ဟောပြောပွဲတစ်ခုမှာ ဟောပြောသူက ဟာသတစ်ခု ပြောလိုက်တယ်။ သူ့ဟာသက ကောင်းလွန်းလို့ ပရိသတ်ဟာ ဝေါကနဲ ပွဲကျပြီး ရယ်လိုက်ကြတယ်။ ခနကြာတော့ သူက ဒီဟာသကိုပဲ ထပ်ပြောလိုက်တယ်။ ပရိသတ်ရဲ့ ရယ်မောသံ လျော့နည်းသွားတယ်။ ခနကြာတော့ သူက ဒီဟာသကိုပဲ ထပ်ပြောလိုက်ပြန်တယ်။ ပရိသတ်ထဲက ၁ ယောက် ၂ ယောက်လောက်ပဲ ရယ်ကြတယ်။ ခနကြာတော့ သူက ဒီဟာသကိုပဲ ၄ ကြိမ်မြောက် ထပ်ပြောလိုက်ပြန်တယ်။ ဘယ်သူမှ မရယ်ကြတော့ဘူး။
ဒီတော့မှ သူက ပြုံးပြီး ခုလို ပြောလိုက်ပါတယ်။
"ခင်ဗျားတို့ဟာ ဟာသတခုကို အကြိမ်ကြိမ်ကြားတဲ့ အခါ မရယ်ကြတော့ဘူး။ ဒါပေမဲ့ အဖြစ်အပျက်တစ်ခုအတွက်ကျတော့ ဘာကြောင့် ထပ်ခါတလဲလဲ ငိုကြွေးနေကြတာလဲ"တဲ့။
ယနေ့ အင်တနက်ပေါ်မှာ ဖတ်လိုက်ရတဲ့ အတွေးလေးတစ်ခုပါ။
Credit: ဗန်းမော်သိန်းဖေ

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment