Saturday, September 24, 2016

ရိုးသားမှုဆိုတာ အမြဲတမ်း အပေါင်းရလဒ်တွေပဲ ထွက်တယ် ...





"ဖြောင့်ဖြောင့်မတ်မတ် သွားတဲ့လူတိုင်း ဘယ်တော့မှ လမ်းမပျောက်ဘူး"

အေဗရာဟင် လင်ကွန်း

>> လွန်ခဲ့တဲ့နှစ်အတော်ကြာတုန်းကပေါ့။ ဆော်လမွန် ညီအစ်ကိုကုမ္ပဏီများနဲ့ ပတ်သက်တဲ့ ရာဇ၀တ်မှုတစ်ခုဟာ စာအုပ် ချိုးဖောက်မှုတွေက တစ်ဆင့် ပေါ်ပေါက်ခဲ့တယ်။ လူတွေက အစိုးရက အဲ့ဒီကုမ္ပဏီကို ပိတ်ပစ်မှာကို စိုးရိမ်နေကြရတဲ့အထိ အပြစ်က ကြီးမားခဲ့တယ်။ ကြီးမားတဲ့ ငွေကြေး ဂယက်ရိုက်မှုကိုလည်း ဖြစ်စေခဲ့တယ်။ အဲ့ဒီဆော်လမွန်ညီအစ်ကို များရဲ့ တစ်ဦးချင်း အများဆုံးရှယ်ယာပိုင်ရှင်ဖြစ်တဲ့ ၀ါရင်းဘက်ဖက်ဟာ အစိုးရနဲ့ ကုမ္ပဏီအရှုပ်တော်ပုံကြား ၀င်ရောက်ထိန်းသိမ်းခဲ့ပါတယ်။ သူဟာ ကုမ္ပဏီကို တကယ်လှုပ်ရှားနေသူ မဟုတ်သော်လည်း အနည်းဆုံးတစ်နှစ် အဲ့ဒီကုမ္ပဏီကို တည်ငြိမ်အောင်လုပ်ပေးဖို့ အစိုးရကို ကတိပေးခဲ့ပါတယ်။

ဆော်လမွန်ညီအစ်ကိုများရဲ့ မသမာတဲ့ ကိုယ်စားလှယ်တွော အဲ့ဒီအဖြစ်အပျက်တစ်ခုဆီက ရသွားခဲ့တဲ့ ငွေပမာဏက စာချုပ်တစ်ခုကို ဒေါ်လာ ၂ သိန်းခွဲပါ။ အဲ့ဒီစာချုပ်လိုမျိုး စာချုပ်တွေကိုအရင်သူတို့ တရားဝင်လုပ်ခဲ့တဲ့ အခါတုန်းက ရခဲ့တဲ့ငွေပမာဏက စာချုပ်တစ်စောင်ကို ဒေါ်လာ ၁ သန်းခွဲပါ။ အဲ့ဒီအဖြစ်အပျက်က ကျွန်တော်ငယ်ငယ်က ကျွန်တော့်ကို အမေဆုံးမခဲ့တဲ့ စကားကို ပြန်သတိရစေမိပါတယ်။ သားအမှန်ဆုံးက အကောင်းဆုံးလမ်းပါပဲ တဲ့။

ဝါရင်းဘက်ဖက်ဟာ သူရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကုမ္ပဏီရဲ့ လက်ရှိစတော့တန်ဖိုးနဲ့ သာမက ကုမ္ပဏီရဲ့ အုပ်ချုပ်သူတွေအပေါ် မူတည်ပြီးလည်း လုပ်လေ့ရှိပါတယ်။ သူက လူတွေဟာ လုပ်ငန်းတစ်ခုကို ထူထောင်တယ်။ အဲ့ဒီထူထောင်တဲ့လူတွေမှာ ရိုးသားမှုနဲ့ အရည်အချင်းရှိရင် အဲ့ဒီလုပ်ငန်းအောင်မြင်ရမယ်။ ဆိုတာ သိနှင့်သူပါ။ ဟုတ်ပါတယ်။ ရိုးသားမှုဆိုတာ အမြဲတမ်း အပေါင်းရလဒ်တွေဘဲ ထွက်စေမှာပါ။

(အောင်စည်သာ မြန်မာပြန်ဆိုသည့် ထိပ်ဆုံးသို့အရောက်သွားမည် ဘ၀အောင်မြင်ရေးလျှို့ဝှက်ချက်များ စာအုပ်မှ ...)


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths