ချာလီပလန်ဘ်(Charles Plumb)သည် ဗီယက်နမ်စစ်ပွဲ ကာလတွင် အမေရိကန် ရေတပ်၌ ဂျက်တိုက်လေယာဉ်မှုး တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
တိုက်ပွဲကာလအတွင်း ၇၅ မြောက် သူ့ လေယာဉ်ပျံ တိုက်ပွဲ ဆင်နွဲချိန်၌ မြေပြင်မှ
ဒုံးကျည်အပြစ်ခံရပြီး ပလန်ဘ် လေယာဉ် ပျက်ကျခဲ့ပါသည်။ သူကတော့ လေထီးနှင့်
ခုန်ချခဲ့၍ အသက်ရှင်ခဲ့သော်လည်း ဗီယက်နမ် ကွန်မြူနစ်များ လက်တွင်း၌ ၆နှစ်
ကြာအောင် အကျဉ်းသားအဖြစ် ရောက်ရှိခဲ့ပါသည်။ သူ၏ အသက်ရှင်ဖို့အတွက် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရ ပြီး စစ်ပွဲ ပြီးချိန်မှသာ ပြန်လည် လွတ်မြောက်ခဲ့ပါသည်။
နောက် တပ်မှ အငြိမ်းစားယူခဲ့ပြီး သူ၏ ဗီယက်နမ်စစ်ပွဲအကြောင်းကို ပြန်လည် ဟောပြော၍ သင်ခန်းစာတန်း ဖွင့်လှစ် ပြီး ဘဝကို ဆက်လက်ရပ်တည်ခဲ့ပါသည်။
တစ်နေ့ သူ့ ဇနီးနဲ့အတူ စားသောက်ဆိုင်တစ်ခုအတွင်း ထိုင်နေရင်း အခြားစားပွဲမှ
လူတစ်ယောက် သူတို့ စားပွဲသို့ကူးလာပြီး ပလန်ဘ်ကို လာနူတ်ဆက်ပါသည်။
" ခင်မျာ့း့ ပလန်ဘ် မဟုတ်လား ဗျ ?
ချာလီ ပလန်ဘ် ဟုတ်ပါတယ်။ ခင်များ ဗီယက်နမ် စစ်ပွဲမှာတုန်းက တိုက်လေယာဉ် မောင်းတယ်လေ့ ခင်များ တိုက်လေယာဉ် နာမည်က ကစ်တီဟောခ်(Kitty Hawk) နောက့့် ခင်များ ပစ်ချ ခံရတယ်လေ "
" ဟင့်း့ ခင်များ ဒါတွေကို ဘယ်လိုသိနေ လဲ့ ? ခင်များက ဘယ်သူလဲဗျ ? "
လို့ ပလန်ဘ်က ပြန်မေးလိုက်တော့
" ကျွန်တော်က ခင်များရဲ့ လေထီးခေါက်ပေးခဲ့တဲ့ သူပါ ဗျာ " လို့ ပြန်ဖြေလိုက်ပါတယ်
ပလန်ဘ်လည်း အံ့အားသင့်စွာဖြင့် ပင့်သက်ရှိုက်ပြီး ကျေးဇူးတင်စကား ဆိုပါတယ်။ ထိုသူက ပလန်ဘ်လက်ကို ဆုပ်ကိုင်ပြီး
" အဲဒီတုန်းက ကျွန်တော် သေချာလုပ်ပေးခဲ့ရဲ့လားဗျာ " ဆိုတော့ ပလန်ဘ်ကလည်း
" သိပ်သေချာတာပေါ့ ဗျာ့ ခင်များသာ လေထီးကို ကောင်းစွာမခေါက်ပေးခဲ့ရင်
ဒီနေ့ ဒီနေရာမှာ ပြန်တွေ့စရာ အကြောင်းမရှိဘူးလေ "
ထို တစ်ညလုံး ပလန်ဘ် အိပ်မပျော်ပဲ စဉ်းစားခန်း ဝင်နေမိပါတယ်။ ထိုသူကို ဖြေးဖြေးချင်း ပုံဖေါ်ကြည့်တော့ ရေတပ်ယူနီဖေါင်း ဝတ်ထားတယ် ဦးထုပ်အဖြူ ဆောင်းထားတယ် အောက်ခြေပွဘောင်းဘီဝတ် လျက် မနက်တွေ့တိုင်း " မင်္ဂလာပါ " " ဒီနေ့ အဆင်ပြေပါရဲ့လား " အမြဲတမ်း နှုတ်ဆက်တာတွေ ပြန်အမှတ်ရ လာမိပါတယ်။
သူက လေယာဉ်မှုး ဟိုက ရိုးရိုးရေတပ်သားတစ်ယောက် အဆင့်က ကွာနေတော့ ပြုံးပြခေါင်းညိတ်ရုံက လွဲပြီး ပြန်လည် စကားမဆိုမိခဲ့ပါဘူး။ သူတို့ ရေတပ်သားတွေ သင်္ဘောဝမ်းဗိုက်ထဲက သစ်သားစားပွဲကြီးပေါ်မှာ
လေထီးတွေ သေသေသပ်သပ် ခေါက်တာတွေ ကြိုးတွေကိုသေချာ ရှင်းလင်းနေတာတွေ လေယာဉ်မှုးတွေ ရဲ့ ကျောပေါ် လေထီးအိတ်ကို သေချာချည်နှောင်ပေးနေတာတွေကို ပြန်လည် မြင်ယောင်လာပါတယ်။
တစ်စုံတစ်ယောက်ရဲ့ ကံကြမ္မာကို ဘယ်လိုဖြစ်လာမယ်ဆိုတာ မသိပေမယ့် သူတို့တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်ခဲ့ကြပါတယ်။
သူတို့ရဲ့ အလုပ်ကိုပေါ့လျော့စွာ လုပ်ခဲ့မယ်ဆိုရင် လေထီးခုန်သူတွေအတွက် အန္တရာယ်ကြီးမားစွာ ကြုံရ မှာ ဖြစ်ပါတယ်။ အခုလည်း ပလန်ဘ်အနေနဲ့ လေယာဉ်ပျက်ကျခဲ့သော်လည်း လေထီးကောင်းစွာ ပွင့်ခဲ့၍ အသက်ရှင်ခဲ့ရတယ်။ တစ်ချိန်က သူကို နူတ်ဆက်ခဲ့ပေမယ့် ပြန်လည် မနူတ်ဆက်ခဲ့မိတာကို စိတ်မကောင်း ဖြစ်သွားခဲ့ပါတယ်။
နောက်နေ့ သူ့ ဟောပြောပွဲမှာ သူပရိသတ်အား ဒီအကြောင်း ပြောပြပြီး
မိမိရဲ့ လေထီးမျာ့း့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ စိတ်ဓါတ်များ ခံစားမှုများအတွက် တစ်ထောင့်တစ်နေရာ မှ ပြင်ဆင်ပေးသည့် လူများအပေါ် ခုကတည်းက သတိထားကြည့်ပြီး နူတ်ဆက်စကား ကျေးဇူးတင်စကား ပြောကြားသင့်ကြောင်း ဟောပြော ပို့ ချ ပေးခဲ့ပါတယ်။
ဒီ အဖြစ်အပျက် အကြောင်းအရာကို ဖတ်ရူမိရင်း ကျွန်တော်တို့ ဘဝတွေမှာရော အသက်ရှင်ဖို့ အသက်ကယ် လေထီးတွေပြင်ဆင် တပ်ဆင်ပေးသူတွေ ရှိပါတယ်။
အပန်းမကြီးရင်တော့ နူတ်ဆက်စကား ကျေးဇူးတင်စကားလေး ဆိုသင့်သည်ဟု
ခံယူမိပါတယ် ဗျာ ။
kazaw
Credit: မှ တ် စု ကြ မ်း
( Ref : )
Who packed your Parachute ?

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment