Sunday, July 30, 2017
9:54 AM
နှစ်သက်မိတဲ့ စာတစ်ပုဒ်
----------------------------------
ဟိုးရှေးရှေးတုန်းက မြို့တစ်မြို့ကို
သေမင်းက ရောဂါပိုးတစ်ခု သယ်ပြီး ၀င်လာတယ်..
မြို့စောင့်နတ်ကမေးတာပေါ့..
"မင်း ဘယ်သူလဲ.."
"ကျွန်တော် သေမင်းပါ..
ပလိပ်ရောဂါပိုးကို သယ်လာပါတယ်..
ဒီမြို့က လူတစ်ထောင်ကို သတ်မလို့ပါ..
သူတို့ရဲ့ ကံအရ သေချိန်တန်ပြီမို့ပါ.."
မြို့စောင့်နတ်ကလည်း သေမင်းဆိုတော့
ခွင့်ပြုလိုက်ရပါတယ်..
နောက်နေ့လည်းကျရော အဲဒီမြို့က
လူတစ်သောင်း သေသွားကြတယ်..
သေမင်းက သူ့တာဝန်တွေပြီးလို့
မြို့ကပြန်ထွက်လာတဲ့အခါ မြို့စောင့်နတ်က
မကျေမနပ်နဲ့မေးတယ်..
"ခင်ဗျား သတ်မယ်ဆိုတဲ့သူက လူတစ်ထောင်ဆို..
ခုတော့ လူတစ်သောင်း သေသွားတာပါလား.."
"ဟုတ်ကဲ့..ကျွန်တော် ပလိပ်ရောဂါပိုးကို
လူတစ်ထောင်ဆီပဲ အတိအကျ ပို့လိုက်တာပါ..ကျန်တဲ့လူ ကိုးထောင်က
သူတို့ဟာသူတို့ ပလိပ်ရောဂါဖြစ်တယ်ထင်ပြီး ကြောက်လန့်ပြီး သေကြတာပါ.."
သေမင်းက အဝေးကိုတစ်ရွေ့ရွေ့ပြန်ထွက်သွားတယ်..
ဖတ်ခဲ့ဖူးတဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ပေါ့..
မှတ်မိသလောက်လေး နီးစပ်အောင်ပြန်ရေးတာပါ..
ဒီဝတ္ထုလေးကိုရေးသူက ဆရာဖေမြင့် လား
ဆရာတာရာမင်းဝေ လား
ဘယ်ဆရာရေးတာလဲ မမှတ်မိတော့ပါ..
အကြောက်တရားရဲ့ ကြောက်စရာကောင်းပုံက တကယ့် ကပ် ရောဂါထက်
ပိုဆိုးရွားကြောင်း ဒီဝတ္ထုတိုလေးက အလင်းပြထားတယ်..
ရန်ကုန်မှာ H1N1 သံသယရှိလူနာတွေ့ပြီလို့
အွန်လိုင်း သတင်းတွေက ဆိုနေတယ်..
လူနာအခြေအနေက တကယ်ဆိုးရွားလား
မဆိုးရွားလား မသိ..ကျိန်းသေတာကတော့
လူတွေ ဆိုးဆိုးရွားရွားကြောက်လန့်ကုန်ပါတယ်..
ဒီကြားထဲ နှာခါင်းစွပ် Mask တွေကို သိုလှောင်ပြီး ဈေးတင်ရောင်းမဲ့
စီးပွားရေးသမားတွေကလည်းထုံးစံအတိုင်း လူတွေမလန့် လန့်အောင်
မကြောက် ကြောက်အောင် ဂျပိုးကို လိပ်ဖြစ်အောင်ဖွ ကြပါလိမ့်အုံးမယ်..
ပေါ်ပင်ဖြစ်ရင်ပြီးရော (စေတနာမပါဘဲ)
Like များများလိုချင်တဲ့ (တစ်ချို့သော)
သတင်း page တွေကလည်း ဖွ ကောင်းကောင်းနဲ့ဖွ ပါလိမ့်မယ်..
ပြည်သူလူထုအနေနဲ့ အရမ်းကြီး အသိလက်လွတ်စိုးရိမ်ထိတ်လန့်နေတာမျိုး
မဟုတ်ဘဲ ပုံမှန်ထက်တော့ အသိ သတိပိုထားပြီး
အစိုးရရဲ့ တရားဝင် ထုတ်ပြန်ချက်တွေအပေါ်မှာသက်ဆိုင်ရာဌာနတွေက
သတိပေးချက်တွေအတိုင်း ပြုမူနေထိုင်ကြစေလိုပါတယ်..
တကယ်ပဲ H1N1 ဖြစ်ခဲ့ရင်တောင်
အပေါ်က၀တ္ထုတိုထဲကလို
တကယ်ရောဂါဖြစ်မဲ့ လူတစ်ထောင် ထဲ
ကိုယ်မပါဖို့ အရေးကြီးလှသလို
ကြောက်လန့်ပြီး သေကြမဲ့ လူကိုးထောင်ထဲလည်းကိုယ်မပါဖို့ လိုအပ်ပါကြောင်း...
source: မြန်မာ့သတင်းစုံ - Myanmar News
MR: EDITOR

Unknown
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment