Sunday, July 30, 2017

မႏၲေလးျမိဳ႕ကထူးျခားတဲ႔အိုးပုတ္ပြဲေတာ္အေၾကာင္း

မြန်မာစာမမှန်သောဖုန်းများအတွက် ယူနီကုဒ်ဗားရှင်းကို အောက်တွင်ဖတ်ရှုနိုင်ပါသည်

[Zawgyi Version]

ဦးဦးေျပာမယ္သားနားေထာင္…မႏၱေလးျမိဳ႔ကထူးျခားတဲ႔ အိုးပုတ္ပြဲေတာ္အေၾကာင္း❤️❤️❤️

သားေရ..ဦးတို႔ျမန္မာနိဳင္ငံျမိဳ႔အသီးသီးေဒသအသီးသီး မွာသူ႔ဓေလ႔သူ႔ယဥ္ေက်းမႈနဲ႔အတူထင္ရွားတဲ႔ပြဲေတာ္ ေတြရွိတယ္ကြယ္

၁၂လရာသီ ပြဲေတာ္ေတြျဖစ္သလို အျငိမ္႔ပြဲ ဇာတ္ပြဲေတြနဲ႔ ႏြဲေပ်ာ္ၾကတာေပါ႔ကြာ။အဲ ဒီ ပြဲေတာ္ေတြထဲမွာ အျငိမ္႔လည္းမပါ ၊ဆိုင္းဗလာနဲ႔ တစ္နွစ္မွာ တစ္လ ၊တစ္လမွာတစ္ရက္တည္းသာ က်င္းပတဲ႔  မႏၱေလးျမိဳ႔က ထူးျခားတဲ႔ အိုးပုတ္ပြဲေတာ္အေၾကာင္းကိုေျပာျပမယ္သားေရ..။

အိုးပုတ္ပြဲေတာ္ကိုမႏၱေလးျမိဳ႔သူျမိဳ႔သားေတြအေလးထားသြားေရာက္ၾကတယ္ကြယ္႔ .အျခားေဒသကပြဲေတာ္ေတြလို ဦးစီး က်င္းပျခင္းဆိုတာမရွိဘဲ  နွစ္စဥ္ ၀ါေခါင္လဆန္း(၈)ရက္ေန႔မွာ  အလ်ိဳအေလ်ာက္လာေရာက္ေရာင္းခ်ကာေစ်းတန္းျဖစ္သြားတဲ႔ပြဲကေလးေပါ႔သားရယ္။လွပတဲ႔အိုးပုတ္ေတြကိုအားရပါးရ၀ယ္ၾကတဲ႔ျမင္ကြင္းရယ္..။ေက်ာက္ခတ္ပန္းေလးေတြကိုေခါင္းမွာကိုယ္စီပန္ျပီးလမ္းေလ်ာက္ၾကတဲ႔ျမင္ကြင္း ေလးတာ ပန္ခ်ီဆန္တဲ႔ျမင္ကြင္းေလးေပါ႔သား ရယ္။မိဘေတြ က သားသမီးေတြကို အိုးပုတ္ေလးေတြ၀ယ္ေပးၾက ။ အိုးပုတ္ရသြားလို႔ေပ်ာ္ျမဴးေနတဲ႔ကေလးငယ္ေလးေတြရဲ႔အျပံဳးေလးေတြကခ်စ္စရာေပါ႔…...။အေရာင္စံုလွတဲ႔အိုးပုတ္ေတြကိုေရြးၾက၊၀ယ္ၾကနဲ႔ေပ်ာ္စရာ ေကာင္းတယ္သားေရ..။

တစ္လမွာတစ္ရက္တည္းက်င္းပသလို လူစည္ကားတဲ႔အခ်ိန္ကညေနပိုင္းကေလးတြင္ဘဲသားေရ…အဲဒီအခ်ိန္ေလးအမွီအလုအယက္သြားရတာကိုကအိုး
ပုတ္ပြဲေတာ္ရဲ႕ေပ်ာ္ရႊင္ဖြယ္ရသတစ္ခုဘဲသားေရ…။အိုးပုတ္ပြဲေတာ္က်င္းပတဲ႔ေနရာက မႏၱေလးျမိဳ႔ ေအာင္ေျမသာစံျမိဳ႔နယ္ အိုးဘိုေရႊက်င္ရပ္ကြက္မွာေပါ႔ကြာ..။
အိုးပုတ္ပြဲေတာ္ျဖစ္ေပၚလာပံုက ဆန္းေတာ႔ဆန္းတယ္ကြယ္႔ ဦးေဆာင္က်င္းပျခင္းမဟုတ္ဘဲ ကိုယ္စီ ကိုယ္စီလာေရာက္ေရာင္းခ်ရင္း ပြဲေတာ္တစ္ခုျဖစ္သြားတာကြယ႕္။အိုးဘိုေရႊက်င္ရပ္ဆိုတာက ၁၂၂၄ခုနွစ္ တေပါင္းလမွာ မႏၱေလးရပ္ကြက္ေတြစတင္ဖြဲ႔စည္းစဥ္က မေတြ႔ရဘူးသားေရ..။မူလအမည္ေတြေရြလ်ားလာရာမွ ရပ္ကြက္အမည္စြဲနဲ႔ထင္ရွားလာတဲ႔ရပ္ကြက္ေတြေပါ႔ကြာ။ အိုးဘိုရပ္၊အိုးဖိုရပ္၊ အိုးျပဳလုပ္ေသာရပ္ကြက္ကို အေၾကာင္းျပဳျပီး အိုးဘိုရပ္လို႔ေခၚတြင္ခဲ႔တာေပါ႔ကြာ။အဲဒီလိုပဲ ေရႊက်င္ရပ္၊ေရႊက်င္ေခ်ာင္း၊ေရႊက်င္ေက်ာင္းေတာ္ ၾကီးကိုအေၾကာင္းျပဳျပီး ေရႊက်င္ရပ္လုိ႔ျဖစ္ေပၚလာရာမွ ယခုအခါ အိုးဘုိေရႊက်င္ရပ္လို႔ထင္ရွားလာတာေပါ႔သား ရယ္။အိုးဘိုေရႊက်င္ရပ္ကို အလြယ္ညႊန္းရလွ်င္ မႏၱေလးေတာင္ေတာ္ရဲ႔႕ ႔အေနာက္ေျမာက္ဘက္ မႏၱေလးေျမာက္ျပင္ မွာရွိတယ္သားေရ…။

အိုးပုတ္ပြဲေတာ္ျဖစ္ေပၚလာတာနွစ္ေပါင္းတစ္ရာေက်ာ္ျပီသားေရ..။နွစ္စဥ္နွစ္တို္င္းက်င္းပသလို အဲဒီပြဲေတာ္ မွာ အိုးပုတ္ေတြကို အားထား၀ယ္ၾကတယ္ကြယ္႔။

ေရွးေခတ္ ျမန္မာဘုရင္လက္ထက္တုန္းကေတာ႔ အိုးဘိုရပ္မွာ အိုးလုပ္ငန္းလုပ္ကိုင္သူေတြ ေနထိုင္ၾကတယ္ကြယ္႔။အဲဒီေခတ္အခါကေတာ႔အိုးဘုိေရအုိးကနာမည္ၾကိီးေရအိုးေပါ႔ သားရယ္။အိုးပုတ္ပြဲေတာ္က ေတာင္ျပဳံးပြဲေတာ္နဲ႕ဆက္စပ္ေနတယ္သားေရ..။

ယခင္ေခတ္အခါတုန္းကဧရာ၀တီ ျမစ္ေရတိုးခ်ိန္ မွာေတာင္ျပံဳးပြဲကိုေရလမ္းခရီးနဲ႔သြားၾကတယ္ကြယ္႔ ။စဥ္႔အိုးစဥ္႔ထည္သည္ေတြ ေျမအိုးေျမခြက္သည္ ေတြ၊အိုးပုတ္သည္ေတြက  ေရႊတစ္ေခ်ာင္းဆိပ္မွာေခတၱဆိုက္ကပ္ျပီးနားၾကတာေပါ႔ကြာ။ ေရႊတေခ်ာင္းဆိပ္ေဘး  အိုးဘိုပတၱျမား ေတာရပ္မွာ ေခတၱနားရင္း စဥ္႔အိုးစဥ္႔ထည္ နွင္႔အိုးပုတ္ေတြကို ေရာင္းခ်ရာမွ အုိးပုတ္ပြဲေတာ္ရယ္ လို႔ျဖစ္လာတာေပါ႔ကြာ။ေတာင္ျပံဳးပြဲမစခင္တစ္ရက္အလုိမွာေရာင္းခ်တဲ႔အိုးပုတ္ပြဲေတာ္လို႔မွတ္ထားၾကတယ္ကြယ္႔။

နွစ္ေပါင္းတစ္ရာေက်ာ္တဲ႔ပြဲျဖစ္သလို ယေန႔အထိ ဦးေဆာင္က်င္းပျခင္းမရွိ ဘဲ အလိုအေလ်ာက္လာေရာက္ ေရာင္းခ်တဲပြဲေပါ႔ကြယ္။အိုးပုတ္ပြဲေတာ္က်င္းပတဲ႔ေန႔ ညေနပိုင္းမွာေတာ႔ အိုးဘိုေရႊက်င္ရပ္ကြက္ထဲမွာ ဧည္႔သည္ ေတြကိုဧည္႔ခံၾကတာေပါ႔။ညေနႏွစ္နာရီေက်ာ္လွ်င္ လူတိုးမေပါက္ေတာ႔ဘူးသားေရ..။သြားၾကလာၾက တိုးၾက တိုက္ၾက အိုးပုတ္ေတြ အလုအယက္၀ယ္ၾကနဲ႔ေပ်ာ္စရာၾကီးေဟ႔။လူေတြကလည္းမ်ား၊ အုိးပုတ္ေတြ အလုအယက္ ၀ယ္သူေတြကလည္းမ်ားတဲ႔အခ်ိန္ အေပ်ာ္သေဘာနဲ႔ အိုးပုတ္ေတြ ေရာင္းသူမသိေအာင္ ေအာ္ရင္းဟစ္ရင္း ယူ ၾကတာေပါ႔ကြာ။အိုးပုတ္သည္ကလည္းေအာ္ ၀ယ္သူေတြကလည္းေအာ္နဲ႔ စိတ္မဆိုးတတ္တဲ႔ေပ်ာ္ရႊင္ဖြယ္အိုးပုတ္ ပြဲလို႔အမ်ားစုေခၚၾကတယ္ကြယ္႔။တစ္ခ်ိဳ႔က်ေတာ႔အိုးပုတ္ပြဲမတိုင္ခင္ညမွာသြား၀ယ္ၾကတယ္ကြယ္႔။

အိုးပုတ္လက္ရာေလးေတြက ျမန္မာ႔ရိုးရာ ယဥ္ေက်းမႈနဲ႔ဆက္စပ္သလို ကိုးကြယ္ယံုၾကည္မႈနဲ႔ပတ္သက္ေန တဲ႔လက္ရာေလးေတြျပဳလုပ္ေရာင္းခ်ၾကတာကြယ္႔ ။သာမန္အားျဖင္႔အိုးပုတ္(၁၂)မ်ိဳးလုပ္ၾကတယ္။အဓိကလာ ေရာက္ေရာင္းခ်တဲ႔အိုးပုတ္သည္ေတြကအမရပူရျမိဳ႔နယ္တပ္ၾကိးီရြာဘုန္းေတာ္နိဳင္ငံရြာေတြကေနအမ်ားဆံုးလာ ေရာက္ေရာင္းခ်တာေပါ႔ ကြာ။အိုးပုတ္(၁၂)မ်ိဳးထဲမွာေတာ႔ ထမင္းအိုးဟင္းအိုး၊ခရားအိုး၊ လက္ဆြဲျခင္း၊ငရုပ္ဆံု၊ေရ တေကာင္း၊စဥ္႔အိုး၊အခ်ိဳရည္စံုခြက္၊ေသာက္ေတာ္ေရအိုး၊အုန္းသီးငွက္ေပ်ာသီးအစံုကန္ေတာ႔ပြဲ၊လက္ဖက္ရည္ပြဲ၊ ဒယ္အိုးပုံေလးေတြအဓိကေရာင္းတယ္ကြယ္႔။အျခားပစၥည္းေတြအေနနဲ႔လက္ရာေျမာက္ျပီးခ်စ္စရာေကာင္းတဲ႔စုဗူး ေလး ေတြ၊ၾကာကလပ္ေလးေတြနဲ႔ပန္းအိုးအမ်ိဳးမ်ိဳးမွအစခ်စ္စရာေျမထည္ေတြပါတာေပါ႔ကြယ္။အိုးပုတ္သည္ေတြက ေတာ႔ တစ္ေထာင္ဖိုး(၁၂)မ်ိဳးဆိုျပီးေအာ္ေရာင္းၾကနဲ႔ေပ်ာ္စရာပဲသားေရ..။

ကေလးေတြက အုိးပုတ္ေတြကို အဓိက ထားသလို သိတတ္တဲ႔အရြယ္ေရာက္သူေတြကေတာ႔ လက္ရာေျမာက္ စုဗူးေလးေတြကို အျမတ္တနိဳး၀ယ္ၾကတာ ေပါ႔ကြာ။
သားမႏၱေလးကိုသြားလည္တဲ႔အခါ ထူးျခားတဲ႔ အိုးပုတ္ပဲြေတာ္က်င္းပတဲ႔ ၀ါေခါင္လဆန္း(၈)ရက္ေန႔နဲ႔ဆံု ေအာင္သြားျပိီးေလ႔လာခဲ႔ကြာ။ညေနပိုင္းေလးမွာက်င္းပတဲ႔အိုးပုတ္ပြဲေတာ္မွာ ဦးေခါင္းကိုေနမပူေအာင္ေအးျမ တဲ႔ ေက်ာက္ခတ္ပန္းဦးထုတ္ကေလးေတြ ကိုယ္စီေစာင္းၾက၊အေရာင္မ်ိဳးစံုတဲ႔အိုးပုတ္ေတြကို၀ယ္ၾက၊တိုးေ၀ွ႔သြားလာ ရင္းေပ်ာ္ျမဴးေနတဲ႔ျမင္ကြင္းက မႏၱေလးျမိဳ႔ရဲ ႔ရွားပါးျမင္ကြင္းေလးေပါ႔ကြာ။တစ္လမွာတစ္ရက္၊တစ္ရက္မွာ မွညေန ေစာင္းကေလးသာ က်င္းပတဲ႔ကာလတိုအိုးပုတ္ပြဲကေလးမို႔မႏၱေလးသူ မႏၱေလးသားေတြ အားခဲျပီး အေရာက္သြားလို႔အိုးပုတ္၀ယ္ၾကတာေပါ႔ကြာ….။သားလည္းၾကံဳေအာင္သြားျပီး ျမန္မာနိဳင္ငံရဲ ႔တစ္ခုတည္းေသာ အိုးပုတ္ပြဲေတာ္ရသကို ခံစားပစ္လိုက္ကြာ။ေနာက္တစ္ပတ္မွဆံုၾကတာေပါ႔သားေရ..။

သရက္တန္းစိုးေရႊ
Photo credit >>>>စပ္စု


[Unicode Version]

ဦးဦးပြောမယ်သားနားထောင်…မန္တလေးမြို့ကထူးခြားတဲ့ အိုးပုတ်ပွဲတော်အကြောင်း❤️❤️❤️

သားရေ..ဦးတို့မြန်မာနိုင်ငံမြို့အသီးသီးဒေသအသီးသီး မှာသူ့ဓလေ့သူ့ယဉ်ကျေးမှုနဲ့အတူထင်ရှားတဲ့ပွဲတော် တွေရှိတယ်ကွယ်

၁၂လရာသီ ပွဲတော်တွေဖြစ်သလို အငြိမ့်ပွဲ ဇာတ်ပွဲတွေနဲ့ နွဲပျော်ကြတာပေါ့ကွာ။အဲ ဒီ ပွဲတော်တွေထဲမှာ အငြိမ့်လည်းမပါ ၊ဆိုင်းဗလာနဲ့ တစ်နှစ်မှာ တစ်လ ၊တစ်လမှာတစ်ရက်တည်းသာ ကျင်းပတဲ့  မန္တလေးမြို့က ထူးခြားတဲ့ အိုးပုတ်ပွဲတော်အကြောင်းကိုပြောပြမယ်သားရေ..။

အိုးပုတ်ပွဲတော်ကိုမန္တလေးမြို့သူမြို့သားတွေအလေးထားသွားရောက်ကြတယ်ကွယ့် .အခြားဒေသကပွဲတော်တွေလို ဦးစီး ကျင်းပခြင်းဆိုတာမရှိဘဲ  နှစ်စဉ် ဝါခေါင်လဆန်း(၈)ရက်နေ့မှာ  အလျိုအလျောက်လာရောက်ရောင်းချကာဈေးတန်းဖြစ်သွားတဲ့ပွဲကလေးပေါ့သားရယ်။လှပတဲ့အိုးပုတ်တွေကိုအားရပါးရ၀ယ်ကြတဲ့မြင်ကွင်းရယ်..။ကျောက်ခတ်ပန်းလေးတွေကိုခေါင်းမှာကိုယ်စီပန်ပြီးလမ်းလျောက်ကြတဲ့မြင်ကွင်း လေးတာ ပန်ချီဆန်တဲ့မြင်ကွင်းလေးပေါ့သား ရယ်။မိဘတွေ က သားသမီးတွေကို အိုးပုတ်လေးတွေ၀ယ်ပေးကြ ။ အိုးပုတ်ရသွားလို့ပျော်မြူးနေတဲ့ကလေးငယ်လေးတွေရဲ့အပြုံးလေးတွေကချစ်စရာပေါ့…...။အရောင်စုံလှတဲ့အိုးပုတ်တွေကိုရွေးကြ၊၀ယ်ကြနဲ့ပျော်စရာ ကောင်းတယ်သားရေ..။

တစ်လမှာတစ်ရက်တည်းကျင်းပသလို လူစည်ကားတဲ့အချိန်ကညနေပိုင်းကလေးတွင်ဘဲသားရေ…အဲဒီအချိန်လေးအမှီအလုအယက်သွားရတာကိုကအိုး
ပုတ်ပွဲတော်ရဲ့ပျော်ရွှင်ဖွယ်ရသတစ်ခုဘဲသားရေ…။အိုးပုတ်ပွဲတော်ကျင်းပတဲ့နေရာက မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အိုးဘိုရွှေကျင်ရပ်ကွက်မှာပေါ့ကွာ..။
အိုးပုတ်ပွဲတော်ဖြစ်ပေါ်လာပုံက ဆန်းတော့ဆန်းတယ်ကွယ့် ဦးဆောင်ကျင်းပခြင်းမဟုတ်ဘဲ ကိုယ်စီ ကိုယ်စီလာရောက်ရောင်းချရင်း ပွဲတော်တစ်ခုဖြစ်သွားတာကွယ့်။အိုးဘိုရွှေကျင်ရပ်ဆိုတာက ၁၂၂၄ခုနှစ် တပေါင်းလမှာ မန္တလေးရပ်ကွက်တွေစတင်ဖွဲ့စည်းစဉ်က မတွေ့ရဘူးသားရေ..။မူလအမည်တွေရွေလျားလာရာမှ ရပ်ကွက်အမည်စွဲနဲ့ထင်ရှားလာတဲ့ရပ်ကွက်တွေပေါ့ကွာ။ အိုးဘိုရပ်၊အိုးဖိုရပ်၊ အိုးပြုလုပ်သောရပ်ကွက်ကို အကြောင်းပြုပြီး အိုးဘိုရပ်လို့ခေါ်တွင်ခဲ့တာပေါ့ကွာ။အဲဒီလိုပဲ ရွှေကျင်ရပ်၊ရွှေကျင်ချောင်း၊ရွှေကျင်ကျောင်းတော် ကြီးကိုအကြောင်းပြုပြီး ရွှေကျင်ရပ်လို့ဖြစ်ပေါ်လာရာမှ ယခုအခါ အိုးဘိုရွှေကျင်ရပ်လို့ထင်ရှားလာတာပေါ့သား ရယ်။အိုးဘိုရွှေကျင်ရပ်ကို အလွယ်ညွှန်းရလျှင် မန္တလေးတောင်တော်ရဲ့့ ့အနောက်မြောက်ဘက် မန္တလေးမြောက်ပြင် မှာရှိတယ်သားရေ…။

အိုးပုတ်ပွဲတော်ဖြစ်ပေါ်လာတာနှစ်ပေါင်းတစ်ရာကျော်ပြီသားရေ..။နှစ်စဉ်နှစ်တို်င်းကျင်းပသလို အဲဒီပွဲတော် မှာ အိုးပုတ်တွေကို အားထား၀ယ်ကြတယ်ကွယ့်။

ရှေးခေတ် မြန်မာဘုရင်လက်ထက်တုန်းကတော့ အိုးဘိုရပ်မှာ အိုးလုပ်ငန်းလုပ်ကိုင်သူတွေ နေထိုင်ကြတယ်ကွယ့်။အဲဒီခေတ်အခါကတော့အိုးဘိုရေအိုးကနာမည်ကြိီးရေအိုးပေါ့ သားရယ်။အိုးပုတ်ပွဲတော်က တောင်ပြုံးပွဲတော်နဲ့ဆက်စပ်နေတယ်သားရေ..။

ယခင်ခေတ်အခါတုန်းကဧရာ၀တီ မြစ်ရေတိုးချိန် မှာတောင်ပြုံးပွဲကိုရေလမ်းခရီးနဲ့သွားကြတယ်ကွယ့် ။စဥ့်အိုးစဥ့်ထည်သည်တွေ မြေအိုးမြေခွက်သည် တွေ၊အိုးပုတ်သည်တွေက  ရွှေတစ်ချောင်းဆိပ်မှာခေတ္တဆိုက်ကပ်ပြီးနားကြတာပေါ့ကွာ။ ရွှေတချောင်းဆိပ်ဘေး  အိုးဘိုပတ္တမြား တောရပ်မှာ ခေတ္တနားရင်း စဥ့်အိုးစဥ့်ထည် နှင့်အိုးပုတ်တွေကို ရောင်းချရာမှ အိုးပုတ်ပွဲတော်ရယ် လို့ဖြစ်လာတာပေါ့ကွာ။တောင်ပြုံးပွဲမစခင်တစ်ရက်အလိုမှာရောင်းချတဲ့အိုးပုတ်ပွဲတော်လို့မှတ်ထားကြတယ်ကွယ့်။

နှစ်ပေါင်းတစ်ရာကျော်တဲ့ပွဲဖြစ်သလို ယနေ့အထိ ဦးဆောင်ကျင်းပခြင်းမရှိ ဘဲ အလိုအလျောက်လာရောက် ရောင်းချတဲပွဲပေါ့ကွယ်။အိုးပုတ်ပွဲတော်ကျင်းပတဲ့နေ့ ညနေပိုင်းမှာတော့ အိုးဘိုရွှေကျင်ရပ်ကွက်ထဲမှာ ဧည့်သည် တွေကိုဧည့်ခံကြတာပေါ့။ညနေနှစ်နာရီကျော်လျှင် လူတိုးမပေါက်တော့ဘူးသားရေ..။သွားကြလာကြ တိုးကြ တိုက်ကြ အိုးပုတ်တွေ အလုအယက်၀ယ်ကြနဲ့ပျော်စရာကြီးဟေ့။လူတွေကလည်းများ၊ အိုးပုတ်တွေ အလုအယက် ၀ယ်သူတွေကလည်းများတဲ့အချိန် အပျော်သဘောနဲ့ အိုးပုတ်တွေ ရောင်းသူမသိအောင် အော်ရင်းဟစ်ရင်း ယူ ကြတာပေါ့ကွာ။အိုးပုတ်သည်ကလည်းအော် ၀ယ်သူတွေကလည်းအော်နဲ့ စိတ်မဆိုးတတ်တဲ့ပျော်ရွှင်ဖွယ်အိုးပုတ် ပွဲလို့အများစုခေါ်ကြတယ်ကွယ့်။တစ်ချို့ကျတော့အိုးပုတ်ပွဲမတိုင်ခင်ညမှာသွား၀ယ်ကြတယ်ကွယ့်။

အိုးပုတ်လက်ရာလေးတွေက မြန်မာ့ရိုးရာ ယဉ်ကျေးမှုနဲ့ဆက်စပ်သလို ကိုးကွယ်ယုံကြည်မှုနဲ့ပတ်သက်နေ တဲ့လက်ရာလေးတွေပြုလုပ်ရောင်းချကြတာကွယ့် ။သာမန်အားဖြင့်အိုးပုတ်(၁၂)မျိုးလုပ်ကြတယ်။အဓိကလာ ရောက်ရောင်းချတဲ့အိုးပုတ်သည်တွေကအမရပူရမြို့နယ်တပ်ကြိးီရွာဘုန်းတော်နိုင်ငံရွာတွေကနေအများဆုံးလာ ရောက်ရောင်းချတာပေါ့ ကွာ။အိုးပုတ်(၁၂)မျိုးထဲမှာတော့ ထမင်းအိုးဟင်းအိုး၊ခရားအိုး၊ လက်ဆွဲခြင်း၊ငရုပ်ဆုံ၊ရေ တကောင်း၊စဥ့်အိုး၊အချိုရည်စုံခွက်၊သောက်တော်ရေအိုး၊အုန်းသီးငှက်ပျောသီးအစုံကန်တော့ပွဲ၊လက်ဖက်ရည်ပွဲ၊ ဒယ်အိုးပုံလေးတွေအဓိကရောင်းတယ်ကွယ့်။အခြားပစ္စည်းတွေအနေနဲ့လက်ရာမြောက်ပြီးချစ်စရာကောင်းတဲ့စုဗူး လေး တွေ၊ကြာကလပ်လေးတွေနဲ့ပန်းအိုးအမျိုးမျိုးမှအစချစ်စရာမြေထည်တွေပါတာပေါ့ကွယ်။အိုးပုတ်သည်တွေက တော့ တစ်ထောင်ဖိုး(၁၂)မျိုးဆိုပြီးအော်ရောင်းကြနဲ့ပျော်စရာပဲသားရေ..။

ကလေးတွေက အိုးပုတ်တွေကို အဓိက ထားသလို သိတတ်တဲ့အရွယ်ရောက်သူတွေကတော့ လက်ရာမြောက် စုဗူးလေးတွေကို အမြတ်တနိုး၀ယ်ကြတာ ပေါ့ကွာ။
သားမန္တလေးကိုသွားလည်တဲ့အခါ ထူးခြားတဲ့ အိုးပုတ်ပွဲတော်ကျင်းပတဲ့ ဝါခေါင်လဆန်း(၈)ရက်နေ့နဲ့ဆုံ အောင်သွားပြိီးလေ့လာခဲ့ကွာ။ညနေပိုင်းလေးမှာကျင်းပတဲ့အိုးပုတ်ပွဲတော်မှာ ဦးခေါင်းကိုနေမပူအောင်အေးမြ တဲ့ ကျောက်ခတ်ပန်းဦးထုတ်ကလေးတွေ ကိုယ်စီစောင်းကြ၊အရောင်မျိုးစုံတဲ့အိုးပုတ်တွေကို၀ယ်ကြ၊တိုးေ၀့ှသွားလာ ရင်းပျော်မြူးနေတဲ့မြင်ကွင်းက မန္တလေးမြို့ရဲ ့ရှားပါးမြင်ကွင်းလေးပေါ့ကွာ။တစ်လမှာတစ်ရက်၊တစ်ရက်မှာ မှညနေ စောင်းကလေးသာ ကျင်းပတဲ့ကာလတိုအိုးပုတ်ပွဲကလေးမို့မန္တလေးသူ မန္တလေးသားတွေ အားခဲပြီး အရောက်သွားလို့အိုးပုတ်၀ယ်ကြတာပေါ့ကွာ….။သားလည်းကြုံအောင်သွားပြီး မြန်မာနိုင်ငံရဲ ့တစ်ခုတည်းသော အိုးပုတ်ပွဲတော်ရသကို ခံစားပစ်လိုက်ကွာ။နောက်တစ်ပတ်မှဆုံကြတာပေါ့သားရေ..။

သရက်တန်းစိုးရွှေ
Photo credit >>>>စပ်စု


Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths