Sunday, October 23, 2016

ဒိုင်းခင်ခင်



မောင်ဖေငယ် ဆိုတာ ဒိုင်းခင်ခင် ရဲ့ မိခင်ဖခင်တွေ ကမွေးစား ထားတဲ့မွေးစားသားပါ။ မောင်ဖေငယ်နှင့် ဒိုင်းခင်ခင် ကလဲ ငယ်တုန်း ကတော့ အကို နှင့် ညီမ မောင်နှမလို သိပ်ချစ်ကြတာပေါ့။

မောင်တော်နှင့် နှမတော် လို့ ခေါ်ကြသကိုး.. အရွယ်ရောက်လာတော့ သွေးသားမတော်စပ်မှန်းသိလာတော့ ရင်ထဲကအချစ်တွေဟာ ၅၂၈ မေတ္တာ ကနေ ၁၅၀၀အချစ်ပြောင်းသွားခဲ့ကြပါသတဲ့ မောင်ဖေငယ်နှင့် ဒိုင်းခင်ခင် တို့ ရဲ့ ခိုင်မြဲသော သံယောဇဉ် ကို သိလို့ သူတို့ နှစ်ဦး ကို လက်ထပ်ပေးဖို့ ကတိတွေ မိဘ၂ပါး ကလဲပေးပြီးသားပါ။

မောင်ဖေငယ်ဟာ ဒိုင်းခင်ခင် ကို ချစ်လိုက်တာ အူတုန် သဲလှိုက် ချစ်သလို ဒိုင်ခင်ခင် ကလဲ မောင်ကြီး မောင်ကြီးနှင့် မျက်စေ့အောက်က အပျောက် မခံနိုင်အောင်ပါဘဲတဲ့.. မောင်ဖေငယ်နှင့် သီပေါမင်းဟာ ငယ်သူငယ်ချင်းတွေ လို့ ဆို ပါတယ် .. တရက် မောင်ဖေငယ် နှင့် သီပေါ တို့ တွေ့ ကြရာမှာ ဒိုင်းခင်ခင် ကို မင်းသီပေါ မြင်သွားပါသတဲ့... 

မင်းသီပေါဟာ သူငယ်ချင်းရဲ့ ညီမဆိုပြီး သူငယ်ချင်း ကို ပြောပါသတဲ့ မင်းညီမတော် ကို သဘောတော်ကျတယ်ပေါ့.. အဲဒီမှာ မောင်ဖေငယ် ခေါင်းမြွေ ပေါက်တော့တာပါဘဲ.. နှမလို တမျိုး ချစ်သူလို တသွယ် ချစ်လာခဲ့တဲ့နှစ်တွေ သံယောဇဉ်တွေ.. မောင်ဖေငယ်နှဖူးပေါ်လက်တင်စဉ်းစား ရပြီပေါ့..

မောင်ဖေငယ်နားမှာ ဒိုင်းခင်ခင်လေးကတော့ဘာမသိညာမသိမောင်ကြီး နေမကောင်းတာလား... မောင်ကြီးစားမ၀င်တာလား ... အော် စုံလို့ ပေါ့ ပါးစပ် ကတွတ်တီး တွတ်တာ ..အော်ချစ်နှမလေးပြောသမျှ ဆွဲလဲသံလေးပါဘဲ... သူငယ်ချင်း ဖြစ်သူ သီပေါကလဲ အချိန်တော့ပေးပါရဲ့ 

အဲ နောက်ဆုံးတစ်ည... မောင်ဖေငယ် နှမတော် ကို ပြောရပြီပေါ့... နှမတော် မောင်ကြီး နှမတော် ကို သိပ်ချစ်တယ်နော်.. အော်မောင်ကြီးရယ် နှမတော် ကို မောင်ကြီးချစ်တာ နှမတော်သိပါတယ်.. ဒါပေမယ့်  နှမတော် ..မောင်ကြီး ပြောချင်တယ်.. ပြောပါမောင်ကြီး .. မောင်ကြီး ကလေ နှမတော် ရဲ့ ဖခင် ..မိခင်တွေ စောင့်ရှောက်လို့ ကြီးပြင်းလာရတာ နှမတော်ရဲ့... အင်းလေ အဲဒါ နှမတော် သိသားဘဲ... မောင်ကြီးပြောချင်တာ နှမတော် မောင်ကြီးနှင့်လက်ဆက်ရင် ဘာမှဖြစ်လာမှာမဟုတ်ဘူးလေ.. 

ဟိုနေ့ က မောင်ကြီးသူငယ်ချင်း သီပေါနှင့် တွေ့ တော့ သူပြောတယ် နှတော် ကို သဘောကျလို့ တဲ့နှမတော် အဲဒါဘာဖြစ်လဲမောင်ကြီး .. မောင်ကြီးနှင့် နှမတော် က လက်ဆက်ကြမယ် သူတွေလေ.. မောင်ကြီး ကိုနှမတော်ချစ်တယ် မောင်ကြီးကို မခွဲနိုင်ဘူး.. ဒါပေမယ့်နှမတော်ရယ် သီပေါ ကမ်းလှမ်းတာလက်ခံရင် နှမတော် ဘုရင်ကတော် ဖြစ်မှာ.. နှမတော် ဘ၀သာယာမယ်.. နှမတော် ဘ၀ချမ်းမြေ့မယ် မောင်ကြီးနှမတော်ကိုချစ်တာ ပိုင်ဆိုင်လိုမှု နှင့်ချစ်တာမဟုတ်ပါဘူး နှမတော်ဘ၀သာယာချမ်းမြေ့မယ်ဆိုရင် မောင်ကြီး ပီတိဖြစ်နေမှာပါ .. အဲလိုနှင့်အမျိုးမျိုးချော့ပြောပြတော့ ဒိုင်းခင်ခင်လဲ မောင်ကြီး ပြောသမျှ လက်ခံပါတယ်

အဲဒီည နှမတော်လေး ကို သီပေါဆီ လက်မဆက်ခင်မှာ ပူဆွေး ငိုကြွေးကြတာဟာ တောင်သမန် အင်းကြီးများ လျှံ လေမလား ပြောရလောက်အောင် အချစ်အတွက် ပူဆွေး ငိုကြွေးကြတာပေါ့..

မောင်ဖေငယ်နှင့် ဒိုင်းခင်ခင် တို့ ဘယ်လိုပင် ချစ်ကြသော်လည်း ပေါင်းကြရလို့ ချစ်သူရည်းစားများ ဟိုရှေးရှေး ကဆိုရင် တောင်သမန်အင်း ကို မသွားကြပါဘူးတဲ့ မပေါင်းဘက်ရဘဲ ကွဲမှစိုးလို့ တဲ့ ကျနော် ဦးပိန် တံတားပေါ်ရောက်တော့ နားစရား ထိုင်ခုံလေးတိုင်းမှာ ကွဲခဲ့ ကြတဲ့ ချစ်သူတွေ မှတ်တမ်းတွေရေးထားတာများ... လွမ်းတတ် သနားတတ်ရင် ဖတ်ပီး ရင်မှာမချိစရာပါဘဲ (အတွဲရှိသူတွေ အဲဒီဘက် မသွားကြနှင့်နော်)(စကားချပ်)

မောင်ဖေငယ်ထင်နေတာက ဒီတညတာ ပူဆွေးရပေမယ့်တဘ၀တာ နှမတော် အေးချမ်းသာယာမှု ကိုပါ .. နှမတော် ဘ၀ သာယာဘို့ နှလုံးသားကို စတေး ပြီး ချစ်သူအတွက် အနစ်နာခံ ခဲ့တာပါ.. တကယ်တော့ မောင်ဖေငယ်လို အချစ်ဆိုတာ ရယူပိုင်ဆိုင်လိုခြင်းနှင့် ချစ်တာမဟုတ်ပါဘူး ပေးဆပ် လို ခြင်းပါ... 

ခုခေတ်တော့ အဲလိုများရှိမလားမသိ... ရည်းစား လေးဖြစ်ပြီးမှမကြာ .. ဟိုရောက်ဒီရောက်.. အဲ..မောင်ဖေငယ်လို သန့် ရှင်းဖြူစင်သောချစ်ခြင်းဆိုတာ ရှားမှ ရှားပါဘဲ.. တကယ်တော့ စစ်မှန်သော မေတ္တာဆိုတာ မပိုင်ဆိုင်ရလဲ ချစ်သူဘ၀ သာယာနေရင် ကြည်နူးနေရမှာပါ... (မောင်ဖေငယ် နှင့် ဒိုင်းခင်ခင် တို့ ရဲ့ နောက်ဆက်တွဲ ဇတ်လမ်း ကိုတော့ သီးသန့် တင်ဆက်ပါမယ် အလျှဉ်း သင့်ရင်ပေါ့ စာဖတ်သူလဲ အလိုကျခဲ့ရင်ပေါ့လေ) 

ဒီစာကိုဖတ်ပြီး ကိုကို ညီညီ ရွှေမြန်မာ များ အမျိုးကောင်းသမီး လေးတွေ ကို နှမလိုတမျိုး ချစ်သူ လို တစ်သွယ် ချစ်တတ်မယ် ဆိုရင် ကြေနပ်နေမိမှာပါ.. ချစ်ညီမလေးတွေ ချစ်မမ တွေ လဲ မောင်ဖေငယ်လို စာနာတတ်သူနှင့်တွေ့ ပြီး အကြောင်းဆက် ပေါင်းဖက်နိုင်ကြပါစေ လို့  ဆန္ဒချွေလျှက်

Credit : အတီး(၀ါးလုံးရှည်)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths