Thursday, March 3, 2016

မင်းအတောင်ပံနဲ့ပဲမင်းပျံပါ

ဂရိတွေးခေါ်ပညာရှင်ကြီး ဆိုကရေးတီးရဲ့ စကားတစ်ခွန်းရှိတယ်။ 

သင့်ကိုယ်သင်သိပါ (Know thyself) တဲ့။ တကယ်တော့ အဲဒါဟာ 

သူ့ရဲ့ကိုယ်ပိုင်စကားမဟုတ်ပါဘူးကွယ်။ ဒဲလ်ဖိနတ်ကွန်းမှာ ရေးထား

တဲ့စာသားကို လူတွေအပေါ် ဆုံးမဖို့ သူက ယူသုံးတာပါ။ အခုတော့ 

သူ့စကားအဖြစ်ပဲ တွင်ကျယ်နေခဲ့ပြီပေါ့။ မြန်မာပညာရှိကြီးတစ်ဦးဖြစ်တဲ့ 

သခင်ဘသောင်းကလည်း အဲဒီလို စကားများကို ပြောဖူးတယ်။ 

``ကိုယ့်အကန့်အသတ်ကို ကိုယ်သိပါ´´ (Know thy limit )တဲ့။ 

သားကိုယ်သား သိပါ။ သားရဲ့အကန့်အသတ်ကို သားသိပါ။ 

ကိုယ်လှမ်းမယ့်ခြေလှမ်း၊ ကိုယ်လျှောက်မယ့်ခရီးလမ်း အားလုံးကို 

ချိန်ထိုးပြုလုပ်ပါ။ တတ်နိုင်ရင်… ကိုယ့်အစွမ်းအစနဲ့သာ ကိုယ်တိုင်

ရှင်သန်နိုင်အောင်ကြိုးစားပါကွယ် ...


Credit - တာရာမင်းဝေအမှတ်တရ


.





..



အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths