Friday, March 25, 2016

မိတ်ဆွေဖွဲ့ပါ




မိတ်ဆွေဖွဲ့ပါ
++++++++++
မိတ်ဆွေဖွဲ့တယ်ဆိုရာမှာ ဟိုတုန်းကကိုယ်နဲ့ ခင်ခင်မင်မင် ဆက်ဆံခဲ့ဖူးသူတွေနဲ့လည်း ပြန်ပြီး နွေးနွေးထွေးထွေး ရှိဖို့လိုသလို အလုပ်ထဲမှာဖြစ်ဖြစ် ကိုယ့်အိမ်နီးပတ်ဝန်းကျင်မှာဖြစ်ဖြစ် အခွင့်ပေါ်ရင်ပေါ်သလို ကိုယ့်ရဲ့ခင်မင်စရာ အသိုင်းအ၀ိုင်းကြီး ကျယ်ပြန့်လာအောင် လုပ်ဖို့လည်းလိုပါတယ်။ လူတွေဆိုတာက အစိတ်အပိုင်းကြီးတစ်ခုထဲမှာ တို့တွေလည်းအပါအ၀င်ဖြစ်တယ်လို့ ခံစားတက်ဖို့ လိုပါတယ်။ ကိုယ်ကလူတွေကို ဂရုတစိုက်ဆက်ဆံရင် လူတွေကလည်းကိုယ့်ကို ဂရုတစိုက်ပြန်ဆက်ဆံလာကြမှာပါပဲ။
အင်ဒီဟာ သူ့အိမ်နီးချင်းတွေနဲ့ မသိပါဘူး။ အိမ်ပြင်ရောက်လို့တစ်ယောက်နဲ့တစ်ယောက် တွေ့ကြရင် လက်ပြတာမျိုးလောက်ပဲရှိတယ်။ ဒါပေမဲ့ များသောအားဖြင့် သူတွေ့တက်တာတွေကတော့ ခြံစည်းရိုးမြင့်မြင့်ကြီးတွေနဲ့ ပိတ်ထားတဲ့ တံခါးတွေပဲ ဖြစ်နေတက်တယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက သူ့လုပ်ငန်းမှာသုံးဖို့ အင်ဒီ ကွန်ပျူ တာတစ်လုံး ၀ယ်လာတယ်။ တစ်နေ့မှာ အင်တာနက်ထဲ ၀င်ကြည့်နေတုန်း စာပေ၊ အားကစားနဲ့ အနုပညာ စသည်ဖြင့် ၀ါသနာတူရာ လူတွေနဲ့ ဆက်သွယ်လို့ရလာတယ်။ အဲ့ဒီထဲမှာ လူတစ်ယောက်ကတော့ သူနဲ့အကြိုက်ချင်းတော်တော်တူလို့ အင်တာနက်ပေါ်မှာတင် အပြန်အလှန်ဆက်သွယ်ရင်း မိတ်ဆွေဖြစ်သွားတယ်။
တစ်နေ့ကျတော့ သူနဲ့သူ့မိတ်ဆွေတို့ အင်တာနက်မှာ ဆက်သွယ်နေတုန်း မီးပြတ်သွားတယ်။ မီးပြန်လာတဲ့အခါကျတော့ အင်တာနက်ပေါ်က သူ့မိတ်ဆွေလည်း သူနဲ့တစ်ချိန်တည်းမှာ မီးပြတ်ခဲ့တယ်လို့ သိရတယ်။ အဲဒီကနေမှ သူတို့အချင်းချင်းရဲ့ လိပ်စာတွေ ထုပ်ပြောလိုက်ကြတော့ တစ်လမ်းတည်း အတူတူနေကြသူတွေ ဖြစ်နေတယ်။
ဒီအဖြစ်အပျက်လေးကနေ အင်ဒီ ဘာသင်ခန်းစာ ရလိုက်သလဲဆိုတော့ မိတ်ဆွေဖြစ်ချင်ရင် အဝေးကြီးရှာနေဖို့ မလိုဘူး၊ အနီးမှာ ရှိနေသူတွေနဲ့လည်း မိတ်ဆွေဖြစ်နိုင်တယ် ဆိုတာပါပဲ။ ဒါကြောင့်မို့ ပေါ်လာတဲ့ အခွင့်အလမ်းကို ရအောင်ယူလိုက်ပြီး မိတ်ဆွေဖွဲ့နိုင်ကြပါတယ်။
ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးတွေဆိုတာ ကိုယ့်ရဲ့ပုဂ္ဂလိက စိတ်ကျေနပ်မှု့ ဒါမှမဟုတ် ကိုယ့်ရဲ့ ကမ္ဘာကြီးပေါ်မှာထားတဲ့ အမြင်တွေထက်တောင်မှ ပျော်ရွှင်မှူ့အတွက် အဓိပ္ပယ်အရှိဆုံး အကြောင်းရင်းခံ ဖြစ်နေတက်ပါတယ်။ အခြားသူတွေနဲ့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ဆက်ဆံတက်သူတွေဟာ ဘယ်သူနဲ့မှ ရင်းရင်းနှီးနှီး မနေတက်တဲ့ သူတွေနဲ့စာရင် ကိုယ့်ဘ၀ကို ကိုယ် လေးဆလောက်ပိုပြီး ကျေနပ်မှူ့ရနိုင်ပါတယ်။
ဆရာကြည်ရွှန်း ဘာသာပြန်သော David Niven, Ph.D ၏ ( The 100 Simple Secrets Of HAPPY PEOPLE ) စာအုပ်မှ။
Credit: True Man



အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths