Saturday, April 2, 2016

ရင့်ကျက်လာတဲ့အခါ





ရင့်ကျက်လာတဲ့အခါ......


တစ်နှစ်ထက် တစ်နှစ်ကိုယ့်အသက်ကလေး ကြီးလာတဲ့အခါ ကိုယ့်ရဲ့ရုပ် အပြောင်းအလဲထက် ကိုယ့်ရဲ့စိတ်နေစိတ်ထား အပြောင်းအလဲ တွေက ကိုယ့်ကိုကိုယ်ရင့် ကျက်လာပြီလို့ထင်ရတဲ့အထိ အပြောင်းအလဲတွေအများ ကြီးဖြစ်သွားတယ်။

အရင်ကလို ရုပ်ပိုင်းဆိုင်ရာချမ်းသာဖို့ထက် စိတ်ပိုင်းဆိုင်ရာချမ်းသာဖို့၊ စိတ်အေးချမ်းမှုကိုပဲ ပိုပြီးလိုလား လာတယ်။ ကိုယ့်စိတ်ကို အမြဲအေး ချမ်းအောင် ထားတတ်လာတယ်။ ကိုယ့်လိုအင်တွေထိန်းချုပ်ပြီး တစ်ဖက်သားဆန္ဒကိုဖြည့်ဆည်းပေးပြီး စိတ်ချမ်းသာအောင် နေတယ်။ သူများတွေကို ပျော်ရွှင်အောင်လုပ်ပေးလိုက်ရလို့ ရလာတဲ့ပီတက ဘာနဲ့မှ မလဲသာတော့ဘူး။

ပတ်ဝန်းကျင်က ကိုယ့်အပေါ်ချစ်ခင်တဲ့သူတွေကို အကောင်းဆုံး တန်ဖိုးထားတတ်လာတယ်။ ကိုယ့်အပေါ်မလိုတဲ့သူ၊ မုန်းနေတဲ့သူ တွေ ကိုလည်း ဒေါသနဲ့မတုန့်ပြန်တတ်တော့ဘူး။ အရင်လိုလည်း ပြန် မမုန်းတော့ဘူး။ တစ်ခုခုဆိုရင် စိတ်ချမ်းသာ ဖို့အရေးပဲ တွေးလိုက်တယ်။ စိတ်ချမ်းသာမယ်ဆိုရင် အရာအားလုံးလိုက်လျောပေးဖို့ အသင့်ပဲ ဖြစ်နေတတ် တယ်။

မနက်ဖြန်ဆိုတဲ့ နေ့ရက်တိုင်းမှာ ဘာဖြစ်လာမယ်မှန်းကြိုမသိနိုင်တဲ့ အနာဂတ်အတွက် ဝမ်းနည်းနောင်တရမှုတွေ မရချင်ဘူးလေ။ လက် ရှိပိုင်ဆိုင်ထားတဲ့အချိန်မှာ ကိုယ့်ပတ်ဝန်းကျင်ကလူတွေ၊ ကိုယ့်ကို ချစ်သူ ခင်သူတွေကို အတတ်နိုင်ဆုံးစိတ်ချမ်းသာအောင်၊ ကိုယ့်ကိုကိုယ်လည်း စိတ်ချမ်းသာအောင်ထားပြီးတော့ပဲ နေထိုင်တတ်လာတယ်။

Credit : ရွှေဝတ်မှုန်(ရွှေအင်းလေး)



အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths