Monday, April 4, 2016

ခေါင်းဆောင်ကောင်းတို့၏အရည်အချင်းများ



ခေါင်းဆောင်ကောင်း၏ အရည်အချင်းများ
=======================

၁။ ဇွဲသတ္တိရှိခြင်း

သတ္တိမရှိသူ၊ မိမိကိုယ် ယုံကြည်မှုမရှိသူရဲ့ တပည့် မည်သူမျှ မလုပ်လိုပေ။ အသိဉာဏ်ရှိသူဟာ ယင်းခေါင်းဆောင်၏ လက်အောက်တွင် ကြာရှည်စွာနေနိုင်မည်မဟုတ်ပေ။

၂။ မိမိကိုယ်ကို ထိန်းချုပ်နိုင်ခြင်း

မိမိကိုယ်ကို မထိန်းချုပ်နိုင်သူဟာ သူတစ်ပါးကို ထိန်းနိုင်မည် မဟုတ်ပေ။ မိမိကိုယ်ကိုယ် ထိန်းချုပ်ပေးနိုင်တဲ့အတွက် တပည့်များအဖို့ စံနမူနာအဖြစ် အတုယူလာနိုင်ပါတယ်။

၃။ တရာမျှတခြင်း

ဦးဆောင်ရတဲ့အခါ တရားမျှတမှုမရှိလျှင် တပည့်များ၏လေးစားမှုကို မယုံကြည်ကြောင်းပြသလိုဖြစ်ပြီး သူတစ်ပါးကို အောင်မြင်စွာ ဦးဆောင်နိုင်မည် မဟုတ်ပေ။

၎။ တိကျပြတ်သားတဲ့ လုပ်ငန်းစဉ်ရှိခြင်း

ခေါင်းဆောင်ကောင်းဟာ လုပ်ငန်းအစီအစဉ်ကို ကိုယ်တိုင်ရေးဆွဲပြီး ယင်းအစီအစဉ်အတိုင်း အကောင်အထည်ဖော်ရမည်။ လက်တွေ့ဖော်ဆောင်နိုင်တဲ့ တိကျပြတ်သားတဲ့ လုပ်ငန်းစဉ်မရှိပဲ မှန်းဆပြီး ဦးဆောင်နေသူဟာ ပဲ့မပါတဲ့ လှေနဲ့တူပြီး မကြာမီ ကျောက်ဆောင်နဲ့ ဝင်တိုးလိမ့်မယ်။

၅။ အနစ်နာခံခြင်း

ခေါင်းဆောင်ကောင်းဟာ အခြေအနေတောင်းဆိုလာပါက ငယ်သားများအတွက် အနစ်နာခံနိုင်ရမယ်။

၆။ ဥပဓိရုပ်ကောင်းခြင်း

ဖြစ်ကတတ်ဆန်း နေထိုင်ပြောဆိုသူဟာ ခေါင်းဆောင်ကောင်း ဖြစ်မလာနိုင်ပေ။ ရိုသေလေးစားထိုက်မှ ခေါင်းဆောင်ကောင်း ဖြစ်နိုင်မယ်။
ဥပဓိရုပ် ညံ့ဖျင်းလျှင် ခေါင်းဆောင်တော့ဖြစ်နိုင်တယ် ငယ်သားများ လေးစားမည်မဟုတ်။

၇။ နားလည်စာနာတတ်ခြင်း

ခေါင်းဆောင်ကောင်းဟာ တပည့်များအပေါ် စာနာစိတ်ရှိတယ်။ တပည့်များရဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာများကို နားလည်သဘောပေါက်တယ်။

၈။ စေ့စပ်သေချာခြင်း

ခေါင်းဆောင်ကောင်းဟာ အရာရာကို စေ့စပ်သေချာစွာ ဦးဆောင်မှုပေးနိုင်တယ်။

၉။ တာဝန်ယူခြင်း

ခေါင်းဆောင်ကောင်းဟာ တပည့်များနဲ့ပက်သက်ပြီး တာဝန်ယူနိုင်တယ်။ ယခုလိုတာဝန်မယူနိုင်လျှင် ခေါင်းဆောင်ကောင်း မဖြစ်နိုင်ဘူး။ တပည့်တစ်ဦးတစ်ယောက် အမှားပြုလုပ်မိလျှင်၊ ဖြစ်မြောက်အောင်မလုပ်လျှင် မိမိတွင် တာဝန်ရှိသည်ဟု ခေါင်းဆောင်အနေနှင့် သဘောပိုက်ရမည်။

၁၀။ ပူးပေါင်းဆောင်ရွက်ခြင်း

ခေါင်းဆောင်ကောင်းဟာ ပူပေါင်းဆောင်ရွတ်မှု သဘောကို လက်ခံပြီး လက်တွေ့ကျင့်သုံးသူဖြစ်တယ်။ တပည့်များကိုလည်း လက်ခံကျင့်သုံးနိုင်အောင် စည်းရုံတယ်။ ခေါင်းဆောင်မှုတွင် စွမ်းအားလိုတယ်။ ပူးပေါင်းဆောင်ရွတ်မှသာ စွန်းအားဖြစ်ထွန်းနိုင်မည်။

(နံပါတ်ဝမ်း စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်)



အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths