လူတွေဟာ အလုပ်တာဝန်များတာနဲ့အမျှ
ကျောင်းသားကလည်း ကျောင်းသားအလျောက်
ဝန်ထမ်းကလည်း ဝန်ထမ်းအလျောက်
အထက်လူကြီးကလည်း အထက်လူကြီးအလျောက်
စိတ်ဖိစီးမှုဒဏ်တွေပိလာကြလေ့ရှိပါတယ်။
ဒါကြောင့် ဒီလို စိတ်ဖိစီးမှုတွေကနေ အောင်မြင်မှုဆီ လျှောက်လှမ်းနိုင်မယ့်
နည်းလမ်းကောင်းလေးတွေကို ပရိတ်သတ်ကြီးအတွက်
မျှဝေပေးလိုက်ပါတယ်။
(၁) အသက်ဝဝရှုသွင်းပါ
လုပ်လက်စအလုပ်တွေကို ခဏရပ်လိုက်ပြီး မျက်လုံးမှိတ်လိုက်ပါ။
အဲ့နောက် အသက်ဝဝရှူသွင်းလိုက်ပါ။
ခဏလောက်ငြိမ်နေပြီး
စိတ်တည်ငြိမ်မှုရသွားတဲ့အထိ နံပါတ်စဉ်ရေနေလိုက်ပါ။
စိတ်ငြိမ်သွားပြီဆိုမှ မျက်လုံးဖွင့်လိုက်ပါ။
(၂) စီစဉ်ပါ ပြန်ကြည့်ပါ တိုက်ခိုက်ပါ
များသောအားဖြင့် ကျွန်မတို့ စိတ်ရှုပ်ရတဲ့အချိန်တွေဟာ
အတွေးတွေများနေလို့ ဖြစ်ပါတယ်။
အချိန်အနည်းငယ်လေးအတွင်းမှာ အလုပ်တွေအများကြီး ပြီးအောင် လုပ်ရမယ်ဆိုတဲ့
အတွေးရှိနေတာကြောင့်ပဲဖြစ်ပါတယ်။
ဘယ်အရာကို အရင်ပြီးအောင်လုပ်ဖို့လိုအပ်လဲ
ဘာကြောင့်လဲ
အချိန် ဘယ်လောက်ကြာမလဲ ဆိုတဲ့ မေးခွန်းမျိုးတွေကို
ကျွန်မတို့ကိုယ်ကျွန်မတို့ မေးဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် ဒါကို ဘယ်လိုအောင်မြင်အောင် လုပ်မလဲ
စသဖြင့် မေးခွန်းတွေ မေးရမှာဖြစ်ပါတယ်။
ဒါ့ကြောင့် အကောင်းဆုံးက
တစ်နေ့တာလုပ်ရမယ့်စာရင်းကို ပြုလုပ်ထားတာပါပဲ။
(၃) လေ့ကျင့်ခန်းလုပ်ပါ
ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးခြင်းဟာ ကျန်းမာရေးကို ကောင်းစေရုံသာမက
စိတ်ဖိစီးမှုကိုပါ လျှော့ချပေးမှာ အမှန်ပါပဲ။
(၄) အာဟာရနဲ့ ညီညွတ်တဲ့အစားအစာတွေစားသုံးပါ
လူတွေဟာ အလုပ်များလာတာနဲ့အမျှ ရွေးချယ်စားသုံးတဲ့အစားအသောက်တွေကလည်း
ကျန်းမာရေးနဲ့ ညီညွတ်မှု နည်းပါးလာပါတယ်။
များသောအားဖြင့် အာဟာရမညီညွတ်တဲ့အစားအစာတွေကို ပိုရွေးချယ်စားသုံးလာကြလေ့ရှိပါတယ်။
ဒါကြောင့် ဘယ်လောက်ပဲ အလုပ်များပါစေ
အာဟာရညီညွတ်တဲ့အစားအစာတွေကို ရွေးချယ်နိုင်အောင်
ကြိုးစားသင့်ပါတယ်။
(၅) စိတ်တူကိုယ်တူ သူငယ်ချင်းများနှင့်ပေါင်းပါ
ဝါသနာတူ သူငယ်ချင်းတွေ အုပ်စုဖွဲ့ပီး စာတူတူလေ့လာတာဖြစ်ဖြစ်
အတွေ့အကြုံ မျှဝေတာပဲ ဖြစ်ဖြစ် လုပ်ပေးခြင်းဟာလည်း
စိတ်ဖိစီးမှုတွေကို လျှော့ချစေမယ့် နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။
အထက်ပါနည်းလမ်းလေးတွေကို လိုက်နာပြီး
စိတ်ဖိစီးမှုမှသည် အောင်မြင်မှုလမ်းကြောင်းဆီသို့
လျှောက်လှမ်းနိုင်ကြပါစေရှင့်။
Credit-Ads.com.mm
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment