၁။ လည်စည်းပ၀ါ
- ငါ မင်းကို ထာဝရချစ်နေပါ့မယ်...မင်းက ငါ့ရင်ထဲမှာ အမြဲရှိနေမှာပါ...
အဆုံးမရှိ ချစ်ခြင်းမေတ္တာ...
၂။ပန်းစည်း
- မင်း နှလုံးသားထဲမှာ ငါ့နံမည်လေး ထားခဲ့ပါရစေ...
ငါ မင်းကိုချစ်တယ်...ကျေးဇူးတင်ပါတယ်...
၃။စာတစ်စောင်
- ငါ မင်းကို အရမ်းလွမ်းနေတယ်...
၎။ဆေးလိပ်
- ငါ မင်းကို မုန်းတယ်...မင်းနဲ့ ပတ်သတ်ပြီး ခံစားချက်မရှိတော့ဘူး...
၅။လက်စွပ်
- ငါ မင်းကို ထာဝရ ပိုင်ဆိုင်ပါရစေ...
၆။ထီး
- ဘယ်လို ကိစ္စမျိုးမဆို ငါ မင်းအတွက် ကာကွယ်ပေးမယ်...
၇။ခါးပတ်
- ငါ မင်းကို ငါ့အနားမှာ ထာဝရရှိစေချင်တယ်...
၈။ပီကေ
- ငါ မင်းနဲ့ အမြဲတူတူရှိချင်တယ်...
၉။ဆံထိုး/ဆံညှပ်
- ကောင်းသောအောင်မြင်မှုရပါစေ...
၁၀။ကြည့်မှန်
- နင် ငါ့ကို မမေ့ပါနဲ့ ၊မှန်ကြည့်တိုင်သတိရနေပေါ့...
မင်းနဲ့ ပတ်သတ်ပြီး ငါ့ခံစားချက်ကို တစ်ချက်လောက်ကြည့်ပေးပါ...
၁၁။ချောကလတ်
- ငါ မင်းကိုချစ်တယ်...
၁၂။မီးခြစ်
- မင်း က ငါ့ရဲ့ အချစ်ဦးပါ...
၁၃။ဘော့ပင်
- ငါ့နှလုံးသားတစ်ခြမ်းကို ဒီ(ဘော့ပင်)ထဲမှာထည့်ထားတယ်...
၁၄။ အယ်လ်ဘမ်
- ငါတို့ အချစ်တွေ ထည့်ထားဖို့ ပေါ့...
၁၅။သော့ချိတ်
- ကံကောင်းပါစေ...
၁၆။ကံကောင်းစေသည့်အဆောင်
- ငါ မင်းရဲ့ သူငယ်ချင်းဖြစ်ချင်တယ်...
၁၇။လက်ကိုင်ပ၀ါ
- ခွဲခွာပြီးနောက်ပိုင်း ပြန်ဆုံမဲ့အချိန်ကို ငါ့စောင့်နေပါ့မယ်...
၁၈။ညအိပ်ဝတ်စုံ
- ငါပိုင်တဲ့အရာအားလုံး မင်းကိုပေးနိုင်ပါတယ်...
၁၉။ဒိုင်ယာရီစာအုပ်
- ငါ့ရင်ထဲ၊အတွေးထဲမှာ မင်းအမြဲရှိနေမှာပါ...
၂၀။အရုပ်
- တစ်ရက်ပြီးတစ်ရက် နေ့ ရက်တွေတိုင်း ငါ့ကိုသတိရပေးပါ...
၂၁။ဖိနပ်
- ငါ မင်းနဲ့ လမ်းခွဲပါရစေ...
၂၂။ပန်းချီကား
- ငါ့တို့ ရဲ့ အတွေးစိတ်ကူးလေးတွေ ထာဝရ ဆက်လက်ခိုင်မြဲပါရစေ...
၂၃။နေကာမျက်မှန်
- ဘယ်သူမှမသိတဲ့ မင်းရဲ့ အကြောင်းတစ်ချို့ ကို ငါသိချင်တယ်...
၂၄။မျက်နှာသုတ်ပ၀ါ
- ငါ မင်းကို နှုတ်ဆက်ဖို့ အချိန်တန်ပြီ လို့ ထင်တယ်...
၂၅။လည်ဆွဲ
- ငါ မင်းကို ငါ့အနားမှာရှိစေချင်တယ်...
၂၆။လက်ပတ်နာရီ
- တွေ့ ဆုံချိန်တိုင်းချစ်ခင်မြတ်နိုးယုယ ကြမယ်နော်...
၂၇။ဆွယ်တာ
- ငါ မင်းအတွက် အမြဲပြင်ဆင် ပေးချင်တယ်...
၂၈။မိုးကာအင်္ကျီ
- ငါ မင်းကို အမြဲ ဂရုစိုက်ချင်တယ်...
၂၉။ဖုန်းကဒ်
- ဘယ်နေရာဖြစ်ဖြစ်၊ဘယ်အချိန်ဖြစ်ဖြစ် မင်းအသံလေးကို
အမြဲကြားချင်တယ်...
၃၀။ရေမွှေး
- အမြဲ ငါ့ကို သတိရနေနော်...
Credit - အသဲပန်းလေးတွေနဲ့ ဆောက်ထားတဲ့အိမ်

အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment