောတဲ့ သဘာကနေ ငေးမောတဲ့သဘောတော့ မဖြစ်စေနဲ့ ။ တွေဝေတဲ့ထိလည်း မဖြစ်စေနဲ့ ။ နည်းမှန်၊လမ်း
မှန် တွေ့ နိုင်ဖို့ အတွက် လူ့ ရဲ့ဦးနှောက်ကို အကောင်းချခြင်းပဲ ဖြစ်ပါစေ။ စဉ်းစားတွေးတောရာကနေ ကြံဆလုပ်ကိုင်နိုင်လာမှာဖြစ်လို့ 
ဒါကလည်း အရေးပါတယ်။

(၃) မှန်ကန်စွာ ဝေဖန်ပိုင်းဖြတ်ပါ။
ကိုယ့်အယူအဆ၊ သူ့ အယူအဆ မှန်ကန်စွာ ချိန်ညှိပေးဖို့ အတွက် ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိပညာမျိုးတော့ ရှိဖို့ လိုပါတယ်။ ဒါမှလည်း
ရွေးချယ်မှု မှန်ကန်မှာပါ။ မှားယွင်းစွာ ဆုံးဖြတ်မိရင်တော့ ဘ၀တစ်ခုကနေ ဘ၀များစွာထိ နစ်နာသွားနိုင်ပါတယ်။ တစ်ဦးတစ်ယောက်
ခြင်းစီ အရေးကြီးသလို၊ အဖွဲ့ အစည်းတစ်ခုအနေနဲ့ လည်း အရေးကြီးပါတယ်။ ပြီးတော့ ဝေဖန်ပိုင်းဖြတ်မှုဟာ သတ္တိလည်းရှိရမှာပါ။ ဒါ
တွေက သတ္တိရှိမှာ လုပ်နိုင်တာပါ။ စိတ္တသတ္တိ အထူးလိုပါတယ်။ မှန်ကန်ရာကို ဆုံးဖြတ်ရဲရမယ်၊ ပြောရဲရမယ်။ မှန်ရာကို ပြောရဲတဲ့အခါ
ကိုယ်တိုင်လည်း ယုံကြည်မှုတဖန်ဖြစ်လာသလို၊ ကိုယ့်ပတ်ဝန်းကျင်လည်း အလင်းရောင်ရစေပါတယ်။ ကိုယ်လုပ်တာ ဟုတ်လား၊ ပြော
တာဟုတ်လား။ အခြားသူတွေလုပ်နေတာ ဟုတ်လား၊ ပြောတာဟုတ်လား။ ကိုယ်တိုင် ပိုင်းခြားနိုင်ရမယ်။ ထပ်ကာတလဲလဲ ပြန်လည်
ဆန်းစစ်နေရမှာပါ။ ဒါဟာ မရှိမဖြစ်လိုအပ်တဲ့ သတ္တိလည်း ဖြစ်ပါတယ်။

( မှန်ကန်စွာ ဆက်စပ်အသုံးပြုခြင်းများဖြင့် လိုရာခရီးသွားနိုင်ကြပါစေ)

Credit: True Man



အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths