"ကျွမ်းကျင်တယ်ဆိုတာ မှန်မှန်ကန်ကန်လုပ်တာ၊ ထိရောက်တယ်ဆိုတာ မှန်တာကိုလုပ်တာ"
>> ကျွန်တော်တို့ရဲ့အချိန်တွေ သွင်းအားစုတွေကို အသုံးချတဲ့နေရာမှာ အမှန်တရားတစ်ခုက လုံးဝရိုးရှင်းပြီး လွယ်ကူပါတယ်။ အဲ့ဒါက ကျွန်တော်တို့ အချိန်တွေ၊ သွင်းအားစုတွေကို မှန်မှန်ကန်ကန် အသုံးမချတတ်တာပါပဲ။ ဘ၀မှာ လုပ်သင့်တဲ့အလုပ်နဲ့ မလုပ်သင့်တဲ့ အလုပ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ သင်တစ်ခုခုကို လုပ်တော့မယ်ဆိုရင် စဉ်းစားရမှာက လုပ်သင့်၊ မလုပ်သင့်ပါပဲ။
တချို့က မှန်ကန်တဲ့အလုပ်ကို လုပ်ကြတယ်။ ဒါပေမယ့် အချိန်တွေ၊ သွင်းအားစုတွေကို အကျိုးရှိစွာ အသုံးမချကြဘူး။ ဆိုလိုချင်တဲ့သဘောကတော့ မှန်ကန်တဲ့၊ လုပ်သင့်တဲ့အလုပ်တွေကို ပြီးမြောက်ခဲ့ပေမယ့် အချိန်တွေကတော့ လိုတာထက်ပိုကုန်၊ သွင်းအားစုတွေလည်း လိုတာထက်ပိုကုန်ခဲ့တယ်ပေါ့။
အဲ့ဒါကြောင့် အလုပ်တစ်ခုကို အင်နဲ့အားနဲ့ပြီးမြောက်အောင် လုပ်တယ်ဆိုတဲ့နေရာမှာ ထိရောက်ရုံတင်မကပါဘူး ကျွမ်းလည်း ကျွမ်းကျင်ရပါတယ်။ ထိရောက်တယ်ဆိုတာ လုပ်သင့်တဲ့အလုပ်၊ ပြီးဆုံးခြင်းဖြစ်ပြီး ကျွမ်းကျင်တယ်ဆိုတာ လုပ်သင့်တဲ့အလုပ်ကို မှန်ကန်တဲ့ နည်းလမ်းနဲ့သုံးပြီး ပြီးဆုံးစေခြင်းပါ။
ဥပမာ - ဆယ်တန်းကျောင်းသားတစ်ယောက် တစ်နေ့ ၆ နာရီစာကျက်ပြီး စာမေးပွဲအောင်တာ ထိရောက်တာပါ။
နောက်တစ်ယောက်က ၆ နာရီစာကျက်ပြီး ဂုဏ်ထူးထွက်တာဟာ ကျွမ်းကျင်စွာထိရောက်တာပါ။ သွင်းအားစုတူပေမယ့် ထိရောက်မှုနဲ့ ကျွမ်းကျင်မှုဟာ ရလဒ်မတူနိုင်ပါဘူး။ ဒါ့ကြောင့် အလုပ်တိုင်းကို ထိထိရောက်ရောက်သာမက ကျွမ်းကျင်ဖို့လိုပါတယ်။
(အောင်စည်သာ မြန်မာပြန်ဆိုသည့် ထိပ်ဆုံးသို့အရောက်သွားမည် ဘ၀အောင်မြင်ရေးလျှို့ဝှက်ချက်များ စာအုပ်မှ ...)
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment