ငယ်ငယ်တုန်းကပေါ့ မေမေအမြဲပြောဖူးခဲ့တဲ့
စကားလေးတစ်ခွန်းက
`` သူစိမ်းချစ်တယ်ဆိုတာ မိဘမုန်းသလောက်ပဲရှိတယ် ´´ တဲ့
ကလေးဘဝဆိုတော့ မိဘဆူရင် စိတ်ကောက်လိုက် မလုပ်နဲ့ 
ဆိုပြီးတားတဲ့အရာကို ဇွတ်လုပ်ခြင်ခဲ့တာ ။
မိဘ အဆင်ပြေတာမပြေတာမသိဘူး လိုခြင်တာဇွတ်တောင်း
မရရင် စိတ်ကောက်မိဘအပေါ် ကောင်းကောင်းဆိုးခဲ့မိတယ်။
မေမေက ပြောမကောင်းဆိုမကောင်းဖြစ်လို့  ကြိမ်းမောင်းရင်
မျက်ရည်လေး ကလယ်ကလယ်နဲ့ သားသမီးအရင်းမဟုတ်လို့ 
ပြောတာဆိုပြီးပြန်ခံပြော ရင်
``အေးငါမရှိမှ နင်တို့ သိမယ် မိဘမုန်းတာ သူစိမ်းချစ်တာလောက်ပဲရှိတယ် သေချာမှတ်ထား ´´ ပြန်အော်တယ် ။
ကိုယ်ကလည်း စိတ်ထဲက နေပြန်ပြောမိသေးတယ်
``` မချစ်နိုင်ရင် ဘာလို့  မွေးခဲ့ သေးလည်းတဲ့ ´´ မိုက်ရိုင်းတဲ့ အတွေးနော် ခုနေပြန်စဉ်းစားမိတိုင်း နောင်တရမိတယ် ။
မှန်ပါတယ် မေမေ သူစိမ်းဆိုတာ သွေးမစပ်တော့ ကိုယ့်ခံစားချက်ကို ဘယ်မျှဝေပါ့မလည်း ဒုက္ခရောက်ရင် လက်ခုပ်တီးတဲ့သူတွေက ခပ်များများလေ ။ မိဘတွေက သွေးသားပေးခဲ့ရတာ ဆိုတော့ သားသမီးတွေနဲ့  ခံစားချက် တူညီ နေတာမသိခဲ့တာ ဝမ်းတည်းမိတယ် ။
ဘယ်မိဘမဆို ကိုယ့်သားသမီး ဒုက္ခရောက်မဲ့ အဖြစ်ကိုလက်မခံ နိုင်သလို ဘယ်တော့မှလည်း ခြောက်မတွန်းပါဘူး ။
မေမေ ပြောခဲ့ဖူးသလိုပါပဲ သူစိမ်းတွေချစ်တာ မိဘမုန်းသလောက်ပဲရှိတာပါ ။
ခုနေပေါ့ အသက်လောက်မကချစ်တယ်ပြောတဲ့ ချစ်သူဆိုတာတောင် ကိုယ့်ခံစားချက်ကို မိဘလို မျှဝေနိုင်ခြင်းမရှိပဲ ။
မိဘရဲ့ အမုန်းတရားတွေဟာ သားသမီးတွေအတွက် လှယ်လဲခွင့်မရှိတဲ့ မေတ္တာ တရားဆိုတာ ကောင်းကောင်းကြီးကို သဘောပေါက်ခဲ့ရပါပြီ ။
Credit : may noe
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment