ကိုယ့်ဝန်ကိုယ်ထမ်းပါတဲ့။ ကျောင်းသားဘ၀ကတည်းက ထိုစာသားကလေးကို နှစ်သက်လွန်းလို့ ယခုထိတောင် ထမ်းပိုးလာဆဲပါ။ ကျွန်တော်တို့ ထမ်းရွက်ခဲ့တဲ့
ဝန်တစ်ခုဟာ ကိုယ့်ဘ၀အပြင် အခြားသောဘ၀တွေအတွက်ပါ ထမ်းရွက်နေခြင်းကတော့ ထူးခြားပါတယ်။
ပုရွက်ဆိတ်တွေဟာ သူတို့ ခန္ဓာကိုယ်ထက် အဆပေါင်းများစွာလေးတဲ့ အရာတွေကို သယ်ပိုးနိုင်ကြတယ်။ ကျွန်တော်တို့ ကတော့ ကျွန်တော်တို့ ခန္ဓာကိုယ်ထက်
ပိုလေးတဲ့အရာတွေကို ဘယ်တုန်းကမှ မသယ်ချင်ကြပါဘူး။ ဒါဟာ ကျွန်တော်တို့ အတွက် အားနည်းချက်တစ်ခုပေလား။
ကြွေးဟောင်းဆပ်ခြင်း ၊ ကြွေးသစ်ချခြင်း ၊ ရွှေအိုးမြှုပ်ခြင်း စတဲ့ အလောင်းတော်ကေဒါရကျေးမင်းရဲ့ လူလောကမှာ ကျင့်ရမယ့် ကျင့်ဖွယ်သုံးဖြာကို ကျွန်တော်တို့ 
မေ့များမေ့နေသလား။ ဒီအချက်သုံးချက်ထက်ပိုလွန်ပြီး ယူတဲ့သူတွေကရော ဘယ်သို့ ရှိမလဲ။ တွေးတောစရာပင်။
လူ့ လောကဟာ အပေးအယူမျှတဖို့ အထူးလိုအပ်တယ်ဆိုတာတော့ အထူးဆိုဖွယ်မရှိပါ။ ကိုယ်ကချည်းလည်း ယူဖို့ မသင့်၊ သူ့ ကို ပေးဖို့ ကျပြန်တော့လည်း
ကိုယ့်မှာ ပေးစရာက လိုပြန်တယ်။ ပေးစရာရှိဖို့  တစ်ခုခုတော့ လောကထဲမှာ ယူရလိမ့်ဦးမယ်။ ဘယ်လို ယူရမလဲဆိုတာက ခက်ပြန်တယ်။
သေချာတာတစ်ခုကတော့ စဉ်းစားကြည့်လိုက်တိုင်း ကိုယ်ယူခဲ့တာကိုမတွေးမိ၊ ပေးသည်ကိုသာတွေးမိတဲ့ လူ့ သဘောသဘာဝကလည်း အနှောင့်အယှက်ဖြစ်စရာပါ။
ဒါဆိုရင် ကျွန်တော်တို့ သာမာန်အခြေအနေ သဘာဝတရားထဲက ဖောက်ထွက်ပြီး မြင်အောင်ကြည့်ဖို့ တော့ လိုလိမ့်မယ်။
တာဝန်တစ်ခုကို ၀န်ထုပ်၊ ၀န်ပိုးလို့  တွေးလိုက်ရင် လူက ပင်ပန်းနွမ်းနယ်ပြီး ဘာမှ လုပ်ချင်စိတ်မရှိတော့ဘူး။ သို့ သော် လူသားတစ်ယောက်ရဲ့ တာဝန်သိစိတ်လို့ 
တွေးလိုက်ရင် သာမာန်ထက် ခွန်အားတွေပိုရသွားတယ်။ ဒီလိုခံယူတတ်ကြရင် အခက်အခဲဟာ လောကနဲ့ စိမ်းသွားမှာ သေချာတယ်။
ပေးဆပ်ရမယ့် ၀န်နဲ့  လက်ဆင့်ကမ်းယူလိုက်တဲ့ ၀န် ဟန်ချက်ညီညီ ဖြေရှင်းထုတ်ရလိမ့်ဦးမယ်။ ကိုယ်က လိုလိုချင်ချင် ခံယူလိုက်တဲ့ဝန်အတွက် ဖြေရှင်းဖို့ နည်းလမ်း
တွေ အဆင်သင့်ရှိပေမယ့်၊ မယူချင်ပေမယ့် လက်ဆင့်ကမ်းခံလိုက်ရတဲ့ ၀န်ကျတော့လည်း ဖယ်ထုတ်ပြစ်ဖို့  လိုပြန်တယ်။ ဒါမှ တကယ်လိုတဲ့ဝန်တွေ ထပ်ထမ်းနိုင်မှာပါ။
လူငယ်တွေအနေနဲ့ က ကိုယ်တကယ်ပေးချင်တဲ့အရာတွေဟာ လက်ခံတဲ့သူတွေလိုချင်တဲ့အရာတွေဖြစ်ဖို့ လည်းလိုတယ်။ မယူချင်ဘဲ အတင်းပေးတာဟာလည်း ကိုယ့်
အတ္တတစ်မျိုးပဲ။ လူများစွာကို ကိုယ်က ပေးနိုင်ဖို့ အတွက် မလိုအပ်တဲ့ဝန်တွေ ထမ်းထားမယ်ဆိုရင် ဘာနဲ့ သွားပေးမလဲ။ တကယ်တမ်း လောကမှာ လိုအပ်တဲ့ ၀န်တွေ
ကို ထမ်းထားမှ သူများတွေလိုအပ်မှုကို ကိုယ်က ပေါပေါလောလောပေးနိုင်မယ်ဆိုတာကို သိထားရမှာဖြစ်ပါတယ်။
Credit: True Man
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment