၁ ။ သူမရဲ့ မျက်ဝန်းတွေကြောင့် (သို့မဟုတ် )
သူမရဲ့ နှုတ်ခမ်းတွေကြောင့် (သို့မဟုတ်)
သူမရဲ့ ခန္ဓာကိုယ်အလှကြောင့် ချစ်တာဆိုရင်
*- အဲဒါအချစ်မဟုတ်ပါဘူး ။ တပ်မက်မှု တဏှာသာလျှင်ဖြစ်လိမ့်မယ် ။
၂ ။ သူမရဲ့ ဥာဏ်ရည်ဥာဏ်သွေး ထက်မြတ်မှုကြောင့် (သို့မဟုတ် )
သူမရဲ့ ဘ၀အရည်အသွေးတွေကြောင့် ချစ်တာဆိုရင်
*- အဲဒါအချစ်မဟုတ်ပါဘူး လေးစားသဘောကျခြင်းသာဖြစ်တယ် ။
၃ ။ သင်ထွက်ခွာဖို့ ကြိုးစားတိုင်း သူမအကြိမ်ကြိမ်ငိုကြွေးခဲ့လို့ ချစ်မိတာဆိုရင်
*- အဲဒါအချစ်မဟုတ်ပါဘူး သနားဂရုဏာသက်ခြင်းသာဖြစ်တယ် ။
၎ ။ သူမဟာ သင့်ကို စာကျက်ဖို့ နဲ့ အိပ်ဖို့မေ့နေအောင်တောင် ဖမ်းစားနိုင်ခဲ့လို့ ချစ်မိတာဆိုရင်
*- အဲဒါအချစ်မဟုတ်ပါဘူး ရူးသွပ်စွဲလမ်းမှုသာဖြစ်တယ် ။
၅။တကယ်တော့အချစ်ဆိုတာသင်ဘာကြောင့် သူ့ကိုဘယ်အချိန်မှာ စွဲလမ်းသွားရသလဲဆိုတာ သင်ကိုယ်တိုင် တောင်မသိနိုင်တဲ့ အရာတစ်ခုပေါ့ ။
အချစ်မှာ - - -
သူ့အကြောင်းပြချက်နဲ့သူရှိတယ် . ..
ပြီးတော့ အဲဒီအကြောင်းပြချက်ကိုလည်း ဘယ်သူမှ တိတိကျကျမသိကြဘူး ။
Credit: သက်တန့်ချို
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment