သင်ဟာ လက်ဝှေ့အားကစာကို စိတ်ဝင်စားတယ်ဆိုရင် လက်ဝှေ့အကျော်အမော် ဟိုလီဖီးလ် ဆိုတာ ကြားဖူးမှာပေါ့။ မိုက်တိုင်ဆန်ကို အနိုင်ယူပြီး ချန်ပီယံဆုတွေ အများကြီး ယူခဲ့ဖူးသူပေါ့။ သူဟာ အသက် ၁၇ နှစ်မတိုင်ခင်က လကဝှေ့ကြိုးဝိုင်းထဲမှာ မူးမေ့သတိလစ်သွား တတ်တာ ဆိုတာကို မြင်ဖူးကြားဖူးနေတော့ လက်ဝှေ့ကြိုးဝိုင်းထဲဝင်ရမှာကို သူ့အသက် ၁၇ နှစ်သား လက်ဝှေ့ မသင်ခင်အထိ ကြောက်လန့်ခဲ့ပါတယ်။
သူ့ရဲ့ အစောပိုင်း လက်ဝှေ့သမားဘ၀တွေမှာ တစ်ရာ့လေးဆယ်ခုနှစ်ပေါင်ရှိတဲ့သူဟာ ပြိုင်ဘက်ရဲ့ ဘယ်ဝိုက်လက်သီးတစ်လုံး မိသွားခဲ့ဖူးတယ်။ ဒါပေမယ့် သူဟာ ချက်ချင်း ပြန်ထလာခဲ့ပြီး ပြိုင်ဘက်ဆီကို ဒေါသတကြီး တရှိန်ထိုးသွားမယ်လို့ ကြံရွယ်ထားလိုက်တယ်။ တကယ်တမ်း ပြန်ထလာတဲ့အခါ သူထင်သလောက် နာကျင်မှုဆိုတာ မခံစားရဘူးဆိုတာကို သိသွားတယ်။
ပြီးတော့ သူ့ရဲ့တရှိန်ထိုး တန်ပြန်တိုက်စစ်ဆင်မှုဟာလည်း အောင်မြင်သွားခဲ့တယ်။ အဲ့ဒီကစပြီး ဟိုလီဖီးလ်ဟာ နာရမှာ မကြောက်တော့ပါဘူး။
ကျွန်တော်တို့တွေဟာ တစ်ခုခုကို တကယ်မကြုံရခင် တွေးပြီးကြောက် လေ့ရှိတယ်။ တကယ်တမ်း နဖူးတွေ့ ဒူးတွေ့ကြုံရတဲ့အခါ တွေးကြောက်သလောက် မဆိုးတာ တွေ့ရတတ်ပါတယ်။ အဲ့ဒီအခါမှာ အတွေ့အကြုံရှိဖူးတဲ့လူက အတွေ့အကြုံမရှိဘူးတဲ့ လူလောက် မကြောက်တော့တာလည်း တွေ့ရတယ်။
ရင်ဆိုင်ရဲသွားပြီပေါ့။
ဟိုလီဖီးဟာ သူ့ရဲ့ ပထမဆုံးပွဲမှာ အလဲထိုးခံလိုက်ရတယ်။ ဒါပေမယ့် သူဟာ လက်ဝှေ့ကြိုးဝိုင်း ကြမ်းပြင်ကို စပရိန်လို သဘောထားပြီး ကြောက်စိတ်ကို ဖယ်လို့ အရင်ထက် ပိုမြင့်တဲ့ နေရာကို ရောက်အောင်သွားနိုင်ခဲ့ပါတယ်။
(အောင်စည်သာမြန်မာပြန်ဆိုသည့် ထိပ်ဆုံးသို့အရောက်သွားမည် ဘ၀အောင်မြင်ရေးလျှို့ဝှက်ချက်များ စာအုပ်မှ ...)
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment