သင့်အနေနဲ့ တန်ဖိုးကြီးတဲ့ အဝတ်တွေကို မဝတ်ဖူးသေးလို့ စိတ်ဓါတ်မကျမလိုက်ပါနဲ့ ။
အဖိုးမတန်ပေမယ့် သင့်မှာ ရှိတဲ့ တန်ဖိုးနည်း အဝတ်တွေကို သန့်ရှင်းသပ်ရပ်စွာ ကျော့ကျော့မော့မော့လေး ဝတ်ဆင်လို့ရပါတယ် ။
သင့်အနေနဲ့ တန်ဖိုးကြီးတဲ့ အစားအသောက်တွေကို နံမည်ကြီး စားသောက်ဆိုင်တွေမှာ မစားဖူးသေးလို့ စိတ်ဓါတ်မကျလိုက်ပါနဲ့ ။
တန်ဖိုးကြီးတဲ့ အစားအစာများကိုစားရမှ ခွန်အားဖြစ်စေတာမဟုတ်ပါဘူး ။ မိမိစားလိုက်တဲ့ အစားအစာတွေအပေါ် စိတ်ကျေနပ်နှစ်သက်မှု ရှိရင်လည်း ခွန်အား ဖြစ်စေပါတယ် ။
ဘာတစ်ခုမှ ဆန္ဒမပြည့်ဝဘူး ဆိုတဲ့ စိတ်ကလေးကိုလျှော့လို့ အရာရာကို အကောင်းမြင် ၊ အကောင်းကြား ၊ အကောင်းပြောတတ်ပြီး စိတ်ဓါတ်မကျဖို့ သင်ကြိုးစားလိုက်ပါ ။
သင်ကြိုးစားရင် သင်ဖြစ်ချင်တဲ့ အရာတွေ ဖြစ်လာပါလိမ့်မယ် ။
Credit: Maung Maung Zaw Linn
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment