Friday, March 25, 2016

တကယ်တော့ မျက်ရည်တွေ အဲဒီလောက်မလိုပါဘူး

"တကယ်တော့ မျက်ရည်တွေ အဲဒီလောက်မလိုပါဘူး" တဲ့ ဂျက်လီကပြောတယ်။
တစ်နေ့က talentပြိုင်ပွဲအစီအစဉ်တစ်ခုကို ကြည့်ဖြစ်တယ်။ အဲဒီအစီအစဉ်မှာ ဂျက်လီဒိုင်လူကြီးလုပ်တယ်။ ပြိုင်ပွဲမှာ အသက်၈နှစ်ကနေ ၁ဝနှစ်အရွယ် ကလေးငယ်တစ်စုက ဝူရှု(သိုင်း)ဝင်ပြိုင်တယ်။ အင်တိုက်အားတိုက် စိတ်ပါပါနဲ့ သူတို့ဝူရှုကစားတာကိုကြည့်ပြီး သူတို့အဖွဲ့အကြောင်းကို ဂျက်လီစိတ်ဝင်စားသွားတယ်။ အဲဒီမှာ အဖွဲ့ထဲက ကလေးမလေးတစ်ယောက်ကို မင်းတို့အကြောင်းပြောပြပါဦးလို့ ဂျက်လီကဆိုတော့ ကလေးမလေးက ဘာမှမပြောနိုင်ဘဲ မျက်ရည်တောက်တောက်ကျပြီး ငိုပါတော့တယ်။ ကလေးမငိုတော့ ကျန်တဲ့ကလေးတွေပါ လိုက်ငိုကြတယ်။ ဘာမေးမေး ဘာမှပြန်မပြောနိုင်ကြတော့ဘူး။ အဲဒီမှာ သူတို့ရဲ့လုပ်အားပေးဆရာက ကလေးတွေအစား ဖြေပေးပါတယ်။ ကလေးတွေက တိဘက်ကလာတဲ့ မိဘမဲ့ကလေးတွေပါ၊ ပီကင်းပရဟိတကျောင်းတစ်ကျောင်းမှာ ကျောင်းတက်နေကြသူတွေပါ။ ကလေးတွေကို ဆရာက ခန္ဓာကိုယ်ကျန်းမာဖို့၊ စိတ်ဓာတ်ကြံ့ခိုင်ဖို့ဆိုပြီး သိုင်းသင်ပေးပါတယ်။ ကလေးတွေ ငိုတာကိုကြည့်ပြီး ဂျက်လီက "တကယ်တော့ မျက်ရည်တွေ အဲဒီလောက်မလိုပါဘူး။ တိဘက်မှာ ဆိုရိုးစကားတစ်ခွန်းရှိတယ် မဟုတ်လား... နေမင်းဆိုတာလည်းရှိတယ်၊ တိမ်မည်းဆိုတာလည်းရှိတယ်... တိမ်မည်းရဲ့နောက်မှာ နေမင်းအမြဲရှိတယ်"လို့ ပြောခဲ့ပါတယ်။
ဟုတ်ပါတယ်.. တကယ်တမ်းမှာ မျက်ရည်တွေ ဒီလောက်မလိုပါဘူး...
လဲကျရာကနေ ထပ်တစ်ဖန်ထရပ်ဖို့ မျက်ရည်တွေ ဒီလောက်မလိုပါဘူး
အသည်းကွဲရာကနေ နလန်ထနိုင်ဖို့ မျက်ရည်တွေ ဒီလောက်မလိုပါဘူး
ဆင်းရဲဒုက္ခတွေကျော်လွှားနိုင်ဖို့ မျက်ရည်တွေ ဒီလောက်မလိုပါဘူး
အခက်အခဲကိုဖြေရှင်းနိုင်ဖို့ မျက်ရည်တွေ ဒီလောက်မလိုပါဘူး
လိုတာက နောက်ထပ်တစ်ဖန် ထရပ်ရဲတဲ့ သတ္တိပါ
အသည်းကွဲရာကနေ ရဲရဲလျှောက်ထွက်ရဲတဲ့ စိတ်ဓာတ်ပါ
ဆင်းရဲဒုက္ခကိုကျော်လွှားမယ့် စိတ်ကြံ့ခိုင်မှုပါ
အခက်အခဲကိုဖြေရှင်းမယ့် နည်းလမ်းပါ
ဒါတွေအတွက် မျက်ရည်တွေ ဒီလောက်မလိုခဲ့ပါဘူး
တိမ်ညိုတိမ်မည်းတွေလွှင့်တဲ့အခါ နေမင်းကြီးကပေါ်ထွက်လာဦးမှာပါ...
"ဆောင်းရောက်ပြီဆိုမှတော့ နွေဦးမဝေးတော့ပါဘူး" တဲ့ ... ကျွန်မအရမ်းကြိုက်တဲ့ စကားတစ်ခွန်းပေါ့။
Credit: နိုင်းနိုင်းစနေ



အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths