
ငြိမ်းချမ်းဆုံးသော ချစ်ခြင်းမေတ္တာတရား
==========================
လောကမှာ ချစ်ခြင်းမေတ္တာတရားသာ အရာရာတိုင်းကို အောင်နိုင် နိုင်ပါတယ် ၊ချစ်ခြင်းမေတ္တာဆိုရာမှာ မိဘက သားသမီးကို ချစ်တဲ့ ချစ်ခြင်း ၊ချစ်သူ တွေအချင်းချင်း မြတ်နိုးကြတဲ့ချစ်ခြင်း၊ မောင်နှမသားချင်း ၊
သူငယ်ချင်း အချင်းချင်း၊ ဆရာသမားတို့ရဲ့ ချစ်ခင်ခြင်း စတဲ့ စတဲ့ လူသားအားလုံး တစ်ဦး အပေါ် တစ်ဦး ချစ်ခင်မြတ်နိုးခြင်းတွေပါဝင်ပါတယ် ။
ဘယ်လောက်ပဲ အမုန်းတရားတွေ ပွားများနေဦးတော့ ချစ်ခြင်းမေတ္တာတရားနဲ့သာလွှမ်းခြုံနိုင်ရင် ကမ္ဘာအနှံ့ နှံ့မှာ လက်ရှိ အကြောင်းမျိုးမျိုးကြောင့်ဖြစ်ပွားနေကြတဲ့
ကြမ်းကြုတ်ရက်စက်တဲ့ စစ်ပွဲတွေ ၊တိုက်ပွဲ တွေ ဆိုတာ အလိုလို ငြိမ်းချမ်းသွားကြမှာပါ ။
ချစ်ခြင်းမေတ္တာတရားဟာ သက်ရှိ ၊သက်မဲ့ အားလုံးခံစား တွယ်တာ တတ်ကြတဲ့ မွေးရာပါ ဗီဇ တစ်ခုဆိုလည်း မှားယွင်းလိမ့်မယ်မထင်ပါဘူး၊
တစ်ဦးပေါ်တစ်ဦး အလွယ်ကူဆုံး ၊ အရိုးရှင်းဆုံး ပေးနိုင်တဲ့ ငွေကုန်ကြေးကျ တစ်ပြားသားဖိုးမျှ မရှိပဲ ဘယ်အရာ နဲ့မျှ တန်ဖိုး မဖြတ်နိုင်တဲ့ ချစ်ခြင်းမေတ္တာတရား ပါ ။
တစ်ဦးနဲ့ တစ်ဦး ဘယ်လောက်ပဲ အမုန်းတွေ အာဃာတ တရားတွေ ထားနေပါစေ ၊ ကိုယ့်ရဲ့ ခံစားမှု စိတ်တစ်ခု ကို အမုန်းတရားမှ မေတ္တာတရား သို့ ပြောင်းလဲ လိုက်ရင်ကမ္ဘာ အရပ်ရပ်
နိုင်ငံ့အရပ်ရပ် ငြိမ်းအေး သွားကြမှာ မလွဲဧကန်ပါ ပဲ ။ လူ့ဘ၀ဆိုတဲ့ လူတစ်ဦး တစ်ယောက် ရဲ့ ဘ၀ သက်တမ်းဆိုတာ တိုတိုလေးပါ ။
အသက်ရှင် နေထိုင်တုန်းမှာ တစ်ဦးနဲ့ တစ်ဦး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မုန်းတီး တိုက်ခိုက်နေကြရင်တော့ သံသရာ အဆက်ဆက် ဘယ်တော့မှ ဆုံးခန်းတိုင်နိုင်တော့မှာ မဟုတ်ပါဘူး ။
ဒါကြောင့်လဲ မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ အရပ်ရပ်က ငြိမ်းချမ်းရေး အကြောင်းတွေ အလေးထား ဆွေးနွေးနေကြတာ ယနေ့ထက်တိုင် တွေ့နေကြရတာပါပဲ ၊
အလောင်မြိုက်ဆုံး စိတ်ခံစားမှုတွေဖြစ်တဲ့ လောဘ ၊ ဒေါသ ၊မောဟ အပူမီး တွေ ချုပ်ငြိမ်းစေဖို့အတွက် ချစ်ခြင်းမေတ္တာတရား ကိုသာ လက်ကိုင်ထားပြီး ချစ်သောမျက်စိဖြစ်တဲ့ အကောင်းမြင်စိတ်နဲ့သာ လူတစ်ဦးတစ်ယောက်တိုင်းအပေါ် ကြည့် ကြည့်လိုက်ပါ ။ လူ့လောကကြီး ရော ၊ မိမိရဲ့ ကိုယ် ၊စိတ်နှလုံး ငြိမ်းချမ်းသာယာ သွားမှာမလွဲဘူးဆိုတာ သင် ကောင်းကောင်းခံစားသိရှိလာမှာပါ ။
ညိမ်းစေသော် (BeeTalk)
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment