Wednesday, March 9, 2016

အကောင်းမြင်စိတ်

တစ်ခါတုန်းကပေါ့…

တစ်ခုသော မနက်ခင်းမှာ အသက်၈၀ အဖွားအိုတစ်ဦးဟာ မကြည့်တာ ကြာပြီဖြစ်တဲ့ မှန်ကို ကြည့်နေပါတယ်။ ကြည့်နေရင်းနဲ့ သူမခေါင်းပေါ်မှာ ဆံပင်လေး ၃ပင်သာ ကျန်နေတာကို တွေ့လိုက် ရပါတယ်။

အဲဒီလိုတွေ့လိုက်ချိန်မှာ အရာရာကို အကောင်း မြင်တတ်တဲ့ အဖွားအိုဟာ

“ အင်း ငါတော့ ဒီဆံပင် ၃ပင်နဲ့ဆို ဒီနေ့ ဆံကျစ်လေး ကျစ်ထားလိုက်ရင် အတော်ဘဲ လို့”

တွေးလိုက်ပြီး ဆံပင်လေး၃ပင်ကို ဆံကျစ်လေးကျစ်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ သူ့ရဲ့ နေ့တွေကို ဖြတ်သန်းလိုက်ပါတယ်….

နောက် ရက်အတန်ကြာလို့ မှန်ကို ကြည့်မိတဲ့အခါ သူမမှာ ဆံပင် ၂ပင်တည်းသာ ကျန်တော့တာကို တွေ့ပြန်ပါတယ်။ ဒီတော့ သူက တွေးမိပြန်တယ်။

“ဟမ်း ငါ့ဆံပင်က ၂ ပင်ထဲကျန်တော့ပါလား.. အတော်ဘဲ ဒီဆံပင်၂ပင်ကို ဟိုဘက်ဒီဘက် တစ်ပင်စီ ချထားလိုက်ရင် ပြီးတာပါဘဲ ” လို့ တွေးလိုက်မိရင်း ဆံပင်လေး ၂ပင်ကို ခေါင်းတစ်ဘက်စီိ ချထားလိုက် ရင်း ပြုံးပြုံးရွှင်ရွှင်နဲ့ မှန်ရှေ့ကနေ ထွက်သွားပြန်ပါတယ်..

နောက် တစ်ပတ်လောက်ကြာတဲ့အခါမှာ သူ့ဆံပင်လေးဟာ တစ်ပင်တည်းထီးထီး ကျန်တော့တာကို တွေ့လိုက်ရပါတယ်။ ဒီတစ်ခါ အဖွားအိုက

“အိုး ဆံပင်က တစ်ပင်ဘဲ ကျန်တော့ပါလား… ဒီဆံပင်လေးတစ်ပင်ကိုဘဲ (ပိုနီတေလ်း) မြင်းမြီးလေးလို ချထားလိုက်ရင် အကောင်းဆုံးဘဲ ” လို့တွေးလိုက်ပြီး တစ်ပင်တည်းကျန်တဲ့ ဆံပင်လေးကို အသာချလို့ ရွှင်ရွှင်ပြပြလေးနဲ့ မှန်ရှေ့က ထွက်ခွာသွားပြန်ပါတယ်..

နောက်တစ်ရက် မိုးလင်းလို့ မှန်ရှေ့မှာ ကြည့်မိတော့ အဖွားအိုမှာ ဆံပင်လေးတစ်ပင်တောင် မကျန်ရစ် တော့ပါဘူး။ ဒီတော့ သူက တွေးမိပြန်ပါတယ်..

“ အင်း…. နောက်ဆုံးတော့ ဂတုံးဖြစ်သွားပြီ. ဘယ်လောက် ကောင်းလိုက်သလဲ.. ငါ့မှာ နောက်ထပ် ဒီဆံပင်အတွက် အချိန်ကုန်စရာ မလိုတော့ဘူး.. ဆံပင်ဖြီးရတဲ့ ဒုက္ခ၊ ခေါင်းလျှော်ရတဲ့ ဒုက္ခ အဲဒါတွေ

အားလုံး ကင်းဝေးသွားပြီ.. ကောင်းလေစွ ကောင်းလေစွ ” လို့

ပြောပြီးတော့ မှန်အရှေ့ကနေ ကြည်လင် လန်းဆန်းစွာ ထွက်ခွာသွားပါတယ်..။

ကျွန်မတို့ဟာ အဖွားအိုလို အရာရာကို အကောင်းမြင်တတ်တဲ့ စိတ်မျိုး ထားနိုင်ပါ့မလား?

ကိုယ့်ကိုယ်ကိုလဲ မေးမိပါတယ်.. မလွယ်ပါဘူး…

တကယ်ကို မလွယ်ပါဘူးနော်…

ကိုယ့်ပိုင်ဆိုင်မှု လျှော့သွားတဲ့ အခါဘဲ ဖြစ်ဖြစ်၊ ခနတာ အခက်အခဲနဲ့ ကြုံရတဲ့ အခါဘဲ ဖြစ်ဖြစ် လွယ်လွယ်ကူကူနဲ့ စိတ်ဆင်းရဲတတ်ကြတယ်.. ကံကို အပြစ်တင် တတ်ကြတယ်..

စိတ်ပူပန်ဆင်းရဲကြတယ်..

ကိုယ့်စိတ်ကို သက်သာရာရအောင် ဖြေတွေးဖို့ ၊ အကောင်းဘက်ကနေ ကြည့်ဖို့ မစဉ်းစားမိကြဘူး..

တကယ်တမ်းတော့ ဖြစ်ပြီးသွားတဲ့ ကိစ္စရပ်တွေဟာ ကိုယ်တိုင်လည်း ဘာမှ မတတ်နိုင်တဲ့ အကြောင်းတရား တွေပါနော်..

ပူပန်စိတ်ဆင်းရဲနေတော့ရော အရာရာ အသစ်ပြန်ဖြစ်မလာနိုင်တော့ပါဘူး..

ကိုယ့်ရဲ့ စိတ်ဆင်းရဲပူပန်မှုလေးတွေကို လျှော့ချပြီး ဖြစ်လာတဲ့ အခြေအနေကို အကောင်းဘက်ကနေ မြင်တတ်၊ ကြည့်တတ်ဖို့ အဖွားအိုရဲ့ စိတ်ထားလေးလိုမျိုး ထားနိုင်ဖို့ တတ်နိုင်သလောက်တော့ ကြိုးစားကြည့် ကြရအောင်လားရှင်။

ကျွန်မကိုယ်တိုင်လဲ ကြိုးစားရပါဦးမယ်..။

Credit to ချော (အစိမ်းရောင်လွင်ပြင်)



အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths