Saturday, September 24, 2016

စိတ်အားမငယ်နဲ့ ဒါလေးဖတ်


It's okay not to be okay...

တစ်ခါတစ်လေ ဘေးနားမှာ လူတစ်ယောက်မှမရှိဘူးလို့
ခံစားမိလိမ့်မယ်။ ဝမ်းနည်းမနေပါနဲ့။ လောကကြီးမှာ
အဲ့ဒီလိုခံစားနေရတဲ့သူတွေ အများကြီးပါပဲ။ ဒါဟာဝမ်းနည်း
စရာ၊ သိမ်ငယ်စရာမဟုတ်ပါဘူး။ တစ်ယောက်တည်း
တိုက်ရဲတာ သတ္တိရှိလို့ပါ။

တစ်ခါတစ်လေ သင့်ကိုနားလည်တဲ့သူ တစ်ယောက်မှ
မရှိတော့ဘူးလားလို့တွေးမိလိမ့်မယ်။ ဝမ်းမနည်းပါနဲ့။
အဲ့ဒါဖြစ်တတ်ပါတယ်။ ကိုယ်တောင်မှ သူများကိုသေချာ
နားမလည်နိုင်တာ သူကလည်း ကိုယ့်ကိုနားလည်ဖို့
ဆိုတာ မလွယ်ပါဘူး။ သူများကို နားလည်ဖို့မပြောပါနဲ့။
ကိုယ့်ကိုယ်ကိုရော နားလည်ရဲ့လား ပြန်စဉ်းစားကြည့်ပါ
အုံး။ များသောအားဖြင့် ကိုယ့်ကိုယ်ကိုတောင် နားမလည်
ကြပါဘူး။

တစ်ခါတစ်လေ ဘယ်သွားရမလဲ လမ်းပျောက်နေသလို
ခံစားရလိမ့်မယ်။ ဝမ်းမနည်းပါနဲ့။ တစ်ခါတစ်လေ
မိမိဘာလိုချင်လဲ၊ ဘယ်သွားချင်လဲ သိဖို့ အချိန်တွေနှစ်နဲ့
ချီပြီးကြာတတ်ပါတယ်။ အဓိကအချက်က ဇွဲမလျော့ဖို့ပါ။
မိမိနှစ်သက်တဲ့အရာမတွေ့သေးရင် ဆက်လက်ရှာဖွေပါ။
စိတ်မပါတာကြီးလုပ်နေရတာထက်စာရင် မိမိနှစ်သက်တဲ့
အရာတွေကို ရှာဖွေရင်း သေဆုံးသွားရတာ ပိုပျော်ဖို့
ကောင်းမယ်လို့ ထင်ပါတယ်။

တစ်ခါတစ်လေ လောကကြီးက အမြဲတမ်း သင့်ကို
မတရားဘူးလို့တွေးမိလိမ့်မယ်။ ဝမ်းမနည်းပါနဲ့။ လောက
ကြီးက သင်တစ်ယောက်တည်းကို မတရားတာမဟုတ်
ပါဘူး။ မိမိမမှတ်မိတော့တဲ့ ဝဋ်ကြွေးတစ်ချို့ကို အခုဘဝ
မှာ ပြန်ပေးဆပ်နေရတတ်ပါတယ်။ အကောင်းဆုံးလုပ်လို့
ရတာက အကြွေးသစ်ထပ်မယူပါနဲ့။ မိမိလုပ်ခဲ့တဲ့အကြွေး
ကို ဒီဘဝနဲ့တင် အပြီးဆပ်ပါ။ ဘယ်သူ့ကိုမှ မယုတ်မာပါ
နဲ့။ ကလဲ့စားချေချင်စိတ်တွေလျော့ပါ။ ကလဲ့စားချေတယ်
ဆိုတာ ကြွေးသစ်ယူတာနဲ့အတူတူပါပဲ။ သူတော်ကောင်း
ကြီး မဖြစ်ရင်နေပါစေ။ သူယုတ်မာမဖြစ်အောင်တော့နေ
ပါ။

တစ်ခါတစ်လေ ကြိုးစားရဲ့သားနဲ့ ဘာမှမဖြစ်လာသလို
ခံစားရလိမ့်မယ်။ ဒါဟာ သင်တစ်ယောက်တည်းမဟုတ်
ပါဘူး။ မိမိနှစ်သက်တဲ့အချိန်တွေဟာ အကုန်မြန်ပြီး မိမိ
မနှစ်သက်တဲ့အချိန်တွေဟာ ကြာမြင့်တတ်ပါတယ်။ ဘာမှ
ဖြစ်မလာသလို ခံစားရရုံနဲ့တော့ လက်မလျော့လိုက်ပါနဲ့။
ကြီးမားတဲ့အောင်မြင်မှုတိုင်းဟာ အချိန်ယူရတတ်ပါတယ်။
တန်ဖိုးရှိတဲ့အရာတွေဟာ ရယူဖို့ခက်ခဲတတ်ပါတယ်။
အက်ဒီဆင်ဟာ မီးလုံးကို တစ်ညထဲနဲ့ ထွင်ခဲ့တာမဟုတ်
ပါဘူး။

ဒူးပွန်းရုံနဲ့ငိုချင်ရင် ခပ်မြင့်မြင့်တောင် မတက်ချင်ပါနဲ့။
လမ်းကကြမ်းတယ်။ ကိုယ်ကလည်း အကြမ်းခံမှရမယ်။
အခုပဲ ပြန်ထပြီး သွားချင်တဲ့နေရာကို ရောက်အောင်
သွားပါ။

Credit: မိုးရှင်း (I.M.T) ရေးသားသည်။

Photo credit: positive engergy


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths