Saturday, March 5, 2016

လူတကာ သြချရလောက်အောင် အလုပ်မှာ ဈာန်ဝင်တဲ့သူ ဖြစ်စေဖို့

၁။ သူတစ်ပါးရဲ့အလုပ်ကို ဝေဖန်နေမှာထက် ကိုယ့်အလုပ်ကို သေချာကြိုးစားပါ။

၂။ သူများကို မျက်ရည်ကျအောင်လုပ်မယ့်အစား စိတ်ဓာတ်ခွန်အားတွေပေးလိုက်ပါ။

၃။ ကိုယ့်ကိုယ်ကို သိမ်ငယ်စေမယ့် စကားတွေပြောမယ့်အစား ခေါင်းဆောင်ကောင်းတစ်ယောက်လို နေထိုင်ကျင့်ကြံနေထိုင်ပါ။

၎။ ကိုယ်ကြိုးစားလုပ်ခဲ့တဲ့ အလုပ်အတွက် အသိအမှတ်ပြုမခံရမှာ မစိုးရိမ်ပါနဲ့။

၅။ ပြဿနာရဲ့ တစ်စိတ်တစ်ပိုင်းထက် ဖြေရှင်းချက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်အောင် ကြိုးစားပါ။

၆။ စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်ပြီး တက်ကြွစွာနေထိုင်ပါ။ 

၇။ သာမန်အလုပ်လောက်နဲ့ပဲ ကျေနပ်နေမယ့်အစား အလုပ်သစ်တစ်ခုကို စွန့်ဦးလုပ်ကိုင်လိုက်ပါ။

၈။ သင်အားကျတဲ့ ဘဝမျိုးပိုင်ဆိုင်ထားတဲ့သူတွေနဲ့ ပတ်သတ်ဆက်နွှယ်ပါ။

၉။ တစ်နေ့ကို တစ်နာရီ စာလေ့လာပါ။ စာသင်ကြားနှုန်းကို နှစ်ဆတိုးပါ။ ဒါဆို အောင်မြင်နိုင်ချေ သုံးဆတိုးလာပါလိမ့်မယ်။

၁ဝ။ သူများဘဝကို ပုံတူကူးချထားတဲ့ အောင်မြင်မှုဟာ ဘယ်တော့မှ မစစ်မှန်သလို ကြာကြာခံမှာလည်း မဟုတ်ဘူး။ ဒါ့ကြောင့် ကိုယ့်ဘဝမှာ ကိုယ့်လမ်းကိုယ်လျှောက်ပါ။

၁၁။ သင်ကြောက်တတ်တဲ့ အလုပ်လေးတွေကို နေ့တိုင်းနည်းနည်းစီလုပ်သွားပါ။

၁၂။ အမည်နာမနဲ့ ဘွဲ့ထူးဂုဏ်ထူးတွေကို မမက်မောဘဲ ဦးဆောင်ပေးပါ။

၁၃။ လူတွေရဲ့ အားနည်းချက်ကို ရှာဖွေပြောဆိုနေမယ့်အစား သူတို့ရဲ့ အားသာချက်တွေကိုပဲ အာရုံစိုက်ပါ။

၁၄။ အလားအလာရှိပေမယ့် အသုံးမဝင်ရင် သင်စိတ်ခံစားရတတ်ပါတယ်။ ဒါ့ကြောင့် အခွင့်အရေးတွေကို မျှော်လင့်မနေဘဲ ကိုယ့်ဘဝအတွက် အကောင်းဆုံးကြိုးစားဖို့ပဲ စိတ်ထဲမှာ ခံယူထားပါ။

Credit: GandaWin Magazine



အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths