"ယဉ်ကျေးမှုကို မြတ်နိုးတတ်ပါစေ..."
လူတိုင်းလူတိုင်းမှာ သူတို့ရဲ့လူမျိုး ကိုးကွယ်ရာဘာသာအလိုက် ယဉ်ကျေးမှုတွေရှိတတ်ကြပါတယ်။ ဘယ်ဘာသာ ဘယ်လူမျိုးရယ်မှ မဟုတ်ပါဘူး။ အားလုံးသောသူတွေအားလုံးက ကိုယ့်ယဉ်ကျေးမှုကို ကိုယ်တိုင် မြတ်နိုးတတ်ဖို့ လိုပါတယ်။ သူတစ်ပါးယဉ်ကျေးမှုတွေနဲ့ အခြားသူတွေရဲ့ ယုံကြည်ရာတွေကိုလည်း ပုတ်ခတ်ဖို့မလိုပါဘူး။ ကိုယ့်လူမျိုးကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ်ပိုင်ယုံကြည်ရာအတိုင်း လျှောက်လှမ်းဖို့ပဲ လိုတာပါ။ ကိုယ်ပိုင်ဟန်နဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုကိုတော့ ရှောင်လွှဲမသွားဘဲ မြတ်နိုးတန်ဖိုးထားဖို့တော့ လိုပါတယ်။
မုန်း (BeeTalk)
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment