ငါ လုပ်တာ အမှန်၊ငါ့ ဟာက အစစ်
----------------------
ပျားရည်ရောင်းသူက ကြော်ညာပြီး ရောင်းတယ်။ပျား
ရည် အစစ်ဆိုတာ ခွေးမစားဘူး။ ခွေးစားရင် အဲဒါ ပျား
ရည် မစစ်ဘူး။အခုသူရောင်းနေတဲ့ ပျားရည်ကို လက်
တွေ့စမ်းသတ်နိုင်ကြောင်း ၊သူ့ ပျားရည်ဟာ အစစ်ဖြစ်
သောကြောင့် ခွေးမစားဘူး ဟူ၍ ကြော်ညာရောင်းတယ်
အဲဒီမှာ လူတစ်ယောက်က ကြားဖြတ်ပြီး ဝင်မေးပါ
တယ်။"တကယ်လို့ ခင်ဗျာ့ ပျားရည်ကို ခွေးစားရင်ရော
ဗျာ "
ပျားရည်ရောင်းသူက ယုံကြည်စွာပဲ ပြန်ဖြေပါတယ်။
"အဲဒါ ခွေးမစစ်လို့ "
ဈေးရောင်းသူက သူ့ပျားရည်က စစ်ဖို့အတွက် ခွေး
တောင် ခွေးအစစ်မဟုတ်ဘူး ပြောသွားတယ်။😃😃
ဗေဒင်ဆြာနာမည်ကြီး။ အမျိုးသားတစ်ယောက် ဗေဒင်
လာမေးတယ်။ဗေဒင်ဆရာကြီးက ဟောလိုက်တယ်။
"မောင်ရင့်မှာ သားသမီးသုံးယောက် ရှိတယ်"
အဲတော့ အမျိုးသားက ပြာပြာသလဲဖြင့် "ဟာ မဟုတ်ပါ
ဘူး ဆရာကြီးရယ် ၊ကျနော့်မှာ သားသမီး ငါးယောက်ရှိ
တာပါ "ဟု ပြန်ဖြေတယ်။
ထိုအခါ ဗေဒင်ဆရာက မျက်နှာထားကို ပိုခန့်ထည်
လိုက်ပြီး ပြောလိုက်တယ်။"မောင်ရင်က ထင်နေလို့ ပါ"
ဗေဒင်ဆရာကြီးက သူ့ဟောကိန်းမှန်နေတာကို တစ်ပြား
မှ မလျော့ ။ကြောက်စရာ 😃😃
ဝံပုလွေဆိုး။သိုးကလေး က စမ်းချောင်းမှာ ရေဆင်း
သောက်တယ်။ဝံပုလွေဆိုးက သိုးကလေးကို စားချင်
တယ်။ဒါပေမဲ့ မတရားစားတယ်၊အနိုင်ကျင့်တယ် လို့
ပတ်ဝန်းကျင်က သမုတ်မှာစိုးတဲ့အတွက် သိုးကလေး
ကို အပြစ်ရှာတယ်။
"မင်း ငါသောက်မယ့်ရေတွေကို အနယ်ထအောင် လုပ်
တယ် "ဟု ဝံပုလွေက အပြစ်ရှာတယ်။
"သေချာကြည့်ပါအုံးပါ ဝံပုလွေကြီးရယ် ၊ကျနော်က
ဝံပုလွေကြီးရဲ့ရေစုန်ဘက်မှာ နေတာပါ။ကျနော့်ကြောင့်
ဘယ်လို လုပ်ပြီး ရေက နောက်ရမှာလဲ "ဟု သိုးကလေး
က ဖြေရှာတယ်။
..........
.....ဝံပုလွေက မရဘူး။"မင်းကြောင့် ရေမနောက်ပေမဲ့
မင်းမိဘတွေကြောင့် ရေနောက်ဖူးတယ်။အဲတော့ မင်း
ကို ငါ စားရမှာပဲ "ဟု ဝံပုလွေကြီးက ဆိုတယ်။
ဘယ်လိုဖြေဖြေ သူ့အဖြေက အမှားပဲ။ငါ ပြောတာ အ
မှန်ပဲ ဆိုပြီး သူ့အသားကို စားချင်တဲ့ ဝံပုလွေကြီးကရဲ့
အမှန်ကလည်း အံ့သြစရာပဲ 😃😃။
ဂျပန်းကြီး ဒင်္ဂါးပြား ခေါင်းပန်လှန်တယ်။ ဂျပန်ကြီးက
ခေါင်းကျလည်း စားလိုက်တာပဲ။ ပန်းကျလည်း စား
လိုက်တာပဲ ။အဲတော့ တောသားက မေးတယ်။ကျနော်
က ဘယ်လိုကျမှ စားရမှာလဲ ။ဂျပန်ကြီးက တရားမျှတ
စွာ ပြန်ဖြေတယ်။"မင်းက ထောင်နေမှ စားရမှာ "
ဂျပန်ကြီးရဲ့ အမှန်တရား၊တရားမျှတ မှုကလည်း
ကြောက်စရာ 😃😃။
ဖနောင့်ရှည်ပြီး ဖိနပ်အမြီးတိုနေသူက ဖိနပ်နဲ့ ကွက်တိ
ဖြစ်အောင် ဖနောင့်ကို အဖြတ်ခိုင်းတဲ့ အမှန်တရား...
အမြီးပြတ်မြေခွေးက အမြီးရှိမြေခွေးတွေကို အမြီးဆို
တာ အပိုသက်သက်ပဲ။ အမြီးရှိနေတဲ့အတွက် ဘာမှ ပို
ထူးခြား မလာဘူး ဆိုပြီး အမြီးရှိမြေခွေးတွေကို သူ့လို
အမြီး ပြတ်ဖြစ်စေရန် အမြီးဖြတ်ဖို့ တရားဟောတဲ့
အမြီးဖြတ် အမှန်တရား....
ရေပါတာပဲ လိုချင်တယ် ။ရေးဗူးပေါက်တာ မလိုချင်ဘူး
ဆိုတဲ့ အကြောင်းမကောင်းပဲ အကျိုးကောင်းထွက်ချင်
နေသော ၊အကြောင်းမကြည့်ပဲ အကျိုးကိုသာ လိုချင်
သော ထူးသည့် အမှန်တရား.....
အဖွဲ့အစည်းတစ်ခုမှာ အမှားအယွင်းတစ်ခုကြုံရသော
အခါ အသီးသီးသော အဖွဲ့ဝင်တွေက "ကျနော်ကတော့
မမှားဘူးနော် "ဆိုပြီး အမှန်တရားဆိုတာကို မုန့်လုနေသ
လို သူ့ထက်ငါ ဦးအောင် ပြောပြီး အပြောနှေးသူက မှား
တဲ့ကောင် ဖြစ်ရသော လုယူပြီး မှန်ရသည့် အမှန်တရား.
ဤသို့သောထူးဆန်သော အမှန်တရားမျိုး၊ လွန်စွာ
တရားမျှတသော အမှန်တရားမျိုး၊ လွန်စွာ ယထာဘူတ
ကျသည့် အမှန်တရားမျိုး များကို ကိုင်စွဲ ရပ်တည်နေကြ
သည့် မဟာ့ မဟာလူသားများသည် ဤကမ္ဘာမြေပေါ်
၌ အားရကျေနပ်ဖွယ်ရာဖြင့် များစွာတည်ရှိနေတာ
ကျနော်တို့ သဘောပေါက်ရ ပါတော့တယ်။
Oo Thaw
Photo သုခ ဘုံ
အောင်မြင့်မြတ်(Myanmar Youths)
ကျွန်တော်တင်သမျှပို့စ်တွေကို သင့်Android ဖုန်းထဲကနေ အလွယ်တကူ စောင့်မျှော်ဖတ်ရှုချင်တယ်ဆိုရင်တော့ မြန်မာလူငယ်သတင်းစုံ မိုဘိုင်းAPK လေးကို ဒီနေရာကိုနှိပ် ပြီး ဖုန်းမှာထည့်သွင်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။
0 comments:
Post a Comment