Saturday, April 2, 2016

မိသားစုဆိုတာ



- ရန်ပွဲတွေ နေ့စဉ်ဖြစ်ကောင်းဖြစ်နေလိမ့်မယ် ဒါပေမယ့် အိမ်အတွင်းမှာ နေသမျှ လုံခြုံမှုရှိတယ်

- စီးပွားရေးတွေပြေလည်ချင်မှပြေလည်လိမ့်မယ် တစ်ယောက်တစ်လုပ်စီ ဝေမျှစားခြင်းက နွေးထွေးခြင်းကိုဖြစ်စေတယ်

- ဘယ်လောက်ပဲ အတွင်းမှာ မတည့်ကြပေမယ့် အပြင်လူနဲ့ ရန်ဖြစ်တဲ့အခါ မိသားစုဆိုတဲ့ သွေးက ပေါ်လာတတ်တယ်

- ၅၂၈ အေးမြတဲ့ မေတ္တာတွေ ဖွဲ့စည်းတည်ဆောက်ထားတဲ့ စမ်းချောင်းလေးတစ်ခု အိုအေစစ်လေးတစ်ခုဖြစ်တယ်

- တခါတခါ မုန်တိုင်းတိုက်နိုင်တယ် တခါတခါ လေပြင်းတွေကျနိုင်တယ် ဒါပေမယ့် ရင်သွေးတွေကို ဘာမှ မထိခိုက်အောင်ကာကွယ်စောင့်ရှောက်ပေးချင်တာ မိသားစုစိတ်ဓါတ်ပဲ

- မိစုံဖစုံရှိတဲ့ မိသားစု တွေစည်းလုံးပျော်ရွှင်ကြရသလို မိစုံဖစုံမရှိတဲ့ မိသားစုတွေ လည်းဝမ်းနည်းစိတ်ပျက်နေကြပါနဲ့ အနည်းဆုံးတော့ မိသားစု တော်ခွင့်ရှိနေကြသေးတယ် မိသားစု ရှိနေကြသေးတယ်

- အိမ်ကြီးအိမ်ကောင်းနဲ့နေရတာ ဖြစ်ချင်မှဖြစ်လိမ့်မယ် ဒါပေမယ့် အဲဒီတဲစုတ်လေးကလည်း နွေးထွေးလုံခြုံမှုကိုပေးစေတတ်တယ်

- အစားကောင်းအသောက်ကောင်းတွေ စားချင်မှစားရလိမ့်မယ် ဒါပေယ့် အဲဒီငါးပိရည်ကျိုနဲ့ ဘဲဥချဉ်ရည်ဟင်းက မိဘမေတ္တာကိုဖော်ပြနေလိမ့်မယ်

သင်ရော — မိသားစုထဲက တစ်ယောက်လား
ဒါဆို သင့်မိသားစု ကို အခုပဲ နွေးထွေးစွာ ချစ်ခင်ယုယလိုက်ပါ ကြင်နာစောင့်ရှောက်လိုက်ပါ ဆုံးရှုံးသွားတဲ့အရာတွေဟာ ဘယ်တော့မှ ပြန်ရလေ့မရှိဘူး ။

Credit: သက်တန့်ချို



အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths