Friday, April 1, 2016

ကျွန်တော်တို့နေထိုင်ရာကမ္ဘာမြေကြီးအကြောင်း


ကမ္ဘာဂြိုဟ် (အင်္ဂလိပ်: Earth) သည် လူသားများ၊ တိရိစ္ဆာန်များနှင့် အပင်တို့ ရှင်သန်နေထိုင်ရာ ဂြိုဟ်တစ်ခုဖြစ်သည်။ နေမှရေတွက်ပါက တတိယမြောက်ဂြိုလ်တစ်စင်း ဖြစ်သည်။ ကမ္ဘာတွင် ဂြိုဟ်ရံလတစ်စင်းသာရှိသည်။ ကမ္ဘာသည် နေကို ၃၆၅.၂၅၆၄ ရက်တွင် တစ်ကြိမ် လှည့်ပတ်နေပြီး တစ်နှစ်ဟုသတ်မှတ်ကြသည်။ နေသည် ကမ္ဘာကို ထွန်းလင်းရန် အလင်းရောင်နှင့် အပူချိန်ကိုပေးသည်။ ကမ္ဘာသည် ရေပါဝင်မှု ၇၁% နှင့်[၁] ကုန်းမြေ ၃၀% ခန့်ရှိသည်။ နေအဖွဲ့အစည်းအတွင်း သက်ရှိနေထိုင်နိုင်သော တစ်ခုတည်းသော ဂြိုဟ်ဖြစ်သည်။ သက်ရှိမျိုးစိတ်ပေါင်း ၁၀-၁၄ မီလီယံခန့် နေထိုင်ကြပြီး[၂] လူသားမျိုးနွယ်တို့မှာ အရေအတွက်အားဖြင့် ၇.၃ ဘီလီယံခန့်ဖြစ်သည်။ အနီးရှိ ကြာသပတေးဂြိုဟ် ၏ ပြင်းထန်သော ဒြပ်ဆွဲငင်အားကြောင့် ဥက္ကာပျံများ၏ တိုက်မိနိုင်ချေမှ အတန်အသင့်အကာအကွယ် ရနေသည်ဟု ယူဆထားသည်။

အရွယ်အစား
ကမ္ဘာ၏အချင်းမှာ ကီလိုမီတာ ၁၂,၇၁၄ ရှိသည်။ ကမ္ဘာ၏အဝန်းမှာ ကီလိုမီတာ ၄ဝ,ဝ၇၅ ရှိသည်။

အရောင်
အာကာသမှကြည့်လျှင် ပြာလဲ့လဲ့နှင့် တိမ်များရှိနေခြင်းကြောင့် လှပသော ဖန်ဂေါ်လီတစ်လုံးကို မြင်ရသကဲ့သို့ရှိသည်။

ယေဘုယျအချက်အလက်များ
    သက်တမ်း = ၄၅၀၀,၀၀၀,၀၀၀ နှစ်
    ဧရိယာ = ၅၀၉,၆၀၀,၀၀၀ စတုရန်း ကီလိုမီတာ (၁၉၇,၀၀၀,၀၀၀) စတုရန်းမိုင်
    မြေထု = ၆၀ x ၁၀ ၂၄ ကီလိုဂရမ်
    မြေပြင်ဧရိယာ = ၁၄၈,၀၀၀,၀၀၀ စတုရန်း ကီလိုမီတာ၊ ၅၇,၀၀၀,၀၀၀ စတုရန်းမိုင် (ခန့်မှန့်ခြေအရ စုစုပေါင်းဧရိယာ၏ ၂၉%)
    ရေပြင်ဧရိယာ = ၃၆၁,၀၀၀,၀၀၀ စတုရန်း ကီလိုမီတာ၊ ၁၄၀,၀၀၀,၀၀၀ စတုရန်းမိုင် (ခန့်မှန့်ခြေအရ စုစုပေါင်းဧရိယာ၏ ၇၁%)
    အဝန်း (အီကွေတာ) = ၄၀၀၇၆ ကီလိုမီတာ၊ ၂၄၉၀၂ မိုင်
    အဝန်း (မီရီဒီယန်) = ၄၀၀၀၀ ကီလိုမီတာ၊ ၂၄၈၆၀ မိုင်
    အချင်း(အီကွေတာ) = ၁၂၇၅၇ ကီလိုမီတာ၊ ၇၉၂၇ မိုင်
    အချင်း(မီရီဒီယန်) = ၁၂၇၁၄ ကီလိုမီတာ၊ ၇၉၀၀ မိုင်
    ဝင်ရိုးပေါ်တွင် လည်သည့်ကာလ = ၂၃ နာရီ ၅၆ မိနစ် ၄.၉၉၆ စက္ကန့်
    မြေစပ်လေထု = ၈၀ ကီလိုမီတာ၊ မိုင် ၅၀ ထုထည်
    အလယ်လွှာ (အပေါ်ယံ) အထူ = ကီလိုမီတာ ၇၀၀/ မိုင် ၄၃၀
    အလယ်လွှာ (အောက်ပိုင်းအထူ) အထူ = ကီလိုမီတာ ၂၂၀၀/ မိုင် ၁၃၇၀
    အတွင်းသား အနှစ်ပိုင်း (အပြင်) အထူ = ကီလိုမီတာ ၂၂၅၀/ မိုင် ၁၄၀၀
    အတွင်းသား အနှစ်ပိုင်း (အတွင်း) အထူ = ကီလိုမီတာ ၃၄၈၀/ မိုင် ၂၁၆၀
    အတွင်းသား သိပ်သည်းမှု = ၁၃.၀၉ ဂရမ်/ စင်တီမီတာ၃
    အတွင်းအနှစ်ပိုင်း အပူချိန် = ၄၅၀၀ စင်တီဂရိတ်
    မြေမျက်နှာပြင် အပူချိန်= ပျမ်းမျှ ၁၅ ဒီဂရီ ဆဲဆီးယပ်

ကမ္ဘာမြေကြီး အပေါ်ယံ အခွံပိုင်း ဖွဲ့စည်းမှု
    အောက်ဆီဂျင် - ၄၆.၆ %
    ဆီလီကွန် - ၂၇.၇၂ %
    အလူမီနီယံ - ၈.၁၃ %
    သံ - ၅.၀%
    ကယ်လ်စီယမ် - ၃.၆၃ %
    ဆိုဒီယမ် - ၂.၈၃ %
    ပိုတက်ဆီယမ် - ၂.၅၉ %
    မက်ဂနီဆီယမ် - ၂.၀၉ %
    အခြားဒြပ်စင် - ၁.၄၁ % [၃]
credit-beetalk


Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths