သတို့သမီး တော်တော်များများဟာ အဖြူရောင်သတို့သမီး ၀တ်စုံကို ဆင်မြန်းပြီး လက်ထပ်ပွဲကို ပါဝင်ဆင်နွှဲကြပါတယ်။
ဒါပေမယ့် အဖြူရောင် သတို့သမီးဝတ်စုံဟာ ဖြူစင်ခြင်း-ကို ကိုယ်စားပြုတယ်လို့ လူတွေက ထင်ထားကြပါတယ်။ အမှန်
တော့ အဖြူရောင် သတို့သမီးဝတ်စုံရဲ့ မူလအဓိပ္ပါယ်က ဖြူစင်ခြင်းကို ကိုယ်စားမပြုပါဘူး။
ဒီ အဖြူရောင်သတို့သမီးဝတ်စုံအကြောင်း ပြောမယ်ဆိုရင် ပထမဆုံး ဘယ်သူဝတ်ခဲ့တာလဲ … ? ဘယ်အဓိပ္ပါယ်နဲ့ ၀တ်ခဲ့
တာလဲ … ? စသည်ကို သိဖို့ လိုပါတယ်။ ဒါကြောင့် လွန်ခဲတဲ့ နှစ်ပေါင်း 1820 ၀န်းကျင်က အကြောင်းတစ်ရပ်ကို ပြန်ပြော
ပြဖို့ လိုပါတယ်။ အဲဒီအချိန်တုန်းက ဘုရင်မ ဗစ်တိုးရီးယားဟာ အင်္ဂလန်ထီးနန်းကို စတင်စိုးစံချိန် ဖြစ်ပါတယ်။ ထိုစဉ်က
အသက်(18)နှစ်သာ ရှိပါသေးတယ်။ 1840 ခုနှစ်မှာ မင်းသား Albert ရဲ့ လက်ထပ်ခွင့်ကို လက်ခံခဲ့ပါတယ်။
ထိုစဉ်က ရှေးရိုးစွဲ သတို့သမီး လက်ထပ်ဝတ်စုံဟာ အပြာရောင် ဖြစ်ပါတယ်။ လူတွေအများစုကလည်း အပြာရောင်ကိုပဲ
ရွေးချယ်ခဲ့ကြပါတယ်။အပြာရောင်ရဲ့ အဓိပ္ပါယ်က သန့်စင်မှုနဲ့ အပြစ်ကင်းစင်မှု ဖြစ်တယ်လို့ လူတွေက လက်ခံထားကြပါ
တယ်။ ထိုစဉ်က အဖြူရောင်ဟာ ကြွယ်ဝချမ်းသာခြင်း၊ မာန်မာနကြီးခြင်း၊ ကိန်းကြီးခန်းကြီး နိုင်ခြင်းကို ကိုယ်စားပြုပါတယ်။
ဒါပေမယ့် ဘုရင်မ ဗစ်တိုးရီးယားဟာ အများထုံးစံ အပြာရောင်သတို့သမီးဝတ်စုံကို မရွေးချယ်ဘဲ ဖဲသားနဲ့ ပြုလုပ်ထားတဲ့
အဖြူရောင်ကိုသာ ရွေးချယ်ခဲ့ပါတယ်။ အဆိုပါ ဖဲသားအဖြူရောင်ဝတ်စုံ၊ ဖဲသား ဖိနပ်နဲ့ ဘုရင်မကြီးဟာ ကြည့်ရှူရသူတွေ
ကိုတောင် မူးမေ့စေတယ်လို့ ဆိုပါတယ်။
ထိုစဉ်က စပြီး နောက်ပိုင်းမှာ ဥရောပ အနှံ့အပြားမှာ မင်္ဂလာဝတ်စုံကို အဖြူရောင်သာ ၀တ်ဆင်ကြတော့ပြီး လန်ဒန်
Spitalfields မှာတော့ အဖြူရောင် သတို့သမီးဝတ်စုံကို လိမ္မော်ပန်းပွင့်တွေနဲ့ ပုံဖော်ဝတ်ဆင်ကြပြီး စီပင်ဖွံ့ဖြိုးခြင်း
ဂုဏ်အသရေ ရှိတယ်လို့ ယူစကြပါတယ်။ ထိုခေတ်က ဘုရင်မကြီးဝတ်ခဲ့တဲ့ လက်ထပ်ဝတ်စုံရဲ့ တန်ဖိုးဟာ ပေါင်(1000)
ဝန်းကျင် ရှိပြီး ယခုခေတ် ဈေးနှုန်းနဲ့ဆိုရင် ပေါင် (80000) လောက် ကုန်ကျမှာ ဖြစ်ပါတယ်။ ဘုရင်မကြီး နတ်ရွာလား
တော့ သူမ ကြိုက်နှစ်သက်တဲ့ မင်္ဂလာဝတ်စုံ အဖြူရောင်နဲ့ ဖုံးလွှမ်းသင်္ဂြိုဟ်ခဲ့ပြီး ဈာပန ပြီးသွားတဲ့အခါမှာတော့ အဲဒီ
ဝတ်စုံကို ပြန်ယူပြီး Kensington နန်းတော်မှာ ပြန်လည်သိမ်းဆည်းထားခဲ့ပါတယ်။
Ref:yangon life
todaybago.com
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment