Monday, April 4, 2016

အသိပညာဗဟုသုတအသင်းတင်သောပို့စ်များ

တို့ပြည်ကိုနင်း

တို့မင်းကိုခေါ်

တို့ပေါ်ကိုစီး

တို့ထီးကိုပယ်

တို့နယ်ကိုယူ

တို့လူကိုနိုင်

တို့ပိုင်ရာစား

တို့ဓားကိုချိုး

တို့မျိုးကိုဖျက်

တို့သက်ကိုခြွေ

တို့ရေနဲ့ဆေး

တို့သွေးခွဲ့ခဲ့

တို့သည်းကိုဖဲ့

တို့ရှုံးခဲ့နေ့

တို့မမေ့ပဲ

တို့ဇွဲကိုတင်း

တို့မင်းတို့မျိုး

တို့ကျိုးကိုဆောင်

တို့ပြည်ထောင်ကို

တို့တည်ထောင်လျှက်

တို့လက်တို့စွဲ

တို့မခွဲပါ

တို့မြန်မာပိုင်

တို့နိုင်ငံကို

တို့များကာရံ

တို့ဓိဋ္ဌာန်တည်း၊၊
♥♥♥♥♥♥♥♥♥©
T.T
=================================
April Fool Day  ဖြစ်ပေါ်လာပုံ
@@@@@@@@@@@@@@@

ကမ္ဘာ့ သမိုင်းတစ်လျှောက်မှာ ရက်အတိုဆုံး လတစ်လ ရှိခဲ့ပါတယ်။ ယင်းကတော့ ၁၇၅၂ ခုနှစ်ရဲ့ စက်တင်ဘာလ ဖြစ်ပါတယ်။

စက်တင်ဘာလ ၂ ရက်နေ့ကနေ ၁၄ ရက်နေ့ကို ရုတ်တရက် ရောက် သွားမှုပါ။ ကြားမှာ ၁၁ ရက်တောင် ပျောက်သွား ပါတယ်။ အကြောင်း ကတော့ ရိုမေနီးယား ဂျူးလီးယက် ပြက္ခဒိန် ကနေ ဂရီဂိုးရီးယမ်း ပြက္ခဒိန် ကို ပြောင်းလဲသွားလို့ ဖြစ်ပါတယ်။ အင်္ဂလန်ဘုရင် ရဲ့  အမိန့်ချမှတ်မှုကြောင့် ၁၁ ရက် ကို ပယ်ဖျယ်လိုက်ခြင်းဖြစ်ပြီး ယင်းလအတွက် လစာကိုယ်တော့ အားလုံး အပြည့်အဝ ရခဲ့ကြပါတယ်။

အဲ့မှာ တစ်ခု အငြင်းပွားစရာ ရှိလာပါတယ်။ ဂျူးလိယက် ပြက္ခဒိန် မှာက ဧပြီလ ဟာ နှစ်တစ်နှစ်ရဲ့  အစ ဖြစ်ပါတယ်။ Gregorian Calendar မှာတော့ ဇန်နဝါရီလက နှစ်တစ်နှစ်ရဲ့  ပထမလ ဖြစ်ပါတယ်။ သို့ပေမယ့် အဟောင်းနဲ့ မှတ်သားမှု အကျွမ်းတဝင် ရှိနေသူများက ဧပြီလမှာကို နှစ်သစ်ကူး ပွဲ (Happy New Year) ကျင်းပကြပြီး ဇန်နဝါရီလမှာလည်း ကျင်းပသူ အနည်း နဲ့ အများရှိခဲ့ပါတယ်။

ဒါကြောင့် ဧပြီလ ၁ ရက်နေ့မှာ နှစ်သစ်ကူးပွဲ ကျင်းပသူတွေကို အရူး ဖြစ် တယ်လို့ မိန့်လိုက်တဲ့ ဘုရင်ရဲ့ စကားကြောင့် ဧပြီလ ရက်နေ့ ကို အရူးတွေ ပျော်တဲ့နေ့အဖြစ် အသိအမှတ်ပြုလိုက်ပါတယ်။
ဒါကြောင့် ဧပြီလ ၁ ရက်နေ့မှာ နှစ်သစ်ကူးပွဲ ကျင်းပသူတွေကို အရူး ဖြစ် တယ်လို့ မိန့်လိုက်တဲ့ ဘုရင်ရဲ့ စကားကြောင့် ဧပြီလ ရက်နေ့ ကို အရူးတွေ ပျော်တဲ့နေ့အဖြစ် အသိအမှတ်ပြုလိုက်ပါတယ်။ ဒါကြောင့် မို့ April Fool's Day ဆိုတာ ဖြစ်ပေါ်လာရပါတယ်။ ဧပြီ ၁ ရောက်တိုင်း တစ်ယောက် နဲ့ တစ်ယောက် အရူးလုပ် ပြောဆိုခြင်း၊ စနောက်ခြင်း ကို ပြုလုပ်ကြပြီး April Fool's Day ဟာ ယနေ့တိုင် ရာဇဝင်တွင်စေခဲ့ပါတယ်။

April Fool နေ့ရောက်ရင် ကမ္ဘာတစ်ဝန်းမှာ ဟာသလုပ်ခြင်း၊ အတည်ပေါက် နောက်ခြင်း အမျိုးမျိုးကို ပြုလုပ်ကြပါတယ်။ အဖွဲ့အစည်း အချင်းချင်းကော၊ မီဒီယာများကရော အတည်ပေါက်နဲ့ နောက်ကြပါတယ်။ ပင်ဂွင်းတွေ မိုးပေါ် ပျံတဲ့သတင်းတွေကော၊ ကားတွေ ပျံတဲ့ သတင်းတွေ အပြင် များစွာ ရှိပါတယ်။ ယခု လက်ရှိမှာဆိုရင် Google Map မှာ အရင်တုန်းက ဆော့တဲ့ ဂိမ်းတစ်မျိုးကို ဆော့လို့ရပြီဆိုပြီးတော့ Google က Fool ပါသေးတယ်။
Credit:::fbfbfbပါလို့ 
copy::မုံရွာသားphyo l@y
=================================
စည်းလုံးခြင်းသည်အင်အား
•••••••••••••••••••••

အမျိုးကိုစောင့်  သစ္စာ
မဖောက်နှင့်   ဒို့များသာသနာ
ဒို့ကာကွယ်မှသာ
တည်တံ့လိမ့်မည်
စည်းလုံးကြပါ  ညီညွတ်ကြပါ
ဆုတ်ယုတ်နေတဲ့ ဒီခေတ်ကြီးမှာ   သွေးဝမ်းကွဲနေမယ်ဆိုရင်ဖြင့် မတွေးဝံ့စရာအဖြစ်တွေနဲ့  ရင်မှာမချိ
ကြုံရဘိ လိမ့်မယ်
ထင်းစည်းလို  စုစည်းထားပါမှ နွားအုပ်လိုအသင်းမကွဲပါမှ
တော်ကာကြလိမ့်မည်။ ဖြားယောင်း သွေးဆောင်သောနောက်ကို ပါသွားခဲ့ပါလျှင် ကြိုးပြေသည့်ထင်း
အချိုးရလွယ်သလို
သင်းကွဲသည့်နွား
ကျားဆွဲရလွယ်သလို
ဖြစ်နေပေလိမ့်မယ်

ထို့ကြောင့်
ဤအသင်းမှာဖြစ်စေ
နောက်အသင်းမှာဖြစ်စေ
စည်းလုံးကြဖို့  ညီညွတ်ကြဖို့
အရေးကြီးသည်
သွေးစည်းပါ သွေးမကွဲပါနဲ့
ညီညွတ်ပါ သင်းမကွဲပါနှင့်
မသိသူကိုသိအောင်
နားမလည်သူကို နားလည်အောင်  ရှင်းပြပါ

အသင်းတစ်သင်း၌
အဓိက သော့ချက်သည်
နားလည်မှုပင်ဖြစ်သည်
နားလည်မှုမရှိလျှင်
အဖွဲ့တစ်ခု တည်ဆောက်ဖို့
မလွယ်ပါ
ထို့ကြောင့် စည်းလုံးခြင်းသည်အင်အား
အင်အား ဖြစ်စေဖို့အတွက်
နားလည် ဖေးမ ကူညီပါ

~~~~~~~~~~~~~~


အသင်းသား/အသင်းသူ
အားလုံးစည်းလုံးညီညွတ်
ကြပါစေ။ လို့  ဆုတောင်းရင်း


အသင်းသား/အသင်းသူ
အားလုံးကို
         အစဉ်လေးစားလျက်။
        

**************
{မသေခင်လေးမှာ}

မသေခင်လေးမှာ
    နာမည်ကြီးဖို့--မလိုပါဘူး
    အသိကြီးဖို့----လိုပါတယ်။

မသေခင်လေးမှာ
   နာမည်လှဖို့---အဓိကမကျပါဘူး
   စေတနာလှဖို့--အဓိကကျပါတယ်။

မသေခင်လေးမှာ
  နာမည်လုပ်ယူဖို့ မလိုပါဘူး
  သိက္ခာတရား လုပ်ယူဖို့လိုပါတယ်။

သေပြီးနောက်မှာ
စည်းစိမ်ဥစ္စာခမ်းနားစွာ ကျန်ရစ်ဖို့မလိုပါဘူး
ကုသိုလ်တရားတွေ ခမ်းနားစွာပါသွားဖို့လိုပါတယ်။

သေပြီးနောက်မှာ
  ကျန်ရစ်သူတွေ တမ်းတငိုကြွေးနေဖို့မလိုပါဘူး
  ကျန်ရစ်သူရဲ့နှလုံးသားထဲ
   အတုယူဖွယ်စိတ်ထားများ ချန်ရစ်ထားခဲ့ဖို့လိုပါတယ်။

သေပြီးနောက်မှာ
   အုတ်ဂူကောင်းကောင်း ကျန်ခဲ့ဖို့မလိုပါဘူး။
   သမိုင်းကြောင်းကောင်းစွာ ကျန်ခဲ့ဖို့ပဲလိုပါတယ်။

T.T
=================================



အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths