Monday, October 26, 2015

ကျောက်ဆည်ဆင်ပွဲတော်


သီတင်းကျွတ်လဆိုလျှင် ကျောက်ဆည်မြို့တွင် တိုင်းသိပြည်သိ ပွဲတော်ကြီးတစ်ခုရှိပါ သည်။ ကျောက်ဆည်ဆိုလျှင် ထိုပွဲတော်ကြီးနှင့် တွဲ၍မြင်တတ်ကြသည်။ ကျောက်ဆည်၏ သင်္ကေတတစ်ခုအဖြစ် သိမှတ်ထားကြသည်။ ထိုပွဲတော်မှာ လက်မှုပညာ ပြောင်မြောက်စွာဖြင့် ဖန်တီးထားကြသော အရုပ်ဆင်များ၏ ဆင်အလှူပွဲတော်ပင်ဖြစ်သည်။
ကျောက်ဆည်မြို့၏ ဆင်အ လှူပွဲတော်သည် သီတင်းကျွတ် လမှစတင်မည်ဖြစ်သော်လည်း ၀ါမ၀င်မီ ကဆုန်၊ နယုန်လောက်ကတည်းက ပွဲတော်တွင်ကပြရန် ဆင်ရုပ်များကို ကိုယ့်အဖွဲ့သူ့အဖွဲ့ အပြိုင်အဆိုင်ချိုးကာပြင်ဆင်ထားကြရခြင်းဖြစ်သည်။ ကျောက်ဆည် ဆင်အလှူပွဲသည် ကျောက်ဆည်မြို့ပေါ်တွင်သာမက ကျောက်ဆည်တစ် နယ်လုံးရှိ ကျေးရွာများကပါ လာရောက်ဆင်နွှဲလေ့ရှိသည့် ပွဲတော်ကြီးတစ်ခု ဖြစ်သည်။ ဟိုယခင်ကတော့ ယခုကဲ့သို့ ကားများ၊ ဆိုင်ကယ်များ မပေါသေး၍ကျောက်ဆည်အနီးနားက ရွာတွေက နွားလှည်းတွေ ကိုယ်စီဖြင့် ပွဲတော်ဆီ ချီတက်ကြရသည်။ ကိုယ့်ရွာထဲ ဆင်အလှူပွဲသွားကြမည့်သူတွေစုကာစပ်ကာ လှည်းလေးငါးစီးထွက်ကြသည်။ တစ်ဝါတွင်းလုံး ချိုးထားခဲ့ရသည့် ဆင်အရုပ်ကြီးတွေကိုလည်း လှည်းတွေပေါ် ဂရုတစိုက်တင်ကြရသည်။ ဆင်အရုပ်တင်မကသေး။ ဆင်အရုပ်ကပြရာတွင် တီးမှုတ်ရန် ဒိုးပတ်၊ လင်းကွင်း၊ နှဲ၊ ၀ါးလက်ခုပ် အစရှိသည့် တူရိယာပစ္စည်းများကိုလည်း အစုံအလင် ထည့်ယူလာ တတ်ကြပါသေးသည်။
ပွဲတော်ကျင်းပမည့် ကျောက်ဆည်မြို့ပေါ်သို့ သီတင်းကျွတ်လပြည့် မတိုင်မီ တစ်ရက် အဖိတ်နေ့ဆို တစုတဝေးကြီး ရောက်ရှိလာတတ်ကြပါသည်။ ပွဲတော်မှာ နှစ်ရက်သုံးရက်ကြာမည်မို့ လူတင်မက အိမ်ကမွေးသည့်ခွေးပါ လှည်းနောက်ကောက်ကောက်ပါအောင် လိုက်လာတတ်သည်။ ပွဲတော် ကျင်းပမည့် ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင်ခြေအနီးမှ လှည်းဝိုင်းတွေကိုယ်စီ စတည်းချရသည်။ ပါလာသည့် ဆင်အရုပ်ဖြင့် ကမည့်သူတွေ ပြင်ဆင်ရ သည်။ ဆင်ပွဲကျင်းပသည့် ၀င်းအတွင်းမ၀င်ခင် ကျောက်ဆည်ဈေးကိုလည်း သုံးပတ်လောက် ပတ်ကြသည်။ ဈေးဆိုသည်ကမြို့တစ်မြို့၏ အဓိကကျသည့် လူစည်ကားရာနေရာဖြစ်တာမို့ လှည့်လည်ကပြကြခြင်းဖြစ်သည်။ ထိုသို့ကပြသည့်အဖွဲ့တွေကိုလည်း ဆင်ပွဲတော်ဖြစ်မြောက် ရေး စီစဉ်သည့် ရွှေသာလျောင်း ရွှေမုဋ္ဌောဘုရား ဂေါပကအဖွဲ့ကလည်း ဆုငွေတွေ ဘာတွေ ချီးမြှင့်တတ်ပါသေးသည်။ ထိုသို့လှည့်ပတ်ကပြီး ဆင်ပွဲတော်ကျင်းပမည့် ကွင်းအတွင်းဝင်ကြ သည်။ ကွင်းအတွင်းမှာတော့ ဆင်တွေကအပြည့်။ ကိုယ့်ဆင်သူ့ဆင် အပြိုင်ကရင်း နှာမောင်း တွေနှင့်ထိုးမိ၊ ပွန်းတိုက်မိလျှင် စုတ်ပြဲတာမျိုးတွေရှိသည်။ သို့သော်တစ်နှစ်တစ်ခါ ပျော်ရ သည့်ပွဲမို့ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရန်ဖြစ်ခြင်းအလျှင်းမရှိ။ စုတ်ပြဲကာ သုံးမရတော့သည့်ဆင် မြောင်းထဲလွှင့်ပစ်ပြီး ကျန်သည့်ဆင်တွေဖြင့် ကခုန်ပျော်မြူး ကြသည်။ ပွဲတော်လာရင်း မြို့ပေါ်က ကိုယ်နှင့်သိကျွမ်းရင်းနှီးသည့် မိတ်ဆွေတွေဆီ ဆင်တွေဖြင့် ၀င်လည်ကာ ကပြအသုံးတော်ခံပြီး မုန့်ဖိုးပဲဖိုးလည်း တောင်းတတ်ကြပါသေးသည်။
       လပြည့်ကာလမို့ ရွှေသာလျောင်းတောင်ပေါ်နှင့် အနီးတစ်ဝိုက် မှာ လရောင်ကဖြန့်ကြက်ကာ သာနေပါသည်။ ထိုစဉ်တုန်းက သီတင်းကျွတ်ကာလဆိုလျှင် ဆောင်းပီပီသသဖြစ်ကာ နှင်းများပင်ကျနေတတ် သည်။ လရောင်ကလည်း အအေးဓာတ်ကို ပေးသည့်အပြင် ကျောက်ဆည်မြို့မှာ ကုက္ကို၊ မန်ကျည်းအစရှိသည့် သစ်ပင်ကြီးများကြောင့်လည်း ကောင်း၊ မြို့အတွင်းဖြတ်သန်းစီးဆင်းနေသည့် ချောင်းမြောင်းသုံးခုမှလည်းကောင်း အအေးဓာတ်များ ဖြစ်ပေါ်စေသဖြင့် သီတင်းကျွတ်ညသည် ကျောက်ဆည်မြို့အတွက် အေးချမ်းလွန်းလှပါသည်။
ညပိုင်းမှာတော့ ဆင်အလှူပွဲတော် အထိမ်းအမှတ် ကပြဖျော်ဖြေသည့် ကြည့်ချင်ပွဲကို အားပေးကြသည်။ ရွှေသာလျောင်းတောင်ပေါ်မှာ ဆီမီးတွေထွန်းကြသည်။ မီးပုံးပျံတွေလွှတ်ကြသည်။ အချို့ကာလသားတွေကတော့ ကျောက်ဆည်မြို့က ရပ်ကွက်တွေထဲ ကြက်မွေးမြူတတ်သည့်အိမ်မှ တိတ်တဆိတ်ကြက်သွားဆွဲတတ်သည်။ အိမ်ရှင်တွေကသိခဲ့လျှင်လည်း ကလေးတွေ တစ်နှစ်တစ်ခါပျော်ရသည်သာမို့ မသိချင်ယောင်ဆောင်ပေးတတ်သည်။ ရလာသည့်ကြက်ဖြင့် ကြက်သား ကာလသားဟင်းချက်ကာ စားကြသောက်ကြသည်။
သီတင်းကျွတ်လပြည့် နံနက် ခင်းမှာတော့ တောင်ပေါ်ဘုရားဆီ တက်ကာ ဆင်ပုံစံပြုလုပ်ထား သည့် မုန့်ကလေးတွေ သွား  ရောက်ကပ်လှူကြသည်။ ထိုနေ့ မှာ ကြာဆံဟင်းခါး၊ အအေးနှင့် ထမင်း အစရှိသည့် စားဖွယ်စတု ဒီသာ ကျွေးမွေးသူတွေကလည်း အပြည့်၊ တောင်ပေါ်က ဆင်းလျှင် တော့ ရှမ်းပြည်နှင့် မန္တလေးဘက် မှ လာရောင်းသည့် ဒေသထွက် ကုန်တွေ ၀ယ်ယူကြသည်။လပြည့် ညတွင်လည်း ဇာတ်ပွဲကို မိုးအ လင်း အားပေးကြပြန်သည်။ လ ပြည့်ကျော်တစ်ရက် နံနက်ခင်းမှာ တော့ တောသူတောင်သားတွေ ကိုယ့်ရွာကိုယ် လှည်းတွေကိုယ်စီ ဖြင့် ပြန်သွားကြသည်။
ယခုခေတ်ကာလမှာတော့ ကျောက်ဆည်ဝန်းကျင် ကျေးရွာ တွေက ယခင်တုန်းကလို လှည်း တွေဘာတွေဖြင့် မလာကြတော့။ ထော်လာဂျီတဗုန်ဗုန်း ဆိုင်ကယ် တ၀ုန်းဝုန်းဖြင့် ဆင်အလှူပွဲဆီ ချီ တက်လာကြပြီဖြစ်သည်။ သို့ သော် ဟိုယခင်ကလောက် ဆင် ရုပ်တွေအပြိုင်အဆိုင်ချိုးကာ က ပြခြင်းမျိုးတော့မသိမသာ နည်း လာခဲ့သည်။ ဆင်အရုပ်ချိုးဖို့ ငွေ ကုန်ကြေးကျများလာတာလည်း ပါတာကြောင့် မြို့ပေါ်တစ်ဝိုက် လောက်ကသာ ဆင်တွေလုပ်နိုင် ကြတော့သည်။ ယခုကာလမှာ ဆင်ပြိုင်ပွဲတွေပါထည့်သွင်းကျင်း ပလာကြတော့ မြို့ပေါ်ဆင်တွေ က ဘော်ကြယ်တွေဘာတွေဖြင့် ဆင်ကိုလှသထက်လှအောင် ဆင် လာကြသည်။
တစ်နှစ်တစ်ခါ သီတင်း ကျွတ်ပြီဆိုလျှင် ကျောက်ဆည် နယ်သူနယ်သားတွေ ဆင်အလှူ ပွဲသွားဖို့ အားခဲကြသည်သာဖြစ် သည်။ ဆင်အလှူပွဲအားခဲရတာ လည်း အကြောင်းမဲ့သက်သက် တော့မဟုတ်။ အနော်ရထာမင်း က ကျောက်ဆည်နယ်တွင် ဆည် တွေ၊ မြောင်းတွေ အများကြီးလုပ် ပေးသွားခဲ့သဖြင့် စိုက်ရေးပျိုးရေး မှာ အတော်လေးအဆင်ပြေခဲ့ သည်။ ကျောက်ဆည်နယ်မှာ အ နော်ရတာမင်းကျေးဇူးကြောင့် ရေသယံဇာတပေါကြွယ်ဝသဖြင့် စိုက်ပျိုးရေးအထူးကောင်းမွန်ခဲ့ သည်။ နတ်ရေနတ်မြောင်းဟုပင် တင်စားခေါ်ဆိုရသည်အထိ အ ကျိုးပေးခဲ့သည်။
အနော်ရထာမင်းက ယခု ဆင်အလှူပွဲကျင်းပသည့် ရွှေသာ လျောင်းတောင်ပေါ်သို့ စွယ်တော် အားဆင်ဖြင့် ပင့်ဆောင်စဉ် ဆင် ၀ပ်သည့်နေရာ ဘုရားတည်ခဲ့ သည်ဟုဆိုသည်။ ထို့ကြောင့် ကျေးဇူးရှိခဲ့ဖူးသည့် အနော်ရထာ မင်းအား ရည်စူး၍ ဆင်အလှူပွဲ တော် နှစ်စဉ်ကျင်းပလာခဲ့ခြင်းဖြစ် သည်ဟု ရွှေသာလျောင်းရွှေမုဋ္ဌော ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်လေးက ပြောပြခဲ့သည်။
သက်ရှိထင်ရှားမရှိတော့ သည့် မင်းတစ်ပါးအား နှစ်ပေါင်း များစွာကြာသည်အထိ ကျေးဇူး သိမှတ်ကာ ၎င်းအတွက် ကုသိုလ် ကောင်းမှုတွေလုပ်ပေးနေသည် မှာ ကျောက်ဆည်ဆင်အလှူပွဲ တော်၏ အနှစ်သာရတစ်ခုပင်ဖြစ် သည်။ ဟိုယခင်ခေတ်မှာ အနော် ရထာမင်းကတော့ တိုင်းသူပြည် သားများ၏ အကျိုးကို စွမ်းစွမ်းတ မံဆောင်ရွက်ခဲ့သဖြင့် ဆွေစဉ်မျိုး ဆက်တစ်လျှောက် ကျေးဇူးတွေ အထပ်ထပ်အတင်ခံခဲ့ရပါသည်။ ယခုခေတ်မှာတော့ တိုင်းပြည် အုပ်ချုပ်မင်းလုပ်နေသောသူတွေ သက်ရှိထင်ရှားမရှိတော့သည့်အ ချိန်ခေတ္တဖယ်ထား၊ လက်ရှိရှိနေ သည့်အချိန်မှာပင် ပြည်သူ့မေတ္တာ ရဖို့ အတော်ကြီးအခက်သားမ ဟုတ်ပါလား။

Credit – 7daydaily
Aung Myint Myat
ph-256480246

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths