Friday, December 2, 2016

ကမ္ဘာ့အသက်ရှည်ဆုံးအဘွားရဲ့ အသက်ရှည်ခြင်းလျှို့ဝှက်ချက်

သူမရဲ့ ၁၁၇ နှစ်မြောက် မွေးနေ့ပွဲကို ကျင်းပပြီးသွားခဲ့ပါပြီ။

နိုဝင်ဘာလ ၂၉ ရက်နေ့မှာ အသက် ၁၁၇ နှစ်ပြည့်သွားတဲ့ ကမ္ဘာ့အသက်အရှည်ဆုံးအဘွားဟာ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ သိပ်မစားပါဘူး။

အီတလီနိုင်ငံ၊ ဗာဘန်နီယာမြို့မှာ နေထိုင်တဲ့ အမ်မာမိုရိုနာဟာ ၁၈၉၉ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး အခုလို အသက်ရှည်နေတာ ကြက်ဥကြိုက်လို့ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။


"သူ့ကို ကျွန်တော်စသိချိန်မှာ သူက တစ်နေ့ကို ကြက်ဥ သုံးလုံးစားတယ်။ အစိမ်း နှစ်လုံးနဲ့ အကျက်တစ်လုံးစားတာ" လို့ သူမကို ပြုစုစောင့်ရှောက်နေတာ ကြာပြီဖြစ်တဲ့ ဒေါက်တာ ကာလိုဘာဗာက ပြောပါတယ်။

"အခုတော့ သူက တစ်နေ့ကို နှစ်လုံးပဲစားတော့တယ်။ သုံးလုံးက သူ့အတွက် နည်းနည်းများလို့ ဖြစ်မယ်။ သူက အသီးအနှံ သိပ်မစားဘူး။ အသီးလည်း နည်းနည်းပဲစားတယ်။ သူ စားတဲ့အစားအစာတွေက နေ့တိုင်း အတူတူပဲ" လို့ ကာလိုက ဆိုပါတယ်။

သူမဟာ ကမ္ဘာ့အသက်ရှည်ဆုံးဖြစ်ပေမဲ့ သူမဘဝက အရာရာချောမွေ့ခဲ့တာတော့ မဟုတ်ပါဘူး။

သူမရဲ့ခင်ပွန်းလောင်းက ပထမကမ္ဘာစစ်အတွင်းမှာ သေဆုံးသွားခဲ့ပြီး မချစ်မနှစ်သက်တဲ့ အမျိုးသားတစ်ဦးနဲ့ အတင်းအကျပ် လက်ထပ်ပေးခံခဲ့ရပါတယ်။


၁၉၃၇ ခုနှစ်မှာ သားတစ်ဦး ထွန်းကားခဲ့ပေမဲ့ သူမရဲ့ ရိုင်းစိုင်းလှတဲ့ ခင်ပွန်းနဲ့ လမ်းခွဲပြီးနောက် ကလေးက ဆုံးပါးသွားပါတယ်။

"အဘွားဘဝက အရမ်းမကောင်းခဲ့ပါဘူး။ အသက် ၆၅ နှစ်အရွယ်အထိ စက်ရုံတစ်ရုံမှာ အလုပ်လုပ်ခဲ့ရတယ်" လို့ အမ်မာက ဆိုခဲ့ပါတယ်။

အဘွား အမ်မာဟာ ၁၈၀၀ ပြည့်နှစ်များအတွင်းမှာ မွေးဖွားခဲ့သူတွေထဲက နောက်ဆုံးကျန်ရစ်သူဖြစ်ပါတယ်။

Source & Photos : the Sun

Credit - Duwun


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths