လက်တွေ့လုပ်ဆောင်ပါ .... ဘယ်အရာကိုမှ ကိုယ်တိုင်လုပ်ဆောင်မကြည့်ရသေးမီမှာ အလွယ်တကူ မစဉ်းစား မဆုံးဖြတ်လိုက်ပါနဲ့ .. ကိုယ်တိုင်လေ့လာဆန်းစစ်ပြီး သုံးသပ်ဆင်ခြင်တွေးတောပြီးချိန်မှသာ အကောင်းအဆိုး၊ အမှားအမှန်ကို ဝေဖန်သုံးသပ်သူဖြစ်ပါစေ ...
ဆေးကြောသန့်စင်ပါ ... ကိုယ့်ထံပါးမှာရှိနေတဲ့ အကျင့်စရိုက်ဆိုးတွေ .. လွဲမှားနေတဲ့ အယူအဆတွေ ... မှားယွင်းနေတဲ့ သဘောထားတွေ .. မရှိအပ်တဲ့ မကောင်းမှုတွေကို ကိုယ်တိုင် ဆေးကြောသန့်စင်လိုက်ပါ .. အရာရာ ပြေလည်ပြီး အောင်မြင်သူတစ်ဦး ဖြစ်လာပါလိ့မ်ယ် ...
ထပ်ခါထပ်ခါ အသုံးပြုပါ ... လူတိုင်းမှာ ကိုယ်ပိုင် အစွမ်းအစတွေ ရှိတယ်ဆိုတာ မမေ့ပါနဲ့ ... ဒီအစွမ်းအစတွေကို ထပ်တလဲလဲ အသုံးပြုပြီး ကိုယ့်အတွက် တိုးတက်မှုကို ရှာဖွေပါ .. ပြီးတဲ့အခါ ကိုယ်ပိုင်အစွမ်းတွေကို ထက်မြက်အောင် ပျိုးထောင်ပါ ...
အဆုံးဟာ အစပဲဖြစ်ပါတယ် .... ဘာကိုပဲလုပ်လုပ် ကိုယ်လမ်းဆုံးရောက်ပြီလို့ ဘယ်တော့မှ မတွေးမိပါလေနဲ့ ... အမှားအယွင်း အတိမ်းအစောင်းတစ်ခုခုနဲ့ကြုံရတယ်ဆိုရင်တောင် အဲ့ဒါဟာ ကိုယ့်ရဲ့လမ်းဆုံးမဟုတ်ပါဘူး ... လမ်းဆုံးပြီလို့ ထင်လိုက်တဲ့နေရာမှာ ခဏရပ်တန့်လိုက်ပါ .. ပြီးရင် အဲ့ဒီနေရာကနေ ပြန်စလိုက်ပါ .. ပန်းတိုင်ကို မလွဲမသွေရောက်ရှိနိုင်မှာပါ ....
(BeeTalk)
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment