Monday, August 29, 2016

အလုပ်တစ်ခုကိုဘယ်အချိန်မှာစတင်မလဲ





"အလုပ်တစ်ခု လုပ်ဖို့ ၁၀၀ ရာခိုင်နှုန်း လုပ်သင့်တယ်လို့ ထင်လာတဲ့အထိ မစောင့်ပါနဲ့။ လုပ်သာလုပ်ချလိုက်ပြီး လုပ်လိုက်ရလို့ ကျေနပ်တဲ့ ခံစားမှုကို ခံယူလိုက်ပါ"

>> ကျွန်တော့်တပည့်မ ဂယ်ရီနဲ့ပတ်သက်ပြီး သူမ လုံးဝမလုပ်ချင်တဲ့အလုပ်တစ်ခုကို လုပ်ပြီး ကျွန်တော့်ကို အန္တရာယ်တွင်းထဲက ဆွဲထုတ်ပေးခဲ့တာ မှတ်မိမှာပါ။ ဒါပေမယ့် အဲ့ဒီပထမတစ်ကြိမ် ကတည်းက သူမဟာ လုပ်ချင်ကိုင်ချင်စိတ်တွေ၊ တက်ကြွမှုတွေရှိလာပြီး အရည်အချင်းတွေ တိုးတက်လာခဲ့တယ်။ သူမရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေရော၊ ကိုယ်ရည်ကိုယ်သွေးတွေပါ ပွင့်လန်းလာခဲ့ပြီ။ သူမ အလုပ်မှာ တိုးတက်လာခဲ့တယ်ပေါ့။ သူမ ရည်မှန်းချက်ကြီးကြီးတွေ ချတတ်လာတယ်။ အကောင်းမြင်စိတ်လည်း တက်လာခဲ့တယ်။ ရလဒ်တွေကလည်း စကားပြောလာတာပါ။

ဂယ်ရီဟာ အရင်ကတည်းက အမှီအခိုကင်းပြီး တက်ကြွတဲ့ ခွန်အားရှိသူပါ။ အဲ့ဒီကိုယ်ပိုင်အရည်အချင်းကို ဖြစ်ရပ်လေးတစ်ခုကနေ အောင်မြင်ရေး အရည်အချင်တွေ ထပ်ပေါင်းထည့်နိုင်ခဲ့ပါတယ်။ ကိုယ်ပိုင်တွန်းအားပေးမှုနဲ့ပေါ့။ အဲ့ဒီကနေ လှုံ့ဆော်မှုနဲ့ပတ်သက်တဲ့ သင်ခန်းစာ ရတာပါပဲ။

အဓိကအချက်ကို ဘယ်တော့မှ မမေ့နဲ့။ သူမရဲ့ လုပ်ချင်ကိုင်ချင်တယ်ဆိုတဲ့ မိမိကိုယ်ကို လှုံ့ဆော်မှုဟာ အလုပ်တစ်ခုကို စခဲ့ပြီးမှ ဖြစ်ပေါ်လာတာပါ။ သင်ခန်းစာက ကောင်းမွန်တဲ့ အလုပ်တစ်ခုကို လုပ်ဖို့ လုပ်သင့်ပြီဆိုတဲ့ ခံစားမှုပေါ်လာတဲ့အထိ မစောင့်ပါနဲ့။ အဲ့ဒီအလုပ်ကို စလုပ်ပြီး လုပ်သင့်တယ်ဆိုတာကို ခံစားလိုက်ပါ။ အဲ့ဒါဟာ တာဝန်ယူတတ်မှုပါပဲ။ ဂယ်ရီကလည်း ဒီလိုပါပဲ။ သူမဘ၀လည်း တိုးတက်လာခဲ့တယ် သူရဲ့ပုံရိပ်လည် တိုးတက်လာခဲံပါတယ်။

သင်လည်း အဲ့ဒီလို ဖြစ်နိုင်ပါတယ်။ တစ်ခုခုကို လုပ်ဖို့ လှုံ့ဆော်တဲ့ လုပ်ချင်ကိုင်ချင်စိတ်ကို မစောင့်ပါနဲ့။ အဲ့ဒီစိတ်ဟာ သင်ပထမခြေလှမ်းလှမ်းပြီးတာနဲ့ အလိုလို ဖြစ်ပေါ်လာပါလိမ့်မယ်။

(အောင်စည်သာ မြန်မာပြန်သည့် ထိပ်ဆုံးသို့အရောက်သွားမည် ဘ၀အောင်မြင်ရေးလျှို့ဝှက်ချက်များ စာအုပ်မှ ..)


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths