Tuesday, September 29, 2015
1:11 PM
လူတွေအသိနည်းတဲ့ဟစ်တလာရဲ့ဘဝအကြောင်း
Myanmar Youths Technology Group
1 comment
ဂျူးလူမျိုးသန်းနဲ့ ချီပြီးလူမျိုးသုန်းသတ်ပစ်ခဲ့တဲ့ ကမ္ဘာ့အရက်စက်ဆုံး နာဇီ ခေါင်းဆောင် အဒေါ့ဟစ်တလာရဲ့ အကြောင်းတွေ တော်တော်များများကို ကျွန်တော်တို့ရဲ့ အဘိုးတွေ၊ အဘွားတွေပြောပြဖူးလို့လည်း သိပြီးသားဖြစ် ကြမှာပါ။ ဟစ်တလာရဲ့အကြောင်းကို သမိုင်းကြောင်း စာပေအထောက် အထားတွေမှာ ဖော်ပြသလို၊ နိုင်ငံခြားရုပ်ရှင်တွေမှာလည်း ပြန်ပြီးဖော်ပြထား လို့ သိခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ သူ့အကြောင်း လူသိနည်းတဲ့အကြောင်းအရာ တချို့နဲ့ သူ့ရဲ့ငယ်စဉ်က သူဖြတ်သန်းလာခဲ့တဲ့ ဘဝတစ်လျှောက်လုံးက စိတ်ဝင်စားစရာကောင်းတဲ့ အရာတချို့ စာဖတ်သူတွေအတွက် ရေးသားပေး လိုက်ပါတယ်။
၁။ ဟစ်တလာငယ်စဉ်က ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါးဖြစ်ချင်တဲ့ ရည်မှန်းချက်အိပ်မက်ရှိခဲ့ဖူးပါတယ်။
၂။ နာဇီရဲ့အာဏာရှင်ခေါင်းဆောင်တစ်ဦးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ဂျူးလူမျိုးတွေကို မုန်းတီးလို့ လူမျိုးသုန်းသတ်ပစ်ခဲ့တဲ့ ဟစ်တလာက သူစိတ် ဝင်စားတဲ့ အမျိုးသမီးက ဂျူးလူမျိုးဖြစ်နေပြီး ချစ်စကား ကြိုက်စကားဆိုဖို့ လုံးဝမကြိုးစားခဲ့ပါဘူး။
၃။ သူ့မှာ ဝီလျံပတ်ထရစ်လို့ခေါ်တဲ့ တူ တစ်ယောက်ရှိပြီးတော့ အဲ့ဒီ့သူ့ရဲ့ တူဖြစ်သူက သူ့ဦးလေး ဟစ်တလာကို ဆန့်ကျင်ဖို့ အမေရိကန်ရေတပ်နဲ့သွား ရောက်ပူးပေါင်းခဲ့ပါတယ်။
၎။ ယခု အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့တဲ့ ရုရှားအင်ပါယာနိုင်ငံ တော်ကြီးရဲ့ မြို့တော်မော်စကိုမှာ နေထိုင်တဲ့ပြည်သူတွေကို သတ်ပစ်ပြီး မြို့တော်မော်စကို ကို ရေကန်ကြီးတစ်ကန်တည်ဆောက်ဖို့လည်း ဟစ်တ လာက အစီအစဉ်ချထားခဲ့ဖူးပါတယ်။
၅။ ပထမကမ္ဘာစစ်ကြီး ဖြစ်ခဲ့တဲ့အချိန်တုန်းကလည်း စစ်ဘေးဒဏ်ကြောင့် ဟစ်တလာက သူ့ရဲ့ဝှေးစေ့တစ်လုံး ဆုံးရှုံးခဲ့ဖူးပါတယ်။
၆။ ၁၉၃၉ ခုနှစ် ဆွီဒင်ပါလီမန်ကအဖွဲ့ဝင်တစ်ဦးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ ချိန်တုန်းက ဟစ်တလာကို နိုဘယ်ငြိမ်းချမ်းရေးဆုပေးဖို့ လျာထားခြင်းခံခဲ့ရ ဖူးပါတယ်။
၇။ သူ့ရဲ့ ဘဝသက်တမ်းတစ်လျှောက်လုံးမှာ သူ့ကိုသတ်ဖြတ်ဖို့လုပ်ကြံသူ ၄၂ ဦးနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရဖူးပါတယ်။
Credit: ဖိုးသူတော်
အောင်မြင့်မြတ်
MR: EDITOR

Myanmar Youths Technology Group
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
COMMENT!
Subscribe to:
Post Comments (Atom)
ခုလိုတင်ပေးတာကျေးဇူးပါ
ReplyDelete