လူတိုင်းလူတိုင်းကတော့ ဘ၀မှာ ပျော်ရွှင်ချမ်းမြေ့စွာပဲ ဖြတ်သန်းချင်ကြမှာပါ .. ဘယ်သူမဆို စိတ်ညစ်စရာတွေနဲ့ ဘယ်ကြုံချင်မှာလဲနော် ..
ဘယ်လိုပဲဖြစ်ဖြစ် ဘ၀မှာ စိတ်ပျော်အောင် နေနိုင်ဖို့ စိတ်ညစ်စရာတွေ ကြုံလာရင်ဖြတ်ကျော်နိုင်ဖို့ နည်းလမ်းကောင်းလေး ပေးမယ်နော် ..
စိတ်ပျော်စေဖို့ အကောင်းဆုံး နည်းလမ်းကတော့ စိတ်ပျော်မယ့်အရာတွေကို တွေးတောတာ အကောင်းဆုံးပါပဲ။
စိတ်ညစ်စရာတွေကို ဖယ်ထုတ်ပြီး ကိုယ့်အတွက် ပျော်ရွှင်ရမယ့် စိတ်ချမ်းမြေ့အရာတွေကိုပဲ တွေးတော လုပ်ကိုင်ရမှာပါ။
လူတိုင်းဟာ အမြဲတမ်းတော့ အဆင်ပြေနေတယ်လို့ မရှိပါဘူး။ ဒါပေမယ့် အဆင်မပြေမှုတွေနဲ့ ကြုံလာတဲ့အခါ အဲ့ဒီမပြေလည်မှုတွေကို အချိန်အကြာကြီး ကိုယ့်စိတ်ထဲထားမနေဘဲ အမြန်ဆုံး ရှင်းထုတ်ပစ်ဖို့လိုပါတယ်။
စိတ်ပျော်စေဖို့အတွက် ဟာသဇာတ်ကားကြည့်တာ၊ ဟာသစာတွေဖတ်တာ၊ ပျော်ရွှင်ပြီး မြူးကြွတဲ့ သီချင်းတွေကို နားထောင်တာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။
မုန်း (BeeTalk)
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment