
(၁) ဆံပင်စတိုင်သေသပ်နေပါစေ
ဘယ်လောက်ပဲ စမတ်ကျအောင် ဝတ်စားထားပါစေ
ဆံပင်က ဖရိုဖရဲဖြစ်နေမယ်ဆိုရင်တော့
ကြည့်ကောင်းမှာမဟုတ်ပါဘူး။
လိုအပ်ရင်လိုအပ်သလောက် ခေါင်းလျှော်ပေးပါ။
ဆံပင်ဖွာလန်မကြဲနေအောင်လည်း
လိုက်ဖက်တဲ့ ခေါင်းလိမ်းဆီလိမ်းပေးဖို့ လိုအပ်ပါတယ်။
(၂) သင့်မျက်နှာနဲ့လိုက်ဖက်တဲ့အရာတွေကို ရွေးချယ်ပါ
မျက်နှာနဲ့လိုက်ဖက်တဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းတွေကို
ရွေးချယ်ဖို့ အရေးကြီးပါတယ်။
တစ်ယောက်နဲ့တစ်ယောက် မျက်နှာပုံမတူတာကြောင့်
လိုက်ဖက်တဲ့အရာတွေကလည်း ကွာခြားမှုရှိပါတယ်။
(၃) မျက်နှာပြင်ခြယ်သမှုပြုလုပ်ပါ
မျက်နှာပြင်ခြယ်သတယ်ဆိုပေမယ့်လည်း
နှုတ်ခမ်းနီရဲတွတ်နေတာမျိုး
မျက်နှာကြီးအရမ်းဖွေးနေတာမျိုးကိုတော့
ရှောင်ကြဉ်သင့်ပါတယ်။
မိတ်ကပ်ဖျော့ဖျော့လေးတွေကတော့ ရုံးနဲ့ အသင့်တော်ဆုံးပါပဲ။
(၄) အင်္ကျီတွေသေသပ်နေပါစေ
တွန့်ကြေနေတဲ့ အဝတ်အစားတွေဟာ
တစ်ဖက်လူကို အထင်သေးစေပါတယ်။
ဒါ့အပြင် စွန်းထင်းနေတဲ့အကျီတွေကလည်း
စမတ်ကျတဲ့ဟန်ပန်ကို ထိခိုက်စေပါတယ်။
(၅) အသားအရေ ဂရုစိုက်ပါ
အသားရေကောင်းမွန်ခြင်းဟာလည်း စမတ်ကျခြင်းတစ်မျိုးပါပဲ။
အပြင်ထွက်တဲ့အခါမှာ နေရောင်ကာလိမ်းဆေးလိမ်းပေးဖို့ မမေ့ပါနဲ့။
အသားရေထိန်းသိမ်းဖို့ အလွယ်ကူဆုံးနည်းလမ်းက
ရေသောက်ပေးဖို့ပါပဲ။
(၆) မိတ်ကပ်ပစ္စည်းဆောင်ပါ
မိတ်ကပ်က တစ်နေ့လုံးခံချင်မှခံပါလိမ့်မယ်။
နှုတ်ခမ်းနီက ပျက်နေတာမျိုးဆိုရင်လည်း
ကြည့်လို့အဆင်မပြေပါဘူး။
ဒါကြောင့် အလွယ်တကူပြန်ဆိုးလို့ရအောင်
မိတ်ကပ်ပစ္စည်းလေးတွေ ဆောင်ထားသင့်ပါတယ်။
(၇) ဖိနပ်တွေကို ဂရုစိုက်ပါ
စမတ်ကျနေစေဖို့ ဖိနပ်တွေကလည်း
အရေးပါတဲ့ အပိုင်းကနေ ပါဝင်ပါတယ်။
မိန်းကလေးတွေအနေနဲ့ ဒေါက်ဖိနပ်အမြင့်ကြီးထက်
လေဒီရှူးလေးတွေက ပိုသင့်တော်ပါတယ်။
ယောက်ျားလေးတွေဆိုရင်တော့
သားရေဖိနပ်ရှူးမျိုးက ပိုပြီး စမတ်ကျစေပါတယ်။
Credit-ads.com.mm
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment