Sunday, November 6, 2016

သင့်ဘဝဟာ မရှုံးနိမ့်သေးပါဘူး

သင့်ဘဝဟာ မရှုံးနိမ့်သေးပါဘူး။

**********************

လောကမှာ ပျော်ရွှင်မှုနဲ့ ပူဆွေးမှုဆိုတာ အကြွေစေ့တစ်စေ့ရဲ့ ကျောခြင်းကပ်လိုပါပဲ။ အနီးစပ်ဆုံးအရာနှစ်ခုပါ။ တစ်ခါတစ်ရံမှာ ဘဝထဲက မပြေလည်မှုတွေကြောင့်

စိတ်သောကရောက်ရမယ်။ တစ်ခါတစ်ရံမှာ ဘေးပတ်ဝန်းကျင်ရဲ့ဖိအားတွေကြောင့် ဒူးထောက်ကျရမယ်။ တစ်ခါတစ်ရံမှာ ဘဝလမ်းကြောင်းတွေပျောက်ပြီး စိတ်ဓါတ်တွေကျရမယ်။ ဒါဟာ သဘာဝပါ။ သင်တစ်ယောက်တည်း ဒီလိုခံစားရတာမဟုတ်ပါဘူး။ အမြဲရှုံးနိမ့်နေတဲ့ အရှုံးသမားတွေလည်း အရှုံးဒဏ်ကို ခံရပါတယ်။

အမြဲအောင်မြင်နေတဲ့ ဒိတ်ဒိတ်ကြဲလူတွေလည်း အရှုံးဒဏ်ကို ခံရပါတယ်။ ဒါပေမယ့် အရှုံးဒဏ်ကို ခံနိုင်ရည်ရှိခြင်း၊ မရှိခြင်းဟာပဲ လူတစ်ယောက်ရဲ့ဘဝကို အဆုံးအဖြတ်ပေးသွားပါတယ်။

သင့်ဘဝဟာ မရှုံးနိမ့်သေးဘူးဆိုတာ ယုံကြည်ရဲ့လား? ယုံကြည်တယ်ဆိုရင် ဒီစာတွေကို သင်ဆက်ဖတ်နိုင်ပါတယ်။

(၁) သင့်အနားမှာ သင်ချစ်ရတဲ့သူတွေရှိတယ်။ သင့်ကိုချစ်တဲ့သူတွေရှိတယ်။ ဒါဆို သင့်ဘဝဟာ တော်တော်နေပျော်ပါပြီ။ ဘဝဟာမရှုံးသေးပါဘူး။

(၂) သင်ဟာ ဘဝကိုငြီးတွားနေရတာထက်စာရင် ရုန်းကန်လိုက်ရတာကို ပိုနှစ်သက်တယ်။ ဒါဆို သေချာပါတယ်။ မကြာခင် သင့်အခက်အခဲတွေကို ကျော်လွှားနိုင်ပါလိမ့်မယ်။

(၃) သင်ဟာ သင့်ဘဝရဲ့အရေးကြီးတဲ့ ဦးစားပေးတွေကိုသိတယ်။ မိသားစုကို ဘယ်နေရာထားရမလဲ။ အပေါင်းအသင်းကို ဘယ်နေရာထားရမလဲ။ အလုပ်အကိုင်ကို ဘယ်နေရာထားရမလဲ။

ဒါဆို သင့်ဘဝဟာ မရှုံးသေးပါဘူး။

(၄) သင်ဟာ သင်ပြောင်းလဲလို့မရတာတွေကို အတင်းမပြောင်းလဲဘူး (ဥပမာ- သင့်အသားအရောင်နဲ့ မွေးရာပါ ကြွယ်ဝချမ်းသာမှု၊ဆင်းရဲမှု)၊ ဒါပေမယ့် ပြောင်းလဲလို့ရနိုင်တာမှန်သမျှ အကုန်ပြောင်း

လဲဖို့ ကြိုးစားတယ်။

(၅) သင်ဟာ အခက်အခဲတိုင်းကို အမြင့်ကိုတက်ဖို့ လှေကားထစ်အဖြစ် အသုံးချတယ်။ ဒါဆို သင်ဟာ ရှုံးတဲ့သူမဟုတ်ပါဘူး။

(၆) သင်ဟာ သူများအောင်မြင်မှုကို မနာလိုမဖြစ်တဲ့အပြင် အောင်မြင်ခြင်းရဲ့သော့ချက်တွေကို အမြဲလေ့လာသင်ယူနေတယ်။

(၇) သင့်အနားကလူတွေကို သင်အားပေးသလို၊ သင့်ကိုလည်း အနားကလူတွေက အားပေးနေတယ်။ ဒါဟာ ဘဝရဲ့ ကံကောင်းခြင်းဆုလဒ်ပါပဲ။ ဒီအတိုင်းဆို သင်ရှုံးချင်ရင်တောင် သင့်ဘဝကမရှုံး

တော့ပါဘူး။

(၈) သင့်မှာအိမ်မက်တွေရှိတယ်။ အိမ်မက်တွေက ခမ်းနားတယ်။ သင့်အတွက် အဓိပ္ပာယ်ရှိတယ်။ ဒါတွေဖြစ်လာဖို့လည်း သင်အမြဲကြိုးစားနေတယ်။

(၉) သင်ဟာ ပျော်ရွှင်ခြင်းကို လိုလားတယ်။ တဒင်္ဂအချိန်မှာ စိတ်ဆင်းရဲခဲ့ရင်တောင် ပျော်နေချင်တယ်ဆိုရင်၊ ပျော်ရွှင်မှုကို ရှာဖွေနေမိတယ်ဆိုရင် သင့်ဘဝဟာ အဆုံးမရှိ ရှုံးမနေပါဘူး။

ဒီအချက်တွေရှိနေသမျှ သင့်ဘဝဟာ ဘယ်တော့မှ (ဘယ်တော့မှ) မရှုံးပါဘူး။ ဒီအချက်တွေ မရှိခဲ့ရင်ရော? ဒါဆို ရှိနိုင်အောင် ကြိုးစားပါ။ အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်ဟာ အင်မတန်ရိုးရှင်းပြီး

အင်မတန် လွယ်ကူပါတယ်။ (သင့်စိတ်ဓါတ်တွေ ခိုင်မာ၍ပေါ့။)

နောက်ပြီး ဘဝဆိုတဲ့ပြိုင်ပွဲမှာ သင်ကိုယ်တိုင် လိုလိုလားလားနဲ့ အရှုံးမပေးမချင်း သင့်ကိုဘယ်သူကမှ အရှုံးသမားဆိုတဲ့တံဆိပ်လာကပ်လို့ မရပါဘူး။ ဒီနေ့မှာ ကျရှုံးနေတယ်ဆိုရင် အောင်မြင်မှုတွေရှိ

မယ့် အနာဂတ်ကို တွေးကြည့်ပါ။ သင့်အတွက် တောက်ပတဲ့အနာဂတ်တွေရှိပါတယ်။

_________________

ရွှေညာမောင် (Focus Youth E-magazine)

Credit: Focus Youth E-magazine


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths