သင်ဟာဘွဲ့ရခါစ (သို့) လုပ်ငန်းခွင်ဝင်ရန်အဆင်သင့်ဖြစ်နေတဲ့သူတစ်ဦးဖြစ်ပါသလား?သင့်ရဲ့ ပထမဆုံး လုပ်ငန်းခွင်အတွက် အရမ်းစိတ်လှုပ်ရှားနေပြီး ဘယ်လိုပြုမူနေထိုင်ရမလဲဆိုတာ စိုးရိမ်နေစိတ်တွေများ
နေပါသလား။သင့်ရဲ့ စိုးရိမ်ပူပန်မူကိုလျော့ချလိုက်ပါ။ လူတိုင်းလိုလို အခက်အခဲတွေကြုံတွေ့ရတာပါဘဲ။အဲဒီအခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားပြီး အကောင်းဆုံးလုပ်ဆောင်ရမှာပါဘဲ။အောက်ဖော်ပြပါ
အချက်တွေဟာ သင့်ရဲ့ပထမဆုံးအလုပ်ခွင်မှာ အဆင်ပြေပြေလုပ်ဆောင်နိုင်ဖို့အထောက်အကူပြုနိုင်မှာပါ။
(၁)မိမိဘက်မှ အရင်စပြီးမိတ်ဆက်ပါ။
သင့်ရဲ့လုပ်ကိုင်ဖော်ဖက်တွေ လာပြီးသင့်ကိုအရင်မိတ်ဆက်မှာကို စောင့်နေမယ့်အစား သင်ကအရင်စပြီး သွားမိတ်ဆက်ပါ။တကယ်လို့ သူတို့တွေကသင့်ကို အရေးမလုပ်ဘူးလို့ခံစားခဲ့ရရင်တောင် စိတ်ပျက်အား
လျော့မသွားပါနဲ့။
(၂)သင့်အလုပ်ခွင်ရဲ့ ယဉ်ကျေးမှုကိုလေ့လာပါ။
သင့်အလုပ်ခွင်ရဲ့ ယဉ်ကျေးမှုကိုလိုက်ပြီး အစည်းအဝေးလုပ်နေစဉ်အတွင်း မက်ဆေ့ခ်ျပို့တာ၊ အလုပ်ချိန်
အတွင်း ဖေ့စ်ဘုတ်သုံးလို့ ရတာ၊မရတာရှိပါလိမ့်မယ်။အကြံပေးချင်တာကတော့ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်
တွေ ဘာလုပ်နေလဲဆိုတာကို အလေးထားပြီး သိရှိဖို့ကြိုးစားပါ။ဥပမာ သင်အလုပ်ကလူတွေက အီးမေးလ်ကို အဓိကထားသုံးတာလား ဒါမှမဟုတ် တစ်ခြားသော skype, messenger စတာတွေကို အသုံးများတာလား။အစည်းအဝေးလုပ်နေစဉ်အတွင်း လက်ပ်တော့ အသုံးပြုလို့ရသလား။ အလုပ်လုပ်နေစဉ် နားကြပ်တပ်ပြီး သီချင်းနားထောင်လို့ရလား စတာတွေဟာ ကုမ္မှဏီတစ်ခုနှင့် တစ်ခု သတ်မှတ်ချက်တွေတူညီမှာမဟုတ်ပါ
ဘူး။ဒါကြောင့် သင့်လုပ်နေတဲ့ လုပ်ငန်းခွင်ရဲ့ သဘောတရားကိုသိရှိအောင်လေ့လာပြီးမှ ပြုမူဆောင်ရွက်ပါ။
(၃)သင့်ရဲ့အပြုအမူကို ဂရုစိုက်ပါ။
လူတွေနဲ့ပထမဆုံးတွေ့ဆုံမှုဟာအလွန်အရေးကြီးတဲ့အတွက်သင့်ရဲ့အပြုအမူတွေကို ဂရုစိုက်ပါ။ လူတွေနဲ့ မိတ်ဆက်တဲ့အခါ မှာသူတို့ရဲ့ နာမည်နှင့် သိထားသင့်တဲ့အရာတွေကို ဂရုပြုမှတ်သားပါ။ဒါမှ သင့်ရဲ့အလေးထား မှုကိုပြသနိုင်မှာပါ။ နေ့လည်စာစားတဲ့အချိန်မျိုးတွင်လည်း အချိန်ကြာကြီးနားနေတာမျိုးမလုပ်ပါနဲ့။တကယ်လို့ သင်ဟာအလုပ်ဝင်ခါစဖြစ်တဲ့အတွက် သင်မှာလုပ်စရာတွေသိပ်များများစားစားမရှိခဲ့သေး ရင်လည်းလတ်လျား လတ်လျားမနေပါနှင့်။သင့်အလုပ်နဲ့ပတ်သက်တာတွေကို ကြိုတင်လေ့လာထားပါ။သင့်ရဲ့အချိန်ကိုအကျိုးရှိရှိ
အသုံးချပါ။ပရောဖက်ရှင်နယ်ဆန်ဆန်ပြုမူနေထိုင်ပါ။
(၄)သင့်ရဲ့ဘော့စ်ကဘာကိုအလိုရှိသလဲဆိုတာသိအောင်လုပ်ပါ။
သင့်ရဲ့အစမ်းခန့်ကာလ (၃)လအတွင်းမှာ သင့်ဘော့စ်ကသင့်ဆီကဘာတွေမျှော်မှန်းထားသလဲဆိုတာ
သိအောင်လုပ်ပါ။သူရဲ့မျှော်မှန်းချက်ထက်သာလွန် အောင်မလုပ်နိုင်ခဲ့ရင်တောင် အနည်းဆုံးအခြေခံ
မျှော်လင့်ချက်တွေထိ ရောက်ရှိနိုင်အောင် ကြိုးစားလုပ်ဆောင်ပါ။
(၅)လူတွေဆီကသင်ယူပါ။
သင့်အတွက် သင်ယူနိုင်မယ့်သူတွေမှန်သမျှဆီကသင်ယူ့ပြီး သင်ကိုယ်သင်တိုးတက်အောင်လုပ်ဆောင်ပါ။ သင်ယူခွင့်ရတဲ့အချိန်နှင့် အခွင့်အရေးတွေရှိတုန်းမှာရသလောက်သင်ယူထားပါ။အခွင့်အရေးဆိုတာ အမြဲတမ်းရနေတဲ့အရာမျိုးမဟုတ်ပါ။
(၆)တစ်ယောက်တည်းအလုပ်မလုပ်ပါနဲ့။
Team player ကောင်းတစ်ဦးဖြစ်အောင်လုပ်ပါ အလုပ်လုပ်တဲ့နေရာမှာ အသင်းအဖွဲ့စိတ်ဓာတ်ဆိုတာ အရမ်းအရေးကြီးပါတယ်။ တကယ်လို့ သင့်ရဲ့ဘော့စ်(သို့)လုပ်ဖော်ကိုင်ဖက်တစ်ဦးဦးက အကူအညီတောင်း
လာပြီဆိုရင် ဒါသင်လုပ်ဆောင်ရမယ့်တာဝန်မဟုတ်ဘူး “နိုး” လို့ငြင်းလိုက်တာထက် (တကယ်လို့သင်
လုပ်နိုင်တဲ့ ဘောင်အတွင်းကအရာတွေဆိုရင်) ဘာကူညီ ပေးရမလဲလို့ပြောလိုက်တာဟာ သင်ရဲ့တန်ဖိုးမြှင့်တက်စေရုံသာမကသင့်ကို team player ကောင်းတစ်ဦးအဖြစ်သတ်မှတ်ကြမှာပါ။
(၇)လူအများနှင့်သဟဇာတဖြစ်အောင် နေဖို့ကြိုးစားပါ။
လုပ်ငန်းခွင်ဆိုတာ အမြဲလူတွေ၊အခြေအနေတွေ အပြောင်းအလဲဖြစ်နေတဲ့နေရာတစ်ခုဖြစ်တဲ့အတွက်
သင်ဟာ လူတွေနဲ့အလွယ်တကူ သဟဇာတဖြစ်အောင်နေထိုင်နိုင်ဖို့နှင့် ပြောင်းလဲမှုလိုအပ်ချက်သစ်
တွေကို အလွယ်တကူသင်ယူနိုင်ဖို့က အရမ်းအရေးကြီးပါတယ်။
ကဲအခုဆိုရင်တော့ သင်ရဲ့ပထမဆုံးအလုပ်ခွင်မှာ ဘယ်လိုအဆင်ပြေအောင်ပြုမူနေထိုင်ရမလဲဆိုတာ သိရှိလောက်ပြီဖြစ်မယ်ထင်ပါတယ်။ လုပ်ငန်းခွင်ဝင်မယ့် လူငယ်တွေ အဆင်ပြေပြေနဲ့ အကောင်းဆုံး လုပ်ဆောင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Ref: carrer-advice.monster
todaybago.com
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment