Thursday, October 29, 2015
2:53 AM
မြန်မာနိုင်ငံ
Myanmar Youths Technology Group
1 comment
- တခြားနိုင်ငံ တွေ ၊ ကမ္ဘာ့ ဗဟုသုတ တွေ ကို တွင်တွင်ကျယ်ကျယ် သိရှိပြီးချိန်မှာ မြန်မာနိုင်ငံသား တစ်ယောက် အနေနဲ့ မြန်မာနိုင်ငံအကြောင်း ကို အနည်းငယ်လောက်တော့ သိသင့်တယ် လို့ ယူဆပါတယ်
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
- တည်နေရာ
မြန်မာနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာအကြား အာရှတိုက်၏အရှေ့ တောင် ပိုင်းရှိ အင်ဒိုချိုင်းနားကျွန်းဆွယ်တွင် တည်ရှိသည်။ အရှေ့ မြောက်ဘက်တွင် တရုပ်ပြည်သူ့ သမ္မတနိုင်ငံ (၁၃၈၄ မိုင်)၊ အရှေ့ ဘက်တွင် လာအိုနိုင်ငံ (၁၄၆ မိုင်)၊ အရှေ့ တောင်ဘက်တွင် ထိုင်းနိုင်ငံ(၁၃၀၄ မိုင်) ၊ အနောက်ဘက်တွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံ (၁၆၉ မိုင်)နှင့် အနောက်မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ (၉၀၃ မိုင်)တို့နှင့် နယ်နမိတ် ထိစပ်နေသည်။
- အကျယ်အ၀န်း
မြန်မာနိုင်ငံသည် စတုရန်းမိုင်ပေါင်း ၂၆၂၀၀၀ (၆၇၈ ၅၀၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ အရှေ့ တောင်အာရှတွင် အကြီးဆုံးနိုင်ငံဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး နိုင်ငံများထဲတွင် အမှတ်စဉ် ၄၀ မြောက် အကြီးဆုံးဖြစ်သည်။ အဓိကတောင်တန်းကြီး ၃ ခုရှိသည် ပဲခူးရိုမတောင်တန်း၊ ရခိုင်ရိုးမတောင်တန်းနှင့် ရုမ်းတောင်တန်းတို့ဖြစ်သည်။ မြန်မာနိုင်ငံတွင် မြစ်ချောင်းအင်းအိုင်များပေါ်များသည် ထိုထဲမှ အထင်ကရမြစ်ကြီးများမှာ ဧရာဝတီမြစ်၊ ချင်းတွင်မြစ်နှင့် စစ်တောင်းမြစ်နှင့် သံလွင်မြစ်တို့ဖြစ်သည်။
- အမြင့်ဆုံးတောင်
မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်ရှိ ခါကာဘိုရာဇီတောင်သည် အမြင့် ၅၈၈၁ မီတာ (ပေ ၁၉၂၉၀) ခန့် မြင့်မားသည်။
- အရှည်ဆုံးမြစ်
ဧရာဝတီမြစ်သည် မိုင်းပေါင်း ၁၃၅၀ (၂၁၇၀ ကီလိုမီတာ) ရှည်လျားသည်။
- လွတ်လပ်ရေးနေ့
ဇန္န၀ါရီလ ၄ ရက်၊ေ၉၄၈ ခုနှစ် နံနက် ၄း၂၀ အချိန်တွင် ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်လပ်ရေးရခဲ့သည်။
- ရာသီဥတု
နွေ၊ မိုး၊ ဆောင် ဟူ၍ သုံးမျိုးရှိပါသည်။
နွေရာသီ - ဖေဖေါ်ဝါရီ မှ မေလကုန်အထိဖြစ်သည်။
မိုးရာသီ - ဇွန်လမှ စက်တင်ဘာလကုန်အထိ ဖြစ်သည်။
ဆောင်းရာသီ - အောက်တိုဘာလမှ ဇန္န၀ါရီလကုန်အထိဖြစ်သည်။
- ကိုးကွယ်မှု
ထေရ၀ါဒ ဗုဒ္ဒဘာသာနိုင်ငံဖြစ်သည်။ အခြားဘာသာများကို ကိုးကွယ်သူများလည်း နေထိုင်သည်။ ဗုဒ္ဒဘာသာ ၈၉ %၊ ခရစ်ယန်ဘာသာ ၄ %၊ မူဆလင်ဘာသာ ၄ % နှင့် အခြား ကိုးကွယ်သည့်ဘာသာဝင် ၃ % ရှိသည်။( ၂၀၀၆ ခုနှစ်စာရင်းဖြစ်သည်။)
- နိုင်ငံတော်အလံ
နိုင်ငံတော် အလံတွင် အ၀ါရောင် ၊ အစိမ်းရောင် နှင့် အနီရောင် တို့ အောက်ခံအဖြစ် ပါရှိခြင်းမှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုကာလက ထည်ဝါစွာ အသုံးပြုခဲ့သော သုံးရောင်ခြယ် အလံကို အလေးအမြတ်ပြု ဖော်ညွန်းခြင်း ဖြစ်သည်။
အလံတော်ရှိ အ၀ါရောင်သည် စည်းလုံးခြင်း ၊ ညီညွတ်ခြင်း ၊ ဥာဏ်ပညာကြီးမားခြင်း ၊ ပျော်ရွင်ခြင်းနှင့် တိုင်းရင်းသားအားလုံး ချစ်ခင်ရင်းနှီးစွာ စည်းလုံး ညီညွတ်မှုရှိခြင်း ဟူသော အဓိပ္ပါယ်ကို ဆောင်ပါသည်။
အလံတော်ရှိ အစိမ်းရောင်သည် မြေဆီသြဇာ ကြွယ်ဝခြင်း ၊ ညီညွတ်မျှတခြင်းနှင့် အေးချမ်းသာယာပြီး စိမ်းလန်းစိုပြည်သည့် နိုင်ငံ ဖြစ်သည်ဟူသော အဓိပ္ပါယ်ကို ဆောင်ပါသည်။
အလံတော်ရှိ အနီရောင်သည် ရဲရင့်ခြင်းနှင့် ပြတ်သားခြင်းဟူသော အဓိပ္ပါယ်ကို ဆောင်ပါသည်။
ကြယ်၏အရောင်ဖြစ်သော အဖြူရောင်သည် သန့်ရှင်းစင်ကြယ်ခြင်း ၊ ဖြောင့်မတ်မှန်ကန်ခြင်း ၊ ဂရုနာတရားပြည့်ဝခြင်းနှင့် စွမ်းအင်နှင့်ပြည့်စုံခြင်းဟူသော အဓိပ္ပါယ်ကို ဆောင်ပါသည်။
- နိုင်ငံတော်သီချင်း
ကမ္ဘာမကြေ သီချင်းဖြစ်သည်။ ၀ိုင်အမ်ဘီဆရာတင် ရေးစပ်ခဲ့ခြင်းဖြစ်သည်။
- ရုံးသုံးစာ
အဓိကမြန်မာစာကိုသုံးသည်။နိုင်ငံခြားဘာသာစကားအတွက့် အင်္ဂလိပ်စာကို အသုံးပြုသည်။
- ငွေကြေး
ကျပ်ငွေကို အသုံးပြုသည်။ ၁ ကျပ်တွင် ပြား ၁၀၀ ပါရှိသည်။ ယနေ့ အမြင့်ဆုံး ငွေစက္ကူမှာ ကျပ် ၁၀,၀၀၀ တန် ဖြစ်သည်။
- စံတော်ချိန်
ကမ္ဘာ့စံတော်ချိန်နှင့် (+ ၆.၃၀) နာရီကွာခြားသည်။
- နိုင်ငံတကာ Code
နိုင်ငံတကာ Code မှာ ၉၅ (95) ဖြစ်သည်။
- ကမ္ဘာ့အသင်းဝင်
၁၉၄၈ ခုနှစ် ဧပြီလ တွင် ၅၈ နိုင်ငံမြောက် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ ဝင်နိုင်ငံ ဖြစ်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် အာဆီယံအဖွဲ့ ဝင် နိုင်ငံဖြစ်လာသည်။
Credit : internet
ရွှေအိုး (မိုမိုလေး)
MR: EDITOR

Myanmar Youths Technology Group
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
COMMENT!
Subscribe to:
Post Comments (Atom)
မြန်မာ၏ အရှည်ဆုံးမြစ်က သံလွင်မဟုတ်ဘူးလားရှင့်
ReplyDelete