တခါက သူငယ်ချင်းနှစ်ယောက် တောထဲဝါးသွားခုတ်ကြတယ်...
တစ်ယောက်က သူ့အိမ်မှာ တကယ်အသုံးလိုမယ့်
ဝါး ၅ ကို သေသေချာချာ စည်းပြီး သယ်လာတယ်
နောက်တစ်ယောက် အိမ်အတွက် လိုလို ပိုပို ၁၀ လုံး ခုတ်လာတယ်..
ဒါပေမယ့် အပြန်ခရီးက ဝေးတာကြောင့်ရော
တောင်တစ်တောင်ကို ကျော်ဖြတ်ရတာရောကြောင့်
ဝါးလုံး များများ သယ်တဲ့သူဟာ ပင်ပန်းလာတယ်
နောက် မတတ်နိုင်တဲ့အဆုံး ဝါးအရင်းတွေ
ခုတ်ဖြတ်ထားခဲ့တယ်....
ပြန်ရောက်တဲ့အချိန်မှာတော့ တစ်ယောက်က ဝါး၅လုံး
နောက်တစ်ယောက်က ဝါး ၁၀ လုံး ဒါပေမယ့် အရင်းပိုင်းတွေ သူ့ဆီပါမလာတော့ဘူး
အဲ့တော့ တစ်ယောက်က ကိုယ့်လိုချင်တာကို တိတိကျကျ
ရည်မှန်းပြီး လိုအပ်သလောက်ပဲ လောဘ အနည်းဆုံးနဲ့
ပေါ့ပေါ့ပါးပါး သယ်ဆောင်လာတယ်
နောက်တစ်ယောက်က လောဘ ပါတယ် အပို
လိုအပ်ရင်
အသုံးပြုလို့ရအောင် သယ်နိုင်သလောက် သယ်လာတယ်
ဒီလိုသယ်ဆောင်ရင်းနဲ့ပဲ ပင်ပန်းမှုအခြေအနေအရ
သူအိမ်ပြန်ရောက်ချိန်မှာ ဝါးဟာ အရင်းပိုင်းတွေ ပါမလာတော့ဘူးပေါ့...သူပုခုံးမှာလည်း
အရေပြားဟာ ပေါက်ပြဲမှုအနည်းငယ်ဖြစ်ခဲ့တယ်...
ဘဝ မှာ ရည်ရွယ်ချက်ကို တိတိကျကျ သတ်မှတ်ထားသူအတွက်ကျတော့
သူလိုချင်သော အရာကိုသာ တစိုက်မတ်မတ် ရယူသွားကြတယ်...
များများ လိုချင်တဲ့သူကတော့ များများပေးဆပ်ရမြဲလေ
ကိုယ် ဘယ်လောက်လိုချင်သလဲဆိုတဲ့အပေါ် မူတည်ပြီး
ပေးဆပ်မှုတွေရှိလာမယ် ပင်ပန်းမှုတွေ ရှိလာမယ်..
လမ်းခရီးတစ်ခုကို သွားတာခြင်း တူပေမယ့်
သယ်ဆောင်လာကြတဲ့ ပစ္စည်းခြင်း မတူညီကြဖူးလေ
ဆိုင်ကယ်စီးနေကြတာခြင်း တူနေရင်တောင်
အမျိုးအစားတော့ကွဲတယ်....
ဘဝကိုကျော်ဖြတ်တာခြင်း တူညီကြပေမယ့်
လုပ်ဆောင်ပုံခြင်း ကွာခြားကြတယ်
ဖြတ်သန်းပုံခြင်း ကွာခြားကြရင်း
ခရီးဆုံးမှာ တို့တွေ ဘာကို အဓိကထားပြီး ရယူမလဲဆိုတာ
ဆုံးဖြတ်ချက်သည် မိမိအတွက် ဖြစ်ပါစေ
Credit: ဘာမထီ ဘွား
0 comments:
Post a Comment