Wednesday, May 31, 2017

ကြၽန္ေတာ္တိ ့အိမ္မီးေလာင္ေနတယ္

Zawgyi Version


---------------------------------------------

တစ္ခါက ၿမိဳ႕တစ္ၿမိဳ႕မွာ အင္မတန္လွပတဲ့အိမ္တစ္လံုးရွိခဲ့ပါသတဲ့။ 
အဲဒီအိမ္ဟာ အင္မတန္လွပတဲ့ ပန္းဆယ္မ်ိဳးအႏုပညာေတြနဲ႕ပံုေဖာ္ထား႐ံုမွ်မကဘဲ 
အိမ္ရဲ႕တည္ေနရာအကြက္အကြင္း၊ အက်ယ္အ၀န္းနဲ႕ တည္ေဆာက္ပံုဟာလည္း
အင္မတန္မွ ရင္သပ္ရႈေမာေလာက္ဖြယ္ျဖစ္ပါသတဲ့။ အဲဒီအိမ္ရဲ႕ ပိုင္ရွင္ကေတာ့ 
ေျမပိုင္ရွင္ႀကီးတစ္ဦးျဖစ္တယ္။ ေျမပို္င္ရွင္ႀကီးဟာ အိမ္ေပါင္းေျမာက္မ်ားစြာကို 
ပိုင္ဆိုင္ထားသူျဖစ္ေပမယ့္လည္း အထက္က ဆိုခဲ့တဲ့အိမ္ကိုေတာ့ အႏွစ္သက္ဆံုး
အျမတ္ႏိုးဆံုးျဖစ္တယ္။ သူဟာ အဲဒီအိမ္ကို သူ႕ရဲ႕ ပိုင္ဆိုင္ျခင္းအထိမ္းအမွတ္၊ 
ဂုဏ္ျဒပ္တစ္ခုအျဖစ္ သီးသန္႕အလွျပထားခဲ့တာပဲျဖစ္တယ္။ သူက သူ႕အိမ္ကို 
"ရွမ္ဘဲလားေဂဟာ" လို႕ အမည္ေပးထားလိုက္တယ္
-
ေျမာက္မ်ားလွစြာေသာ သူေဌးသူၾကြယ္ေတြဟာ ေျမပိုင္ရွင္ႀကီးရဲ႕ ရွမ္ဘဲလားေဂဟာ
ကို ၀ယ္ယူဖို႕အတြက္ ေငြေၾကးႏွစ္ဆသံုးဆေလာက္ ေပးၿပီး ကမ္းလွမ္းၾကေပမယ့္
လည္း ေျမပိုင္ရွင္ႀကီးကေတာ့ ကမ္းလွမ္းသမွ်ေသာ ၀ယ္လက္ေတြကို အကုန္ပယ္ခ်
ခဲ့တာခ်ည္းပဲျဖစ္တယ္။ ေျမပိုင္ရွင္ႀကီးအတြက္ေသာ သူမေသမခ်င္း ဒီအိမ္ကိုမေရာင္း
ဘူးလို႕ စိတ္ႏွလံုး ဒံုးဒံုးခ်ထားခဲ့တယ္။
-
တစ္ေန႕ေတာ့ ေျမပိုင္ရွင္ႀကီးဟာ အေၾကာင္းကိစၥတစ္ခုနဲ႕ နယ္ေ၀းကို ခရီးထြက္ခဲ့ရ
တယ္။ သူဟာ ခရီးေ၀းမသြားခင္မွာေတာ့ သူ႕သားသံုးေယာက္ကို ေခၚၿပီး သူပိုင္ဆိုင္
တဲ့အိမ္ရာေတြ၊ အထူးသျဖင့္ လွပတဲ့ ရွမ္ဘဲလားေဂဟာ ကို ေသခ်ာေစာင့္ေရွာက္ဖို႕
မွာၾကားၿပီး စာခ်ဳပ္စာတမ္းနဲ႕ ေသာ့ေတြကို အပ္ႏွံခဲ့တယ္။ အဲဒီလိုနဲ႕ သူဟာ 
လအတန္ၾကာ ခရီးထြက္ေနခဲ့ျပန္တယ္။
-
ေျမပိုင္ရွင္ႀကီးၿမိဳ႕ကို ျပန္ေရာက္တဲ့အခ်ိန္မွာေတာ့ သူ႕အတြက္ အင္မတန္ 
ေျခာက္ျခားတုန္လႈပ္ဖြယ္ရာ ျမင္ကြင္းကို ေတြ႕လိုက္ရတယ္။ အဲဒါကေတာ့ 
သူျမတ္ႏိုးတဲ့ ရွမ္ဘဲလားစံအိမ္ဟာ မီးေလာင္ေနတာပဲျဖစ္တယ္။ မီးသတ္ကားေတြနဲ႔
ကယ္ဆယ္ေရးအဖြဲ႕၀င္ေတြဟာ ပ်ားပန္းခတ္လႈပ္ရွားေနသလို ရာေထာင္ခ်ီေနတဲ့
ၿမိဳ႕သူ ၿမိဳ႕သားေတြဟာ အိမ္ႀကီးမီးေလာင္ေနတဲ့ျမင္ကြင္းကို ၀ိုင္း၀န္း ၾကည့္႐ႈေနၾက
တာကို ေျမရွင္ႀကီးေတြ႕လိုက္ရတယ္
-
အဲဒီအခိုက္အတန္႕မွာေတာ့ ေျမရွင္ႀကီးရဲ႕ ရွမ္ဘဲလားဟာ မီးဟုန္းဟုန္းေတာက္
ေလာင္ေနသလို၊ ေျမရွင္ႀကီးရဲ႕ ရင္ထြင္းမွာလည္း ရွမ္ဘဲလားကို ေတာက္ေလာင္
ေနတဲ့ မီးထက္ အဆေပါင္းေထာင္ေသာင္းမက အပူခ်ိန္ျမင့္မားတဲ့ ေသာကမီးဟာ
တစ္ဟုန္းဟုန္းေတာက္ေလာင္ျပန္တယ္။ ေျမပိုင္ရွင္ႀကီးရဲ႕ မ်က္ႏွာဟာ ေသာကမီး
ေၾကာင့္ အေငြ႕ပ်ံလာတဲ့ မ်က္ရည္ေတြနဲ႕အတူ စိုစြတ္လာတယ္။ သူဟာ အ႐ူး
တစ္ေယာက္လို ေျပးလႊားေအာ္ဟစ္ရင္း ရပ္ၾကည့္ေနတဲ့ ၿမိဳ႕သားေတြကို ေအာ္ဟစ္
ေငါက္ငမ္းျပန္တယ္
"ေဟ့ေကာင္ေတြ၊ မင္းတို႕ မီးေလာင္ေနတာကို ဒီအတိုင္းရပ္ၾကည့္ေနၾကသလား၊ 
၀ိုင္းၿငိမ္းၾကပါေတာ့လား၊ အလကား ေစာက္သံုးမက်တဲ့ ေကာင္ေတြ"
အဲလိုေအာ္ဟစ္ေငါက္ငမ္းတဲ့အခါ ၿမိဳ႕သားေတြက မီးသတ္သမားေတြက အနားကို 
မလာခိုင္းတဲ့အေၾကာင္း၀ိုင္း၀န္း ရွင္းျပၾကျပန္တယ္။ အဲဒီအခါမွာလည္း ေျမရွင္ႀကီးက
"ေတာင္းပန္ပါတယ္။ ငါ့အိမ္ေလးကို ၀ိုင္းကယ္ေပးၾကပါ၊ မင္းတို႔ကိုေက်းဇူးဆပ္ပါ့မယ္။
ေနာ္...ေနာ္"လို႕ ေတာင္းပန္ျပန္တယ္။
-
အဲဒီလို ေသာကအပူမီးေၾကာင့္ ေျမရွင္ႀကီးပ်ာယာခတ္ေနတုန္းမွာပဲ ေျမရွင္ႀကီးရဲ႕ 
သားအႀကီးဆံုးေရာက္လာတယ္..။ သားအႀကီးဟာ ေျပးလႊားေအာ္ဟစ္ေနတဲ့
သူ႕အေဖကို ခါးကေနဖက္ခါ ထိန္းသိမ္းထားလိုက္တယ္။ အဲဒီေနာက္ ေျမရွင္ႀကီးနား
နားကို ကပ္ၿပီးဒီလိုတီးတိုးေျပာလိုက္တယ္
-
"ဘယ္လိုျဖစ္ေနတာလဲအေဖ၊ ဣေျႏၵသိကၡာေလးဘာေလးထိန္းပါဦး၊ အေဖစိတ္မပူ
ပါနဲ႕၊ မေန႕ကပဲ သူေဌးတစ္ေယာက္ကို ကၽြန္ေတာ္ အဲဒီအိမ္ကို ေရာင္းလိုက္တယ္ 
သူက တန္ေၾကးထက္ ၄ ဆေလာက္ပိုေပးထားတယ္အေဖ"
-
အဲဒီစကားကို ၾကားတဲ့အခါ ေျမရွင္ႀကီးက "ေဟ" ဆိုတဲ့အာေမဒိတ္သံႀကီးကို 
၀မ္းသာအားရ ျပဳလုပ္လိုက္တယ္။ "ဒါ ငါတို႕အိမ္မဟုတ္ေတာ့ဘူးေပါ့ ေပ်ာ္လိုက္တာ၊
. ေဟ.ေဟး" လို႕ေအာ္ဟစ္ကခုန္ျပန္တယ္။ အဲဒီလို ေျမရွင္ႀကီး ကခုန္ေနတုန္းအခိုက္
မွာပဲ သူ႕ရဲ႕သားလတ္ ေရာက္လာျပန္တယ္..။ အဲဒီေနာက္ သူက ဒီလိုေျပာျပန္တယ္။
-
"သိပ္လည္း ေပ်ာ္မေနနဲ႕ဦးအေဖ ၀ယ္တဲ့လူက စရံခ်ထားတဲ့ေငြက ငါးပံုတစ္ပံု
ေလာက္ပဲရွိေသးတာ။ ခုလိုမီးေလာင္ၿပီးသားအိမ္ကို ဘယ္သူက ဆက္၀ယ္ေတာ့မွာ
လည္း စရံအဆံုးခံေတာ့မွာေပါ့"
-
အဲဒီစကားကိုၾကားျပန္တဲ့အခါ ေျမရွင္ႀကီးဟာ အ႐ူးမီး၀ိုင္းျပန္လည္ျဖစ္လာျပန္တယ္။
"ကုန္ၿပီဟ..ကုန္ျပီ.. မင္းတို႔ေကာင္ေတြေစာက္သံုးကိုမက်ဘူး အကုန္လံုးတစ္ခါတည္း
ေငြေခ်အျပတ္ေရာင္းလိုက္တာမဟုတ္ဘူး" လို႕ ေငါက္ငမ္းရင္း ေဒါသမီး၊ ပရိေဒ၀မီး
မီးႏွစ္မီးေပါင္းေတာက္ေလာင္ျပန္တယ္။ သူဟာ ေဆာက္တည္ရာမရ ငိုေၾကြး
ေအာ္ဟစ္ျပန္တယ္။ အဲဒီလို ေျမရွင္ႀကီး ငါးရံ႕ျပာလူးေနစဥ္မွာပဲ သူ႕သားအငယ္
ထပ္ေရာက္လာျပန္တယ္။ အဲဒီေနာက္သူက ဒီလိုေျပာျပန္တယ္
-
"စိတ္လည္း သိပ္မပူပါနဲ႕အေဖ။ ကၽြန္ေတာ္တို႕ကို စရံေပးတဲ့လူက အျခားလူမွ
မဟုတ္ဘဲ။ ဘုရင္ႀကီးက သူေဌးဘြဲ႕အပ္ႏွင္းထားတဲ့ ဘြဲ႕ခံသူေဌးတစ္ေယာက္ပဲ။ 
သူ႕ဂုဏ္သိကၡာကို အက်မခံပါဘူး။ အိမ္မီးေလာင္ေပမယ့္လည္း ေငြအေၾကဆက္ေပး
မွာပါ။ စာခ်ဳပ္ထဲမွာလည္း ရန္သူမ်ိဳးငါးပါး ရန္တာ၀န္မယူေၾကာင္းပါသားပဲ။ စာခ်ဳပ္
ခ်ဳပ္ေပးတဲ့ တရားသူႀကီးကလည္း ဘုရင့္လက္စြဲေတာ္ပဲ"
-
အဲဒီစကားကို ၾကားတဲ့အခါ ေျမရွင္ႀကီးဟာျပန္လည္တည္ၿငိမ္လာတယ္။ 
၀မ္းသာျခင္း၊ ၀မ္းနည္းျခင္းေတြ ေျပေလ်ာ့လာတယ္။ အဲဒီေနာက္မွာေတာ့
ေျမရွင္ႀကီးနဲ႕သားသံုးေယာက္ဟာ အိမ္ႀကီးမီးေလာင္ျပာက်သြားတဲ့အထိ 
ေအးေအးေဆးေဆးပဲ ရပ္ၾကည့္ေနခဲ့ၾကေတာ့တယ္...။
------------------------------------------------------------------

ကၽြန္ေတာ္တို႕လူသားေတြရဲ႕ ၀မ္းနည္းျခင္း၊ ၀မ္းသာျခင္းေတြဟာ သမုဒယ ဆိုတဲ့ 
တြယ္တာျခင္း အေၾကာင္းရင္းေၾကာင့္ျဖစ္တယ္လို႕ ျမတ္ဗုဒၶက ေဟာၾကားဆံုးမထား
ခဲ့ဘူးတယ္။ ေျမရွင္ႀကီးဟာ မိမိရဲ႕ အိမ္ ဟုတ္ျခင္း၊ မဟုတ္ျခင္းေပၚမူတည္ၿပီး 
ေပ်ာ္ရႊင္ျခင္း၊ ၀မ္းနည္းျခင္းေတြ တစ္လွည့္စီျဖစ္ေနသလို ကၽြန္ေတာ္တို႕ေတြဟာ
လည္း ကၽြန္ေတာ္တို႕ရဲ႕ တြယ္တာရာ၊ စြဲလမ္းရာ၊ မက္ေမာရာ ဟုတ္ျခင္းမဟုတ္ျခင္း
ေပၚမူတည္ၿပီး ၀မ္းနည္းျခင္းေတြ၊ ေပ်ာ္ရႊင္ျခင္းေတြျဖစ္ေနတဲ့ သူ႐ူးေတြမွ်သာ
ျဖစ္တယ္..။
-
အဲဒီလိုပဲ ေလာကလူသားေတြဟာ မိမိကိုယ္တိုင္က်႐ႈံးမွ၊ မိမိကိုယ္တိုင္ 
ဆာေလာင္မွ၊ မိမိကိုယ္တိုင္နာက်င္မွသာ နာက်င္ရေကာင္းမွန္းသိတဲ့ အတၱစိတ္
ရွိသူေတြခ်ည္းျဖစ္တယ္လို႕ ဒီပံုျပင္ေလးက ဆိုျပန္တယ္။ လူသားေတြဟာ 
ကိုယ္တိုင္ ခံစားရပါမွ ဒုကၡရဲ႕သေဘာကို စာနာနားလည္တတ္ၾကသူေတြလို႕
ဆိုတယ္။ "ငါ ျဖစ္တာမွမဟုတ္တာ အေနသာႀကီး"ဆိုတဲ့ စိတ္နဲ႕ ကခုန္ေနခဲ့တဲ့
ေျမရွင္ႀကီးလို မိမိပတ္၀န္းက်င္မွရွိတဲ့ နိမ့္က်သူ၊ ဆာေလာင္ငတ္မြတ္သူ ေတြ
ဘယ္ေလာက္ပဲမ်ားေနပါေစ "ကိုယ္နဲ႕မဆိုင္" ဆိုတဲ့ စိတ္ထားထားၾကသူေတြလို႕
ဆိုတယ္။ အဲဒီလို "ကိုယ္နဲ႕မဆိုင္" ဆိုတဲ့စိတ္နဲ႕ေနၾကသူေတြကပဲ ကိုယ္တိုင္နာက်င္
လာတဲ့အခါ၊ ကိုယ္တိုင္ဆံုး႐ႈံးလာတဲ့အခါမွာေတာ့ ေျမရွင္ႀကီးအ႐ူးမီး၀ိုင္းသလို 
ေငြေၾကြးညည္းညဴၾကျပန္တယ္။ "ေလာကႀကီးဟာ ဒုကၡဘံုႀကီးပါလား" ဆိုတဲ့ 
တရားဓမၼကို ကိုယ္တိုင္ၾကံဳမွ သေဘာေပါက္လာၾကျပန္တယ္။
-
တစ္ကယ္ေတာ့လည္း ကၽြန္ေတာ္တို႕ေတြရဲ႕ အိမ္ေတြဟာ 
မီးေလာင္ေနၾကတုန္းပဲျဖစ္တယ္... တေငြ႕ေငြ႕နဲ႔ေပါ႔....
-
Credit...(ၿဖဳိးသုတ)
http://allofdone.blogspot.com/2017/02/blog-post_82.html


က်ြန္ေတာ္သိ၍က်ြန္ေတာ္တတ္၍ေရးသားျခင္းမဟုတ္ပါ။

က်ြန္ေတာ္ေလ ့လာမိသမ်ွကိုစာဖတ္သူမ်ားထံျပန္လည္မ်ွေဝေပးျခင္းသာျဖစ္ပါတယ္။

က်ြန္ေတာ့္ပို႔စ္တစ္ခုခ်င္းစီအတြက္မူရင္းေရးသားသူမ်ားကိုအထူးေက်းဇူးတင္ဥပကၠာရတင္ရွိပါတယ္

ျဖိဳးေလး(Myanmar      Youth)ph-09969535368

******************************************************************
Uni code

တစ်ခါက မြို့တစ်မြို့မှာ အင်မတန်လှပတဲ့အိမ်တစ်လုံးရှိခဲ့ပါသတဲ့။ 
အဲဒီအိမ်ဟာ အင်မတန်လှပတဲ့ ပန်းဆယ်မျိုးအနုပညာတွေနဲ့ပုံဖော်ထားရုံမျှမကဘဲ 
အိမ်ရဲ့တည်နေရာအကွက်အကွင်း၊ အကျယ်အ၀န်းနဲ့ တည်ဆောက်ပုံဟာလည်း
အင်မတန်မှ ရင်သပ်ရှုမောလောက်ဖွယ်ဖြစ်ပါသတဲ့။ အဲဒီအိမ်ရဲ့ ပိုင်ရှင်ကတော့ 
မြေပိုင်ရှင်ကြီးတစ်ဦးဖြစ်တယ်။ မြေပို်င်ရှင်ကြီးဟာ အိမ်ပေါင်းမြောက်များစွာကို 
ပိုင်ဆိုင်ထားသူဖြစ်ပေမယ့်လည်း အထက်က ဆိုခဲ့တဲ့အိမ်ကိုတော့ အနှစ်သက်ဆုံး
အမြတ်နိုးဆုံးဖြစ်တယ်။ သူဟာ အဲဒီအိမ်ကို သူ့ရဲ့ ပိုင်ဆိုင်ခြင်းအထိမ်းအမှတ်၊ 
ဂုဏ်ဒြပ်တစ်ခုအဖြစ် သီးသန့်အလှပြထားခဲ့တာပဲဖြစ်တယ်။ သူက သူ့အိမ်ကို 
"ရှမ်ဘဲလားဂေဟာ" လို့ အမည်ပေးထားလိုက်တယ်
-
မြောက်များလှစွာသော သူဌေးသူကြွယ်တွေဟာ မြေပိုင်ရှင်ကြီးရဲ့ ရှမ်ဘဲလားဂေဟာ
ကို ၀ယ်ယူဖို့အတွက် ငွေကြေးနှစ်ဆသုံးဆလောက် ပေးပြီး ကမ်းလှမ်းကြပေမယ့်
လည်း မြေပိုင်ရှင်ကြီးကတော့ ကမ်းလှမ်းသမျှသော ၀ယ်လက်တွေကို အကုန်ပယ်ချ
ခဲ့တာချည်းပဲဖြစ်တယ်။ မြေပိုင်ရှင်ကြီးအတွက်သော သူမသေမချင်း ဒီအိမ်ကိုမရောင်း
ဘူးလို့ စိတ်နှလုံး ဒုံးဒုံးချထားခဲ့တယ်။
-
တစ်နေ့တော့ မြေပိုင်ရှင်ကြီးဟာ အကြောင်းကိစ္စတစ်ခုနဲ့ နယ်ေ၀းကို ခရီးထွက်ခဲ့ရ
တယ်။ သူဟာ ခရီးေ၀းမသွားခင်မှာတော့ သူ့သားသုံးယောက်ကို ခေါ်ပြီး သူပိုင်ဆိုင်
တဲ့အိမ်ရာတွေ၊ အထူးသဖြင့် လှပတဲ့ ရှမ်ဘဲလားဂေဟာ ကို သေချာစောင့်ရှောက်ဖို့
မှာကြားပြီး စာချုပ်စာတမ်းနဲ့ သော့တွေကို အပ်နှံခဲ့တယ်။ အဲဒီလိုနဲ့ သူဟာ 
လအတန်ကြာ ခရီးထွက်နေခဲ့ပြန်တယ်။
-
မြေပိုင်ရှင်ကြီးမြို့ကို ပြန်ရောက်တဲ့အချိန်မှာတော့ သူ့အတွက် အင်မတန် 
ခြောက်ခြားတုန်လှုပ်ဖွယ်ရာ မြင်ကွင်းကို တွေ့လိုက်ရတယ်။ အဲဒါကတော့ 
သူမြတ်နိုးတဲ့ ရှမ်ဘဲလားစံအိမ်ဟာ မီးလောင်နေတာပဲဖြစ်တယ်။ မီးသတ်ကားတွေနဲ့
ကယ်ဆယ်ရေးအဖွဲ့၀င်တွေဟာ ပျားပန်းခတ်လှုပ်ရှားနေသလို ရာထောင်ချီနေတဲ့
မြို့သူ မြို့သားတွေဟာ အိမ်ကြီးမီးလောင်နေတဲ့မြင်ကွင်းကို ၀ိုင်း၀န်း ကြည့်ရှုနေကြ
တာကို မြေရှင်ကြီးတွေ့လိုက်ရတယ်
-
အဲဒီအခိုက်အတန့်မှာတော့ မြေရှင်ကြီးရဲ့ ရှမ်ဘဲလားဟာ မီးဟုန်းဟုန်းတောက်
လောင်နေသလို၊ မြေရှင်ကြီးရဲ့ ရင်ထွင်းမှာလည်း ရှမ်ဘဲလားကို တောက်လောင်
နေတဲ့ မီးထက် အဆပေါင်းထောင်သောင်းမက အပူချိန်မြင့်မားတဲ့ သောကမီးဟာ
တစ်ဟုန်းဟုန်းတောက်လောင်ပြန်တယ်။ မြေပိုင်ရှင်ကြီးရဲ့ မျက်နှာဟာ သောကမီး
ကြောင့် အငွေ့ပျံလာတဲ့ မျက်ရည်တွေနဲ့အတူ စိုစွတ်လာတယ်။ သူဟာ အရူး
တစ်ယောက်လို ပြေးလွှားအော်ဟစ်ရင်း ရပ်ကြည့်နေတဲ့ မြို့သားတွေကို အော်ဟစ်
ငေါက်ငမ်းပြန်တယ်
"ဟေ့ကောင်တွေ၊ မင်းတို့ မီးလောင်နေတာကို ဒီအတိုင်းရပ်ကြည့်နေကြသလား၊ 
၀ိုင်းငြိမ်းကြပါတော့လား၊ အလကား စောက်သုံးမကျတဲ့ ကောင်တွေ"
အဲလိုအော်ဟစ်ငေါက်ငမ်းတဲ့အခါ မြို့သားတွေက မီးသတ်သမားတွေက အနားကို 
မလာခိုင်းတဲ့အကြောင်း၀ိုင်း၀န်း ရှင်းပြကြပြန်တယ်။ အဲဒီအခါမှာလည်း မြေရှင်ကြီးက
"တောင်းပန်ပါတယ်။ ငါ့အိမ်လေးကို ၀ိုင်းကယ်ပေးကြပါ၊ မင်းတို့ကိုကျေးဇူးဆပ်ပါ့မယ်။
နော်...နော်"လို့ တောင်းပန်ပြန်တယ်။
-
အဲဒီလို သောကအပူမီးကြောင့် မြေရှင်ကြီးပျာယာခတ်နေတုန်းမှာပဲ မြေရှင်ကြီးရဲ့ 
သားအကြီးဆုံးရောက်လာတယ်..။ သားအကြီးဟာ ပြေးလွှားအော်ဟစ်နေတဲ့
သူ့အဖေကို ခါးကနေဖက်ခါ ထိန်းသိမ်းထားလိုက်တယ်။ အဲဒီနောက် မြေရှင်ကြီးနား
နားကို ကပ်ပြီးဒီလိုတီးတိုးပြောလိုက်တယ်
-
"ဘယ်လိုဖြစ်နေတာလဲအဖေ၊ ဣနြေ္ဒသိက္ခာလေးဘာလေးထိန်းပါဦး၊ အဖေစိတ်မပူ
ပါနဲ့၊ မနေ့ကပဲ သူဌေးတစ်ယောက်ကို ကျွန်တော် အဲဒီအိမ်ကို ရောင်းလိုက်တယ် 
သူက တန်ကြေးထက် ၄ ဆလောက်ပိုပေးထားတယ်အဖေ"
-
အဲဒီစကားကို ကြားတဲ့အခါ မြေရှင်ကြီးက "ဟေ" ဆိုတဲ့အာမေဒိတ်သံကြီးကို 
၀မ်းသာအားရ ပြုလုပ်လိုက်တယ်။ "ဒါ ငါတို့အိမ်မဟုတ်တော့ဘူးပေါ့ ပျော်လိုက်တာ၊
. ဟေ.ဟေး" လို့အော်ဟစ်ကခုန်ပြန်တယ်။ အဲဒီလို မြေရှင်ကြီး ကခုန်နေတုန်းအခိုက်
မှာပဲ သူ့ရဲ့သားလတ် ရောက်လာပြန်တယ်..။ အဲဒီနောက် သူက ဒီလိုပြောပြန်တယ်။
-
"သိပ်လည်း ပျော်မနေနဲ့ဦးအဖေ ၀ယ်တဲ့လူက စရံချထားတဲ့ငွေက ငါးပုံတစ်ပုံ
လောက်ပဲရှိသေးတာ။ ခုလိုမီးလောင်ပြီးသားအိမ်ကို ဘယ်သူက ဆက်၀ယ်တော့မှာ
လည်း စရံအဆုံးခံတော့မှာပေါ့"
-
အဲဒီစကားကိုကြားပြန်တဲ့အခါ မြေရှင်ကြီးဟာ အရူးမီး၀ိုင်းပြန်လည်ဖြစ်လာပြန်တယ်။
"ကုန်ပြီဟ..ကုန်ပြီ.. မင်းတို့ကောင်တွေစောက်သုံးကိုမကျဘူး အကုန်လုံးတစ်ခါတည်း
ငွေချေအပြတ်ရောင်းလိုက်တာမဟုတ်ဘူး" လို့ ငေါက်ငမ်းရင်း ဒေါသမီး၊ ပရိဒေ၀မီး
မီးနှစ်မီးပေါင်းတောက်လောင်ပြန်တယ်။ သူဟာ ဆောက်တည်ရာမရ ငိုကြွေး
အော်ဟစ်ပြန်တယ်။ အဲဒီလို မြေရှင်ကြီး ငါးရံ့ပြာလူးနေစဉ်မှာပဲ သူ့သားအငယ်
ထပ်ရောက်လာပြန်တယ်။ အဲဒီနောက်သူက ဒီလိုပြောပြန်တယ်
-
"စိတ်လည်း သိပ်မပူပါနဲ့အဖေ။ ကျွန်တော်တို့ကို စရံပေးတဲ့လူက အခြားလူမှ
မဟုတ်ဘဲ။ ဘုရင်ကြီးက သူဌေးဘွဲ့အပ်နှင်းထားတဲ့ ဘွဲ့ခံသူဌေးတစ်ယောက်ပဲ။ 
သူ့ဂုဏ်သိက္ခာကို အကျမခံပါဘူး။ အိမ်မီးလောင်ပေမယ့်လည်း ငွေအကြေဆက်ပေး
မှာပါ။ စာချုပ်ထဲမှာလည်း ရန်သူမျိုးငါးပါး ရန်တာ၀န်မယူကြောင်းပါသားပဲ။ စာချုပ်
ချုပ်ပေးတဲ့ တရားသူကြီးကလည်း ဘုရင့်လက်စွဲတော်ပဲ"
-
အဲဒီစကားကို ကြားတဲ့အခါ မြေရှင်ကြီးဟာပြန်လည်တည်ငြိမ်လာတယ်။ 
၀မ်းသာခြင်း၊ ၀မ်းနည်းခြင်းတွေ ပြေလျော့လာတယ်။ အဲဒီနောက်မှာတော့
မြေရှင်ကြီးနဲ့သားသုံးယောက်ဟာ အိမ်ကြီးမီးလောင်ပြာကျသွားတဲ့အထိ 
အေးအေးဆေးဆေးပဲ ရပ်ကြည့်နေခဲ့ကြတော့တယ်...။
------------------------------------------------------------------

ကျွန်တော်တို့လူသားတွေရဲ့ ၀မ်းနည်းခြင်း၊ ၀မ်းသာခြင်းတွေဟာ သမုဒယ ဆိုတဲ့ 
တွယ်တာခြင်း အကြောင်းရင်းကြောင့်ဖြစ်တယ်လို့ မြတ်ဗုဒ္ဓက ဟောကြားဆုံးမထား
ခဲ့ဘူးတယ်။ မြေရှင်ကြီးဟာ မိမိရဲ့ အိမ် ဟုတ်ခြင်း၊ မဟုတ်ခြင်းပေါ်မူတည်ပြီး 
ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်းတွေ တစ်လှည့်စီဖြစ်နေသလို ကျွန်တော်တို့တွေဟာ
လည်း ကျွန်တော်တို့ရဲ့ တွယ်တာရာ၊ စွဲလမ်းရာ၊ မက်မောရာ ဟုတ်ခြင်းမဟုတ်ခြင်း
ပေါ်မူတည်ပြီး ၀မ်းနည်းခြင်းတွေ၊ ပျော်ရွှင်ခြင်းတွေဖြစ်နေတဲ့ သူရူးတွေမျှသာ
ဖြစ်တယ်..။
-
အဲဒီလိုပဲ လောကလူသားတွေဟာ မိမိကိုယ်တိုင်ကျရှုံးမှ၊ မိမိကိုယ်တိုင် 
ဆာလောင်မှ၊ မိမိကိုယ်တိုင်နာကျင်မှသာ နာကျင်ရကောင်းမှန်းသိတဲ့ အတ္တစိတ်
ရှိသူတွေချည်းဖြစ်တယ်လို့ ဒီပုံပြင်လေးက ဆိုပြန်တယ်။ လူသားတွေဟာ 
ကိုယ်တိုင် ခံစားရပါမှ ဒုက္ခရဲ့သဘောကို စာနာနားလည်တတ်ကြသူတွေလို့
ဆိုတယ်။ "ငါ ဖြစ်တာမှမဟုတ်တာ အနေသာကြီး"ဆိုတဲ့ စိတ်နဲ့ ကခုန်နေခဲ့တဲ့
မြေရှင်ကြီးလို မိမိပတ်၀န်းကျင်မှရှိတဲ့ နိမ့်ကျသူ၊ ဆာလောင်ငတ်မွတ်သူ တွေ
ဘယ်လောက်ပဲများနေပါစေ "ကိုယ်နဲ့မဆိုင်" ဆိုတဲ့ စိတ်ထားထားကြသူတွေလို့
ဆိုတယ်။ အဲဒီလို "ကိုယ်နဲ့မဆိုင်" ဆိုတဲ့စိတ်နဲ့နေကြသူတွေကပဲ ကိုယ်တိုင်နာကျင်
လာတဲ့အခါ၊ ကိုယ်တိုင်ဆုံးရှုံးလာတဲ့အခါမှာတော့ မြေရှင်ကြီးအရူးမီး၀ိုင်းသလို 
ငွေကြွေးညည်းညူကြပြန်တယ်။ "လောကကြီးဟာ ဒုက္ခဘုံကြီးပါလား" ဆိုတဲ့ 
တရားဓမ္မကို ကိုယ်တိုင်ကြုံမှ သဘောပေါက်လာကြပြန်တယ်။
-
တစ်ကယ်တော့လည်း ကျွန်တော်တို့တွေရဲ့ အိမ်တွေဟာ 
မီးလောင်နေကြတုန်းပဲဖြစ်တယ်... တငွေ့ငွေ့နဲ့ပေါ့....
-
Credit...(ဖြိုးသုတ)
http://allofdone.blogspot.com/2017/02/blog-post_82.html


ကျွန်တော်သိ၍ကျွန်တော်တတ်၍ရေးသားခြင်းမဟုတ်ပါ။

ကျွန်တော်လေ ့လာမိသမျှကိုစာဖတ်သူများထံပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်။

ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက်မူရင်းရေးသားသူများကိုအထူးကျေးဇူးတင်ဥပက္ကာရတင်ရှိပါတယ်

ဖြိုးလေး(Myanmar Youth)ph-09969535368

******************************************************************

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths