ခရီးသွားတစ်ဦးဟာ ချောင်းကမ်းစပ်ဘေးမှာ ချောင်းကိုဖြတ်ဖို့အခက်ကြုံနေတဲ့ အဘွားအိုတစ်ဦးကို တွေ့လိုက်တယ်။ သူကလည်း ခရီးပမ်းနေပြီးဖြစ်ပေမယ့်
အင်အားအစွမ်းကုန်သုံးပြီး ချောင်းဖြတ်ဖို့ အဘွားအိုကို ကူညီပေးလိုက်ပါတယ်။ ချောင်းဖြတ်ပြီးတဲ့နောက် အဘွားအိုဟာ စကားတစ်ခွန်းတောင်မပြောဘဲ ခပ်သုတ်သုတ်ထွက်ခွာသွားခဲ့ပါတယ်။
ခရီးသွားဟာ အဘွားအိုကို အစွမ်းကုန်ကူညီခဲ့ပေမယ့် "ကျေးဇူး"ဆိုတဲ့စကားတစ်ခွန်းတောင် မရခဲ့တဲ့အတွက် ကူညီခဲ့မိတာကို သူဝမ်းနည်းနောင်တရမိပါတယ်။
ဒါပေမယ့် မထင်မှတ်ပါဘူး.. သူ မောပန်းလွန်းလို့ ကိုယ့်ခြေထောက်တောင်မသယ်ချင်လောက်အောင် နွမ်းနယ်နေချိန်မှာ လူရွယ်တစ်ဦးက သူ့နောက် အမီလိုက်လာခဲ့ပါတယ်။ လူရွယ်က ခရီးသွားကို "ကျွန်တော့်အဘွားကို ကူညီခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ အဘွားက ဒီပစ္စည်းတွေ ခင်ဗျားအတွက် အသုံးဝင်လိမ့်မယ်ဆိုပြီး ပေးခိုင်းလိုက်ပါတယ်" လို့ ပြောပါတယ်။ လူရွယ်က ရိက္ခာခြောက်တွေထုတ်ပေးပြီး သူစီးလာခဲ့တဲ့မြင်းကိုပါ ခရီးသွားကို ပေးလိုက်ပါတယ်။
ဘဝက ကိုယ့်ကိုဘာပြန်ပေးဆပ်မလဲဆိုတဲ့ရလဒ်ကို အလျင်စလို မတောင်းဆိုပါနဲ့။ တစ်ခါလေမှာ စိတ်ရှည်ရှည်ထားပြီး စောင့်စားဖို့လိုပါတယ်။ ဂူတစ်ခုထဲ သင်အော်လိုက်ရင်တောင် ပဲ့တင်သံပြန်ကြားရဖို့ သင်ခဏလောက်စောင့်ရပါတယ်။
ဘဝက သင့်ကြိုးစားမှုအပေါ် ရလဒ်တစ်ခုပေးပါလိမ့်မယ်။ ဒါပေမယ့် ချက်ချင်းတော့မဟုတ်ပါဘူး။ ဒါမှ အနှစ်သာရရှိပါတယ်၊ နောက်ဆုံးမှာ ပျော်ရွှင်စရာတွေကို သင်ပြန်ရမှာပါ။
နှစ်လရာသီဆိုတာ ကန့်လန့်ဖြတ်နွှယ်ယှက်နေတဲ့ သစ်ပင်ကြီးတစ်ပင်ပါ။
ဘဝက အဲဒီကန့်လန့်ဖြတ်သစ်ကိုင်းတွေကြားထဲ ဟိုဒီပျံသန်းတဲ့ငှက်ကလေးဖြစ်တယ်။
တကယ်လို့ တစ်နေ့နေ့မှာ သင်ကြိုးစားခဲ့ပေမယ့် ဘဝရဲ့မိုးဒဏ်လေဒဏ်ကို သင်သင့်သွားတဲ့အခါ၊ သင့်စိတ်နှလုံးတွေ မခံမရပ်နိုင်ဖြစ်သွားခဲ့ရင်လည်း ခဏလောက်တော့ သင်စောင့်ပေးပါ။ အဲဒီကန့်လန့်ဖြတ်သစ်ပင်ကြီးရဲ့ မိုးလွတ်လေလွတ်အခြားတစ်ဘက်မှာ သင့်အတွက် လှပတဲ့နွေဦးရာသီဥတုတစ်ခု ဖန်ဆင်းနေပါတယ်။ အဲဒီလှပတဲ့နွေဦးက သင့်အနား တဖြည်းဖြည်း ချည်းကပ်လာနေပါတယ်။
ပေးဆပ်ပြီးနောက် တုန့်ပြန်မှုရလဒ်က ချက်ချင်းရောက်လာချင်မှ ရောက်လာပါတယ်။ ဘဝရဲ့လှပခြင်းက သင်သတိမထားချိန်ကျမှ သင့်ဆီအလုံးအရင်းနဲ့ ရောက်လာတတ်ပါတယ်။
သင်သာ တကယ်ကြိုးစားအားထုတ်ခဲ့တယ်ဆိုရင်ပေါ့။
သင်သာ သင့်ကိုယ်သင် ကောင်းမွန်တဲ့လူတစ်ယောက်၊ ကြိုးစားအားထုတ်တဲ့လူတစ်ယောက်အဖြစ် တာဝန်ယူပါ။ ကျန်တာကို ဘုရားသခင် စီစဉ်လိမ့်မယ်တဲ့....။
Credit: နိုင်းနိုင်းစနေ
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment