Friday, March 25, 2016

" အပေါ်သို့ ...." ၊ " အောက်သို့ ...."





" အပေါ်သို့ ...." ၊ " အောက်သို့ ...."
တစ်ရက်မှာ အမှတ်မထင် တွေ့ လိုက်တဲ့ စာသားလေး နှစ်ခုပါ။ ဘယ်မှာရေးထားတာလည်း ဆိုတော့ အဆောက် အဦး တစ်ခုရဲ့လှေကားထစ်မှာပါ။ လှေကားထစ်ကို တက်မလို့ ခြေချလိုက်တော့ အုတ်နံရံလေးမှာ ရေးထားတဲ့ စာသားလေးက " အပေါ်သို့ ...." တဲ့။
ဒီစာသားလေးက လက်ဝဲဘက်မှာ မြှားလေးထိုးပြီး ပြထားတာပါ။ လက်ယာဘက်ကြည့်လိုက်တော့ " အောက်သို့ ...." တဲ့။
ရေးခဲ့သူက ဘယ်လို ရည်ရွက်ချက်နဲ့  ရေးခဲ့မှန်းလည်း မသိပါဘူး။ ကလေးတွေ ဆော့ကြရင်း ရေးသွားတာလည်း ဖြစ်မှာပါ။ ဒါပေမယ့်
ကျွန်တော်ကတော့ ဒီစာကလေး ရေးသွားတဲ့ သူတွေကို သိပ်ကျေးဇူးတင်မိပါတယ်။
ရေးထားတာလည်း မှန်ပါတယ်။ လှေကားထစ်အပေါ်ကို တက်နေလို့ သာ မြှားလေးထိုးပြပြီး အပေါ်သို့ လို့ ရေးခဲ့တာပေါ့။ အောက်ပြန်ဆင်းမယ့်လူ အတွက်တော့ အောက်ဘက်ကို မြှားလေးထိုးပြီး ဆင်းဖို့ အတွက် အောက်သို့ လို့ ရေးထားတာနေမှာပါ။
ပြောချင်တာလေးတစ်ခုက အပေါ်ကို တက်တာပဲ ဖြစ်ဖြစ်၊ အောက်ကို ဆင်းတာပဲ ဖြစ်ဖြစ် လှေကထစ်ဟာ လှေကထစ်ပါပဲ။ သို့ ပေမယ့်
အပေါ်ကို တက်ရမယ့် လှေကထစ်မျိုးက တစ်ထစ်တက်လိုက်ရင် တစ်ထစ် ကိုယ်က မြင့်သွားတာပါ။ နှစ်ထစ်တက်ရင် နှစ်ထစ်မြင့်သွားတာပါ။
အပေါ်ကို လှမ်းတက်လိုက်တိုင်းမှာ ကိုယ်လည်း မြင်မြင့်သွားပါတယ်။ နောက်ဆုံး ကိုယ်အပေါ်ကို ရောက်သွားတာပေါ့။ ဒါကြောင့် အပေါ်သို့ လို့ ရေးထားတာပေါ့။
အောက်ကိုဆင်းရမယ့် လှေကားထစ်ကျတော့ တစ်ထစ်အောက်ကို လှမ်းလိုက်ရင် ကိုယ်လည်း နိမ့်သွားပါတယ်။ နိမ့်တဲ့ လှေကားထစ်လေးတွေကို ဆက်နင်းပါများကိုလည်း နိမ့်နိမ့်သွားတာပေါ့။ နောက်ဆုံး အောက်ထိရောက်သွားပါတယ်။ လှေကားထစ် အဓိပ္ပယ်တူပေမယ့် ရလာဒ်ကတော့ ဆန့် ကျင်ဘက်ပါ။
ဒီနေရာလေးမှာ သင်ခန်းစာလေး တစ်ခုရလိုက်တဲ့ အကြောင်းလေးပါ။ နိမ့်ကျသည်ဖြစ်စေ၊ မြင့်မားသည်ဖြစ်စေ လောကကြီးမှာ ဖြတ်သန်း
နေရလို့  လူတိုင်းအတွက် ဒါဟာ ဘ၀ကြီးပါ။ ဘ၀ဆိုတဲ့ အဓိပ္ပာယ်ချင်းတူတူ တန်ဖိုးချင်းကွာသလို၊ ဆန့် ကျင်ဘက် အကျိုးတရားလေးတွေလည်း များစွာ ကွာပါတယ်။
လူ့ ဘ၀ဟာလည်း လှေကားထစ်လေးတွေကို နင်းနေရသလိုပါပဲ။ကိုယ်က အပေါ်ကို တက်ချင်ရင် အပေါ်ကို တက်မယ့်လမ်း၊ အပေါ်ကိုသာပို့ ပေးတဲ့ လှေကားထစ်လေးကို နင်းရမှာပါ။
ကိုယ်က အပေါ်တက်ဖို့ လမ်းကို တစ်လှမ်းခြေချလိုက်တာနဲ့  ကိုယ့်ဘ၀လည်း တစ်ထစ်မြင့် သွားပါတယ်။ ဒီလိုသာ ကိုယ့်ဘ၀ကို မြင့်စေတဲ့
လှေကားထစ်လေးတွေကို အကြိမ်ကြိမ် နင်းတက်လိုက်ရင် ကိုယ်ကိုယ်တိုင်လည်း ဘ၀က မြင့်မြင့်သွားပြီး နောက်ဆုံး အပေါ်ကို ရောက်သွား
မှာပါ။
အဲ့လိုမှ မဟုတ်ဘဲ၊ အောက်ကို ဦးတည်တဲ့ လမ်း၊ အောက်ကို ဆင်းတဲ့ လှေကားထစ်တွေကိုသာ နင်းမယ်ဆိုရင် တစ်ထစ်နင်းလိုက်တိုင်း ကိုယ့်ဘ၀လည်း တစ်ဆင့်နိမ့်သွားပါပြီ။ ဆက်ပြီး အကြိမ်ကြိမ် နင်းနေမယ်၊ ခြေလှမ်းတွေ ဆက်လှမ်းနေမယ် ဆိုရင်တော့ ကိုယ့်ဘ၀လည်း တဖြည်းဖြည်း နိမ့်ဆင်းသွားပြီး နောက်ဆုံးမှာ အောက်ထိရောက်သွားမှာပါ။
မိမိဘ၀ကို အပေါ်သို့ ရောက်ချင်တယ် ဆိုရင် ဘယ်လို လှေကားထစ်ကို နင်းရမလည်းဆိုတာ သဘောပေါက်မှာပါ။" အပေါ်သို့  ....."ဆိုတဲ့ လှေ
ကားထစ်ကို နင်းမလား၊" အောက်သို့ ....."ဆိုတဲ့ လှေကားထစ်ကို ဆင်းမလား စဉ်းစားကြပေါ့။
Credit: True Man



အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths